စားစရာ ယဉ်ကျေးမှု

ကောက်ညှင်းနဲ့ ငါးခြောက်။ နှမ်းကို ကျွန်တော်က တခါတလေမှသာစားလို့ နေကြာစေ့လှော် (ဒီမှာက အခွံ သင်ထားပြီးသား) ကို ထောင်းပြီးအပေါ်က ဖြူးထားတာ။ မွှေးပြီး ကောင်းတယ်။ ခဏနေတော့ ဗူးသီးကြော်ပန်းကန် ရောက်လာတယ်။ ဓါတ်ပုံရိုက်ချင်လာတယ်။ စားလက်စ အစားအသောက်ပုံအတွက် ကန်တော့ပါ။

သူများကို စားစရာကျွေးရင် အကျန်ကို မကျွေးရပါ။ မစားခင်ကတည်းက လူကြီးကို ဦးချထားရတယ်။ လက်ဆောင်ပေးရင် အသစ်ဖြစ်ရတယ်။ ဖေ့စ်ဘွတ်မှာ စားသောက်နေတဲ့ပုံတွေ တင်ကြတယ်။ တဝက်တပျက်၊ စားကြွင်းစားကျန်ပုံတွေက မဆီလျော်ပါ။

မနှစ်ကပုံသာဖြစ်ပါတယ်။ မနက်မှာဘာလာမလဲ မသိ။ နတ်တော်ပဲကို ရေစိမ်ပြီး စစ်ထားတာမြင်ထားတယ်။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၇
၁-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး