Obeisance ကန်တော့ခြင်းအမှု

မြန်မာပြည်မှာလို ကန်တော့ခြင်းအမှုနဲ့ တိတိကျကျတူတာ တခြားမှာ မရှိပါ။ သူများတွေဆီမှာ လက်ဆောင်ပေးတဲ့ သဘောသာ များတယ်။

မြန်မာပြည်မှာ ဘာသာရေးအရရော ယဉ်ကျေးမှုအရပါ ကန်တော့ကြတယ်။ ရတနာသုံးပါး၊ အနန္တငါးပါး၊ သက်ကြီးရွယ်အိုများကို လက်အုပ်ချီပြီး ကန်တော့ကြတယ်။ ထိခြင်းငါးပါးလို့လည်း သင်ကြာပေးတယ်။

စင်ပေါ်ကနေ ဖျော်ဖြေကြတဲ့ အနုပညာရှင်တွေကလည်း ပရိသတ်ကို လေးစားသမှုနဲ့ လက်အုပ်ချီကြပါတယ်။

ကျွန်တော့်လက်ရှိအဖြစ်က တမျိုး။ မေးခွန်းတွေမှာ ကန်တော့ပါနဲ့စရတာက တဝက်ကျော်လောက်ပါတယ်။ မျိုးပွားလမ်းနဲ့ အညစ်အကြေးနဲ့ ဆိုင်တာတွေ ဖြေရတဲ့အခါ။

ကျွန်တော်ရေးနေရတဲ့ ကန်တော့ပါက တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပါသဘောဖြစ်ပါတယ်။ အင်္ဂလိပ်လို Pardon စာလုံး သဘောဖြစ်တယ်။ အပြစ်လွှတ်ပါလို့ ဆိုလိုပါတယ်။

Proskyneo ခေါ်တဲ့ ဂရိစာလုံးကို ခရစ်ယန်ကျမ်းစာထဲမှာ ခရစ်တော်ရှေ့မှာ ဦးနှိမ်ချခြင်း၊ ကိုးကွယ်မှုပြုခြင်းလို့ သုံးနှုံးပါတယ်။

ကျွန်တော့်အရင်အဖြစ်က တမျိုး။ ပြည်ပနိုင်ငံရေးလုပ်နေစဉ်က အခမ်းအနားတွေမှာ သဘာပတိအဖွဲ့နဲ့ သက်ကြီးပူဇော်ပွဲမှာ တခြားပုဂ္ဂိုလ်တွေနဲ့ အတူတွဲထိုင်ရတတ်တယ်။ ကျွန်တော်က စာရင်းဖတ်ကြည့်ပြီး တခါတခါ မတက်ခဲ့ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး