မင်္ဂလာ

မြန်မာစာနဲ့ရေးတဲ့ နှစ်သစ်ကူးဆုတောင်းစာတွေမှာ သတ်ပုံမှန်တာ ခပ်ရှားရှား။ တကို တစ်မလုပ်တာ တခုတိတိ တွေ့လိုက်တယ်။ အဲတာမှာ လျှင်လို့ရေးရမှာကတော့ လျင်ဖြစ်နေတယ်။

လျင်
ငလျင်တော်လည်း
လျင်မြန်
လျင်လျား (ရင်ရှားသံထွက်)
သံလျင်မြို့
အလျင် (အရင်သံထွက်) နှစ်က
အလျင်စလို
အလျင်လို လမ်းအိုလိုက်
အလျင်အမြန်
အလျင်အဦး
အလျင်နှစ်
ကောက်လျင်
ဆောလျင်စွာ
မြေငလျင်

လျှင်
ဆိုလျှင် (ရင်သံထွက်)
တလလျှင်
လာလျှင်
သွားလျှင်
သူလာလျှင်တွေ့မည်
ပြောလျှင်

တကို မလိုအပ်ပဲ တစ်မရေးတဲ့ ဆုတောင်းစာကို နှစ်သစ်ကူးမှာတွေ့ရတာ မင်္ဂလာ။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး