Diabetes ဆီးချို အချုပ်

ပုံမှာမြင်ရသလို ကျား-မ မရွေးဖြစ်တယ်။ အသက်အရွယ် မရွေးပါ။ တချို့မှာ ရှိလို့ ရှိနေမှန်း မသိကြပါ။

ရှိလာရင် ဘယ်လိုမှ မခံစားရသေးပါ။ ရေငတ်မယ်။ အာခေါင်ခြောက်မယ်။ အစာပိုစားချင်လာမယ်။ ဆီးပိုသွားမယ်။ ကိုယ်အလေးချိန် ပြောင်းလာမယ်။ ကြာလာရင် ခေါင်းကိုက်မယ်။ မျက်စိကြည့်မကောင်း။ အားယုတ်လာမယ်။

ထိခိုက်ဒဏ်ရာ တော်တော်နဲ့ မပျောက်။ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်မယ်။ အရေပြားယားမယ်။ အိမ်ထောင်ရှိယောက်ျား အတူနေတာ အားနည်းလာမယ်။ အမျိုးသမီးဆိုလည်း မျိုးပွါးလမ်းမှာ ခြောက်သွေ့နေမယ်။

အမျိုးသမီး ကိုယ်ဝန်ဆောင်စဉ်ရတဲ့ဆီးချိုရောဂါရှိတယ်။ ကလေးထွားမယ်။ မွေးဖွးပြီး ဆီးချိုဆက်ရှိနေတတ်တယ်။ မျိုးဥအိမ်မှာရေအိတ်လေးတွေ ဖြစ်နိုင်တယ်။

သွေးစစ်ရင် သိမယ်။ A1c test စစ်ရတယ်။ လွန်ခဲ့တဲ့ ၂-၃ လက သကြားဓါတ်ပျမ်းမျှအမြင့်ကို သိလာမယ်။

စားဆေးတွေရှိတယ်။ Insulin အင်စူလင်ထိုးဆေး လိုသူ ထိုးနေရမယ်။ အင်စူလင်မဟုတ်တဲ့ထိုးဆေးလည်း ပေါ်နေပြီ။ သကြားဓါတ် စစ်ဆေးနေပါ။

နှလုံးနဲ့ သွေးကြောတွေမှာ နောက်ဆက်တွဲဖြစ်လာနိုင်တယ်။ Atherosclerosis ခေါ်သွေးလွှတ်ကြောကျဉ်းလာတတ်တယ်။ ဆီးချိုရှိနေသူ ၃ ယောက်မှာ ၂ ယောက်က နှလုံးရောဂါနဲ့ ဆုံးပါးကြတယ်။

ကျောက်ကပ်ကိုလည်း ထိခိုက်လာနိုင်တယ်။ မျက်စိကိုလည်း ထိခိုက်လာနိုင်တယ်။ အာရုံကြောတွေ ထိခိုက်လာနိုင်တယ်။ အနာဖြစ်ရင် မပျောက်နိုင်ပါ။ တချို့ ခြေမ ခြေထောက် ဖြတ်ရတော့တယ်။ သွားနဲ့ သွားဖုံးလည်း ဂရုစိုက်နေပါလေ။

အစားအသောက်ကနေ သင့်ရောဂါကို ပြောင်းစေနိုင်တယ်။ ချိုတာတွေ မတည့်။ ကဇီဓါတ် ခေါ် ကာဗွန်ဟိုက်ဒရိတ်ပါ အစားတွေ မတည့်။ ကယ်လိုရီ နည်းပါစေ။

ကိုယ်လက်လှုပ်ရှားမှု ကောင်းတယ်။ ပုံမှန်နဲ့ အသင့်အတင့်။ တနေ့ မိနစ် ၃၀။ တပတ်မှာ အနည်းဆုံး ၃ ရက်။ စိတ်ဖိအား နည်းလေ ကောင်းလေ။

ဆီးချိုရှိလျက် အသက် ၁၂၀ ရှည်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး