Independence Day Monument လွတ်လပ်ရေးကျောက်တိုင်

တိုင်းပြည်လွတ်လပ်ရေးက ကျွန်တော့်ထက် ရှစ်လကြီးတယ်။ တိုင်းပြည်လွတ်လပ်ရေးထက် အသက်ကြီးတာက ပြည်တွင်းစစ်။

ကျွန်တော့်မိဘတွေဟာ ရောင်စုံသူပုန်လို့ ပြောလေ့ရှိတဲ့ခေတ်မှာ တောကနေ မြို့ပြောင်းနေရတယ်။ ကျွန်တော်က ပါလီမန်ဒီမိုကရေစီခေတ်မှာ ကျောင်းသားဖြစ်ပြီ။ တပါတီဆိုရှယ်လစ်ခေတ်မှာ ဆရာဝန်ဖြစ်တယ်။ စစ်အစိုးရခေတ်မှာ နိုင်ငံရေးလုပ်တဲ့သူဖြစ်လာတယ်။ အဲသည်ကတည်းက တိုင်းပြည်တွေ ပြောင်းပြီးနေရတယ်။

ကျွန်တော်လည်း အသက်ကြီးပြီ။ လွတ်လပ်ရေးလည်း အသက်ရင့်လာပြီ။ ပြည်တွင်းစစ်ကတော့ အိုသေးပုံမရ။

လွတ်လပ်ရေးကျောက်တိုင် ရွှေချမခံလိုက်ရတာ တော်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး