ဘုရားခန်းပုံကို သူ့သမီးဆီပို့လိုက်ပါဦးဆိုလို့

ကျွန်တော်တို့က အိမ်တွေအမျိုးမျိုးမှာနေခဲ့ရတာ ရေတွက်လို့တောင်မရပါ။ ပုလဲအိမ်ကလေးက ထွက်လာကတည်းက အိမ်ငှားတွေမှာသာ နေရတာ။ အခုအိမ်ကတော့ သမီးတို့အိမ်။ ဘုရားခန်းလေးပါရှိတယ်။ သူ့အမေက သဘောကျတယ်။

ကျွန်တော်ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ခဲ့တဲ့ စာကြည့်ခန်းကတော့ အခုထိဖြစ်မလာပါ။ ကိုးတန်း ဆယ်တန်း လောက်တုန်းက ငါကြီးလာရင် အိမ်မှာ စာကြည့်ခန်းထားမယ်။ စာကြည့်ခန်းကြမ်းပြင်ကို ပုံမှန်အခင်းထက် နည်းနည်းလေး နှိမ့်ထားမယ်။ ကိုယ့်ကိုယ်ကို နှိမ်ချတဲ့သဘော။

သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံးခြုံ၊ မတတ်တုန်လည်း၊ တစုံတခု၊ တတ်အေင်ပြု၍၊ လူမှုကုန်အောင်၊ စီးပွားဆောင်လော့၊ ညဥ့်မှောင်ရောက်ဘိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဘို့၊ အတတ်ချို့မူ၊ သူတို့ပြစ်တင်၊ ကဲ့ရဲ့မြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊     ၊ အိုသော် သူမရယ်စေမင်း။

စာဖတ်ရသူအားလုံး ကုသိုလ်ဆီမီး၊ ပညာဆီးမီးရောင် ထွန်းပြောင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး