ဖြစ်ပါစေသတည်း

ပုံကို ဖေ့စ်ဘွတ်မှာ အခုပဲတွေ့တယ်။ အင်လာ အစစ်လာ မသိ။ ခုနှစ်လည်း မသိ။

ပုံအစစ်ဆိုရင် အင်နယ်လ်ဒီ နာမည်ပျက်တယ်။ ရမည်းသင်း နာမည်ပျက်တယ်။ မြန်မာစာ နာမည်ပျက်တယ်။ ကထိန် နာမည်ပျက်တယ်။ ဘာသာရေးပါ နာမည်ပျက်တယ်။

စုပေါင်းလယ်ယာ၊ စုပေါင်းသမဝါယမ စတဲ့စုပေါင်းဝေါဟာရကို ဆိုရှယ်လစ်ခေတ်မှာ တွင်တွင်သုံးခဲ့တယ်။ မြန်မာစာကို သတ်ပုံပြင်တာလည်း အဲဒီခေတ်ကစတယ်။ အမိန်န့်နဲ့ ပြင်ထားသလိုသာ ရေးခိုင်းတာက စစ်အစိုးရခေတ်ကစတယ်။

အခုလည်း အတိအကျလိုက်နာကြတယ်။ တကိုတစ်လုပ်ရင်ပြီးရော၊ ကျန်တာဘယ်လိုရေးရေး။ ဆိုင်းဘုတ်မှာရေးလည်း ရတယ်။ အင်နယ်လ်ဒီခေတ်မှာ မြန်မာစာဟာ ဆိုရှယ်လစ်ခေတ်နဲ့ အတူတူပဲ။ စစ်အစိုးရခေတ်နဲ့ အတူတူပဲ။

ခေတ်အမှား မဟုတ်၊ ဓါတ်ပုံအမှားသာ ဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂၀၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်