Questions on 27-12-2018

ရမ်းကုထက်ဆိုးတယ်

လူကြီးမင်းရဲ့ ဆေးနည်းကို ဖျက်ပါမယ်။ အဲလို သံယောင်လိုက်ပြီးပေးတဲ့ဆေးနည်းဆိုတာ ရမ်းကုထက်ဆိုးတယ်။

အဲလိုကိုယ်ပိုင်ဆေးနည်း ကိုယ့်နေရမှာသာရေးပါရန်လို့ ဆယ်ခါထက်မနည်းရေးတင်ထားတယ်။

https://www.facebook.com/sankosankoaugust

အရပ်ဆေးနည်သာသိလိုသူတွေက ဆရာဝန်ရေးတာကို လာမဖတ်ကြပါ။ လူကြီမင်းဆေး ရောင်းရမှာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

No Wishes နာတာရှည် ကူးစက်ရောဂါ

နှစ်သစ်မှာ ငွေကိုပေး၍မကုန်လှူ၍ မခန်းလိုသမျှသုံးနိုင်ကြပါစေ။

No Wishes နာတာရှည် ကူးစက်ရောဂါ https://doctortintswe.blogspot.com/2018/10/no-wishes.html
No Wishes ပိုးဖေါက်တဲ့အသီးကို ဆွမ်းတော်မတင်သင့် https://doctortintswe.blogspot.com/2018/09/no-wishes.html
No Wishes ဆုတွေ မလိုချင်ပါ https://doctortintswe.blogspot.com/2017/12/no-wishes-messages.html
Never Send နောင်တသက်လုံး အဲလိုဟာတွေ မပို့စေလိုပါ https://doctortintswe.blogspot.com/2018/08/never-send.html
Fed Up With Wishes ဆုတောင်းစာတွေ မလာပါစေနဲ့လို့ ဆုတောင်းပါတယ် https://doctortintswe.blogspot.com/2018/04/fed-up-with-wishes.html

ဒေါက်တာတင့်ဆွေ

မေးစည်းကမ်း တတိယအကြိမ်ပို့လိုက်တယ်

(ကန်တော့)

TUE 1:44 AM
Hi ဆရာ တစ်ခုလောကိမေးလို့ရမလားဗျ

WED 12:48 AM မေးစည်းကမ်းပို့လိုက်တယ်။

5:04 AM
ကောင်းမလေးနဲ့ အတူနေချင်တာ ကွိုင်ပါတယ်ဗျ ကလေးရလောက်လား

WED 12:48 AM မေးစည်းကမ်းထပ်ပို့လိုက်တယ်။

9:44 AM
ဟူတ် မေးတာလေးဖြေပေးပါ့လား

WED 12:48 AM မေးစည်းကမ်း တတိယအကြိမ်ပို့လိုက်တယ်။

ဒေါက်တာတင့်ဆွေ

ESR ဆိုတာ

ဆရာရှင့် အသက် ၃၀ ကိုယ်ဝန် ၆ လပါ ESR ဆိုတာစစ်ရပါတယ် အဖြေက 15 ပါ အဲ့ဒါဘယ်လိုဖြစ်နိုင်ပါလဲဆရာ

ပုံမှန်
ESR ဆိုတာ https://doctortintswe.blogspot.com/2014/11/esr.html

ဒေါက်တာတင့်ဆွေ

အသက် ကျားမ အချက်အလက် မစုံတာမှန်သမျှ ဖြေမရ

TUE 10:49 PM
Hi ဆရာ VDRLက Reactive Dil(1:2) ဆိုတာ ဘာကိုပြောတာလည်းဗျ

WED 4:39 PM
မေးစည်းကမ်းထပ်ပို့လိုက်တယ်။

WED 8:26 PM
ဆရာ အဲအဖြေကဘယ်လိုလည်း နိုင်ငံခြားသွားလို့ရလား

1:08 AM
ဖြေပေးပါလား ဆရာ စိတိပူရလား စိတိပူတ်ဲအပိုင်းမှာ ရှိပါသလား

ဖြေရန်မရှိ။ ဆောရီး။
အသက် ကျား-မ အချက်အလက် မစုံတာမှန်သမျှ ဖြေမရ။
အလုပ်ရမရ တိုင်းတပါးသွားရ မရ ဆိုတာတွေကို ဆရာဝန်က မသိ။

ဒေါက်တာတင့်ဆွေ

Uterine Fibroid သားအိမ်အလုံး

(ကန်တော့)

ကျွန်မအသက် ၃၉နှစ်ပါ အပျိုဖြစ်ပါတယ်ရှင့် ကန်တော့ပါဆရာ ရာသီသွေးလဲမှန်ပါတယ်ရှင့် ရာသီလာချိန်တွင်လဲနာခြင်း အောင့်ခြင်းမရှိပါဘူး ၁၀လပိုင်းလောက်က ဆီးစပ်တွေတစ်ဆစ်ဆစ်နဲ့ကိုက်လို့ ဆေးခန်းပြတာ USG ရိုက်တာ သားအိမ်မှာအသားလုံး ၂လုံးနဲ့ ရေအိတ်ရှိတယ်လို့သိရပါတယ်ရှင့် EVE 500 သောက်ခိုင်းပါတယ်ရှင့် သိချင်တာက ထိုအသားလုံးတွေကဆေးသောက်ရင် သေးသွားနိုင်ပါသလားရှင့် ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာ လမ်းညွှန်မှုပြုပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်ရှင့်

Uterine Fibroid သားအိမ်အလုံး https://doctortintswe.blogspot.com/2018/10/uterine-fibroid.html
Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း https://doctortintswe.blogspot.com/2014/10/fatty-liver-disease-fld.html

မျိုးဥအိမ်မှာလည်း ရေအိတ်ရှိနေ။ အရွယ်အစား မသိ။ အရေအတွက် မသိ။ မေးခွန်းပါဆေးနဲ့ ထူးမယ်တော့ မထင်။ ဆောရီး။ ရာသီမှန်နေတာ ကောင်း။ အနာအကိုက်သက်သာဆေး လိုတဲ့အခါ သောက်နိုင်။ ကင်ဆာ မဟုတ်။ ကင်ဆာကို မပြောင်း။

Dr. တင့်ဆွေ

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း

(ကန်တော့)

မင်္ဂလာပါရှင့် အမျိုးသမီး ၄၀ လက်ထပ်ပြီ အတူနေတာ ၆လကျော်ရှိပါပြီ ကလေးလိုချင်လို့ ဘာဆေးတွေ သောက်ရမလဲ ပြောပြပေးပါဆရာ မပြဘူး မစစ်ဘူးပါ  အမျိုးသားအတွက်ဆေး အမျိုးသမီးအတွက်ဆေး နှစ်ခုစလုံးပြောပြပေးပါရှင့် ရာသီ တလတခါ ပုံမှန် လာပါတယ် လက်ထပ်ပြီ အတူနေစကနေ ယခုအချိန်ထိ ဘာတားဆေးမှ မသောက်ပါ ကလေးရအောင်ဆိုပြီ ဘာဆေးမှလဲ မသောက်ဖူးသေးပါ

ရာသီ လမှန်နေသူ၊ မျိုးဥလည်းထွက်နေသူ ကိုယ်ဝန်ရနိုင်။ သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ အလုံးအကျိတ် မရှိရ။ အားလုံးကို စစ်ဆေးရင် သိနိုင်။ အိုဂျီ ပြသင့်။

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း https://doctortintswe.blogspot.com/2015/10/facts-to-get-pregnant.html

Dr. တင့်ဆွေ

Syphilis Treatment ဆစ်ဖလစ်

(ကန်တော့)

ကျား အသက် 24 လူလွတ် Syphilis ရှိပါသည်။ ခြေလက်၊ အဆစ်အမြစ်နှင့် ခါးနာ။ ခြေသည်းလက်သည်းပူ။ ဝမ်းဗိုက်အထက် ရင်ဘတ်အောက် တစ်ခါတရံနာ။ Doxacil 100mg twice per day တလခွဲနီးပါးသောက်ထားပါသည်။ အနာမရှိပါ။ ဆီးတော့ပူသည်။ မသက်သာပါ။ Doxycycline နှင့် allergic မရှိလျှင် Benzathine Penicillin ထိုးလို့ရပါသလားခင်ဗျ Penicillin တော့ တစ်ခါမှမထိုးဖူးပါ။ အပျော်အပါးမလိုက်စားပါ။

Syphilis Treatment ဆစ်ဖလစ်အတွက်ဆေးများ https://doctortintswe.blogspot.com/2014/12/syphilis-treatment.html

Dr. တင့်ဆွေ

Menstrual Suppression ရာသီကိုပြောင်းစေနည်း

(ကန်တော့)

ဆရာ မင်္ဂလာပါရှင့် သမီးက့ တယောက်ပါ သမီး နောက်အပတ်ကျရင် တနှစ်တခါ ရေကူးပြန်စစ်ရတဲ့အချိန်ရောက်မှာပါ နောက်တပတ်ထဲမှာ ပဲ menstruation ရက်မို့ ရေကူးစစ်ရင် အနှောင့်အယှက် မဖြစ်ရအောင် ရာသီကို ဘယ်လို တားဆီးရမလဲရှင်

Menstrual Suppression ရာသီကိုပြောင်းစေနည်း https://doctortintswe.blogspot.com/2014/11/menstrual-suppression.html

အခုလို တစ်တွေပြင်စရာမလိုတဲ့မေးခွန်းမျိုးက ခပ်ရှာရှား။

Dr. တင့်ဆွေ

Vitiligo ခရုသင်း

ဆရာ မင်္ဂလာပါရှင့် သမီး အသက် ၂၁ အပျိုပါ သမီးအရေပြားမှာ အဖြူရောင်အကွက်လေးဖြစ်နေလို့ ခရုသင်းလားဆိုပြီး အရမ်းစိုးရိမ်နေပါတယ်ဆရာ..အဖြူရောင်ကွက်လေးဖြစ်နေတာ တစ်နှစ်ကျော်ပါပြီဆရာ ကြီးလည်းမကြီးလို့ ဆေးခန်း မပြမိတာပါ ကျေးဇူးပြု ၍ သမီးကို ခရုသင်းနဲ့ပတ်သတ်တဲ့ပြီး ဆေးဝါးလေးညွှန်ပြပေးပါလားရှင့်

Leukoderma (Vitiligo) သို့မဟုတ် ခရုသင်း https://doctortintswe.blogspot.com/2015/02/leukoderma-vitiligo.html

ခရုသင်း ဟုတ် မဟုတ် မသိ။ အရပ်ဆေးတွေ မသင့်။

Dr. တင့်ဆွေ

တမင်တကာပို့သလား စဉ်းစားရတယ်

ဆုတောင်းစာတွေ မပို့ပါရန်အောက်မှာ ဆုတောင်းစာပို့လာတယ်။ ဖျက်ပါမယ်။ တမင်တကာပို့သလား စဉ်းစားရတယ်။

နောင်တသက်လုံး အဲလိုဟာတွေ မပို့ပါရန်။

Dr. တင့်ဆွေ

Sinusitis ဆိုင်နူဆိုက်တစ်

နှာခေါင်းဓာတ်မှန် result ပါ။ စာလုံးဆက်ရေးထား၍မဖတ် တတ်လို့ပုံပို့ပါရစေ။ ကျေးဇူးတင်ပါတယ်ဆရာ။

Sinusitis ဆိုင်နူဆိုက်တစ် https://doctortintswe.blogspot.com/2014/11/sinusitis.html

Dr. တင့်ဆွေ

အမျိုးသမီးများ မေးခွန်း

(ကန်တော့)

၁။ မင်္ဂလာပါဆရာ။ သမီးအသက် ၂၀ပါ။ အပျိုပါ ဒီလရာသီလာဖို့ ၁ပတ်လောက်နောက်ကျနေလို့ပါ အန္တရာယ်ရှိပါသလားဆရာ။

အတူနေ မသိ။ မေးနည်းစည်းကမ်း ပို့လိုက်။

အတူမနေပါဘူးဆရာ အရင်လက ရာသီက ၂ရက်လာပြီးပျောက်သွားပါတယ်ဆရာ အခုလ လာမဲ့ရက်ထပ် ၁ပတ်လောက်နောက်ကျနေလို့ပါဆရာ အန္တရာယ်ရှိပါသလားဆရာ

စောင့်နိုင်။

၂။ အသက် ၃၁ မ ရာသီပုံမှန်မရှိ သွေးအားကောင်းသောလမှသာပေါ်တက် (လေးလ တခါ ငါးလတခါ) အိမ်ထောင်ရှိ ညာပေါင်ရင်းအထက် မအင်္ဂါခုံအပေါ် ညာဖက်ထောင့် စူးအောင့်ပါတယ် ဆရာရှင့် ထိုင်နေရင်ကောင်းပါတယ် လမ်းလျောက်လိုက်တာနဲ့ စူးပြီးအောင့်လာပါတယ် စမ်းသလောက် အကြိတ်ပုံစံတော့မတွေ့ရ ကြာကြာလမ်းမလျောက်နိင် ငယ်စဉ်ကတည်း ကခါးအကြောညပ်ရှိ ခါးကလှန်ချိုးလို့ အဆစ်သံမြည်မှကောင်းကောင်းထိုင်နိုင် အခုကြာကြာ လမ်းမလျောက်နိင်တော့ပါ လျောက်တာနဲ့ စူးပြီးအောင့်ပါတယ်

အိုဂျီ ပြသင့်။ သားအိမ်နေရာ အာထွာဆောင်းရိုက်သင့်။ ဆရာဝန်က ညွှန်ပါမယ်။

Dr. တင့်ဆွေ

အမျိုးသားများ မေးခွန်း

၁။ ဆရာ အသက် ၄၅နှစ် ကျားပါ အိမ်ထောင်ရှိပါတယ် ခေါင်းခဏခဏမူးပါတယ် ဘာဆေးသောက်ရမလဲဆရာ ကျန်းမာရေးအတွက်လဲ အားဆေးသောက်ချင်ပါတယ် ဘာဆေးသောက်ရမလဲ

သွေးတိုး မသိ။ ဆီးချို မသိ။ မူးပုံမူးနည်း မသိ။ အားဆေးစာခဏခဏတင်ထား။ အားနည်းလို့မူးတာ ဟုတ် မဟုတ် မသိ။

၂။ ဆရာ ဆီးသွားတိုင်းဆီးကျန်နေတာ ဘာဖြစ်လို့လည်းဗျာ နောက်ပြီးကျနော်မှာဆီးကြောက်တယ်နေတယ်ဗျာဆီးကြောက်ပျော်ဆေးသောက်တော့လည်းရှင်းရှင်းမပြောက်ဖူးဗျာ ဘာဆက်လုပ်ရမလည်းဆရာ

အသက် မသိ။ ကျနော်ဆိုလို့ ယောက်ျားလို့သိ။ ဆီးလမ်းမှာ ကျောက်ကဘယ်နေရာမှာရှိသလဲ မသိ။ ဆေးဆိုတာ ဘာဆေးလဲ မသိ။ ဆီးကျောက်လို့ရေးသင့်။ ပျောက်လို့ရေးရတယ်။ သတ်ပုံကြောင့် မဖြေတာ မဟုတ်။

Dr. တင့်ဆွေ

Pregnancy test ကိုယ်ဝန် စမ်းသပ်နည်း

မင်္ဂလာပါ ဆရာရှင့် သမီးအသက်၂၆ပါ ဒုတိယကိုယ်ဝန်ကို လွန်ခဲ့တဲ့နှစ်ပတ်တနင်္လာနေ့ကသားအိမ်ခြစ်ခဲ့ရပါတယ် အာထရာဆောင်းရိုက်တာ ကလေးကမဖွံဖြိုးပဲအသက်ရှုသံမကြားရဘူးဆိုပီးပါ အထဲမှာသွေးလုံးလည်းရှိနေတယ်ပြောပါတယ် သမီးမေးချင်တာခု နှစ်ပတ်ထိ ဆီးစစ်တံနှစ်ကြောင်းပေါ်နေတာရယ် ကိုယ်ဝန်ဆောင်ဟော်မုန်းအော့အန်ချင်တာတွေဖြစ်နေလို့ပါ ဘာများဖြစ်နိုင်လည်းရှင့် ကင်ဆာတွေဘာတွေဖြစ်မှာသမီးအရမ်းကြောက်လို့ပါ ပြန်ဖြေပေးပါမော်

ကိုယ်ဝန် ရှိနေသူ + ပျက်သွားသူ + ဖျက်လိုက်သူတွေမှာ ဆီးစစ်ရင် + ပြနေမယ်။ ဟော်မုန်းစမ်းမရအောင် နည်းသွားမှသာ - ပြမယ်။ ကင်ဆာကို Pap smear test နဲ့စစ်မှသာ သိမယ်။ အာထွာဆောင်းရိုက်စဉ်ကလည်း ကင်ဆာသံသယရှိရင် မှတ်ချက်မှာ ရေးထားမယ်။

Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း https://doctortintswe.blogspot.com/2014/11/pregnancy-test.html

Dr. တင့်ဆွေ

To Get Pregnant သားသမီးလိုချင်သူ

မင်္ဂလာပါဆရာ ကျမက အသက် ၄၁နှစ်ပါရှင့် အိမ်ထောင်ယူရင် ကလေးရနိုင်သေးလားလို့ရှင့် မိသားစုမျိုးရိုးကတော့ ကလေးတွေအများကြီးရကြတယ် ကျမ အိမ်ထောင်ပြုရင်ကော ကလေးရနိုင်သေးလားလို့ရှင့် ကလေးယူမယ်ဆိုရင် ဘယ်လို အစားအစာကို အများကြီးသုံးဆောင်ရမလဲ နောက်ဘယ်လိုဆေးမျိုးတွေ ကို သောက်သုံးသင့်လဲ မေးချင်လို့ပါ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ

ရာသီ လမှန်နေသူ၊ မျိုးဥလည်းထွက်နေသူ ကိုယ်ဝန်ရနိုင်။ သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ အလုံးအကျိတ် မရှိရ။ အားလုံးကို စစ်ဆေးရင် သိနိုင်။ အိုဂျီ ပြသင့်။

To Get Pregnant သားသမီးလိုချင်သူများ၏ မေးခွန်းများ https://doctortintswe.blogspot.com/2018/04/to-get-pregnant.html
Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း https://doctortintswe.blogspot.com/2015/10/facts-to-get-pregnant.html

Dr. တင့်ဆွေ

Folic acid ဖေါလစ်အက်စစ်

Hi မင်္ဂလာပါဆရာ အိမ်ထောင်သည်ပါရှင့် Folic acid သောက်ရင် ဆိုးကျိုးနဲ့ကောင်းကျိုးပြောပြပေးလို့ရမလားရှင့် အခု တနေ့တလုံးသောက်နေလို့ပါရှင့်

အသက် မသိ။ ဖောလစ်အက်စစ်ကို ဘာအတွက်သောက်လို မသိ။

Folic acid ဖေါလစ်အက်စစ် https://doctortintswe.blogspot.com/2014/11/folic-acid.html

Dr. တင့်ဆွေ

ဆရာရှင့် အသက် 38 နှစ် အိမ်ထောင်သည်အမျိုးသမီး ဆီးခဏခဏသွားချင်၊ သွားပြီးတိုင်း မသွားရသေးသလို ခံစားနေရပါတယ် နှစ်ပတ်လောက်အတွင်းသိသိသာသာပိုခံစားလာရပါတယ် ဆေးခန်းမပြရသေးပါ UTI များ ဖြစ်နိုင်မလားရှင့် သားဦးမွေးတုန်းကတော့ blood sugar များတယ်ဆိုပြီး ညစာမစားခဲ့ရပါဘူး ဆီးချို ဖြစ်နိုင်ပါလားရှင့်။

Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://doctortintswe.blogspot.com/2016/06/women-and-urinary-tract.html
Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို https://doctortintswe.blogspot.com/2015/12/gestational-diabetes.html

Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၈

Coughing and Children ကလေးတွေချောင်းဆိုးရင်

မင်္ဂလာပါဆရာ ကျွန်တော့်သား အသက် ၄နှစ် ပါ လွန်ခဲ့တဲ့ ၄ လလောက်က အမြင့်ကပြုတ်ကျလို့ ဦးခေါင်းထဲမှာ သွေးယိုလို့ ခွဲစိတ် ထားရပါတယ် ယခု ပုံမှန်ကလေးလိုပဲ နေကောင်းနေပါတယ် လွန်ခဲ့တဲ့ တလလောက်ထဲက ချောင်းဆိုးတာ ယခုထိ မသက်သာ သေးပါ ဆေးခန်းလည်း ပြပါတယ် ဆက်တိုက် ချောင်းဆိုးတာမဟုတ်ပဲ တရက်ကို နှစ်ကြိမ်လောက်ဆိုးပါတယ် ပုံမှန် ဆရာဝန် ပေးထားတဲ့ ဆေးတွေလည်းတိုက်ပါတယ် မသက်သာ သေးလို့ စိုးရိမ်လို့ပါ ဘယ်လိုများ ကုသရမလည်းဆိုတာ ဆရာ့ဆီက အကြံဥာဏ် လေးလိုချင်ပါတယ် ခင်ဗျာ ခွဲစိတ်ထားတဲ့ အတွက် ဆောင်ရန်ရှောင်ရန်လေးများ ညွှန်ကြား ပေးစေလိုပါတယ် ခင်ဗျာ

ခွဲစိတ်တာအတွက် ဆေးရုံကမှာလိုက်တာကိုသာ သတိထားရန်လိုပါမယ်။

Cough Question တခါတခါမှ ချောင်းဆိုးပါတယ် https://doctortintswe.blogspot.com/2018/10/cough-question.html
Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://doctortintswe.blogspot.com/2014/11/cough-syrups.html
Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html
Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု https://doctortintswe.blogspot.com/2015/06/healthy-culture_18.html
Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/04/babys-cough.html
Whooping cough (Pertussis) ကြက်ညှာ ရက် ၁ဝဝ ချောင်းဆိုး https://doctortintswe.blogspot.com/2014/12/whooping-cough-pertussis.html

Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၈

Diane 35 ဝက်ခြံဆေး သို့မဟုတ် တားဆေးတမျိုး

ဆရာရှင့် ကျွန်မအသက်က ၂၈ ရှိပါပြီ။ လွန်ခဲ့တဲ့ ၃ လက depo ဆေးထိုးခဲ့ပါတယ်ရှင့်။ အခု ၃ လပြည့်ပြီးတဲ့နောက် ရာသီမလာသေးလို့ရှင့်။ ဝက်ခြံတွေလည်း ထွက်တာများလာလို့ရှင့်။ ကျွန်မ သိချင်တာက ရာသီပြန်လာအောင် ဘယ်လိုလုပ်ရမလဲရှင့်။ ဝက်ခြံတွေ အထွက်များလို့ သက်သာမယ့် ဆေးလေး သိချင်ပါတယ်ရှင့်။

သုံးလခံတားဆေးထိုးဆေးက သက်ရောက်မှုတွေ မတူကြပါ။ အများအားဖြင့် ရာသီနည်းတယ်။ တချို့ မလာ။ တချို့များ။ စောင့်နိုင်။ ဟော်မုန်းမူမှန်လာမှသာ ရာသီလည်း ပုံမှန်ဖြစ်လာတယ်။ ဝက်ခြံကလည်း ဟော်မုန်းကြောင့် ဖြစ်နိုင်။

Diane 35 ဝက်ခြံဆေး သို့မဟုတ် တားဆေးတမျိုး https://doctortintswe.blogspot.com/2018/10/diane-35.html

Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၈

hCG ကိုယ်ဝန်စစ်တဲ့ ဟော်မုန်း

မင်္ဂလာပါ ဆရာရှင့် သမီးအသက်၂၆ပါ ဒုတိယကိုယ်ဝန်ကို လွန်ခဲ့တဲ့နှစ်ပတ်တနင်္လာနေ့က သားအိမ်ခြစ်ခဲ့ရပါတယ် အာထရာဆောင်းရိုက်တာ ကလေးကမဖွံဖြိုးပဲ အသက်ရှုသံမကြားရဘူးဆိုပြီးပါ အထဲမှာ သွေးလုံးလည်း ရှိနေတယ် ပြောပါတယ် သမီးမေးချင်တာခု နှစ်ပတ်ထိ ဆီးစစ်တံနှစ်ကြောင်းပေါ်နေတာရယ် ကိုယ်ဝန်ဆောင်ဟော်မုန်း အော့အန်ချင်တာတွေဖြစ်နေလို့ပါ ဘာများဖြစ်နိုင်လည်းရှင့် ကင်ဆာတွေဘာတွေဖြစ်မှာသမီးအရမ်းကြောက်လို့ပါ ပြန်ဖြေပေးပါ

ကိုယ်ဝန် ရှိနေသူ + ပျက်သွားသူ + ဖျက်လိုက်သူတွေမှာ ဆီးစစ်ရင် + ပြနေမယ်။ ဟော်မုန်းစမ်းမရအောင် နည်းသွားမှသာ - ပြမယ်။ ကင်ဆာကို Pap smear test နဲ့စစ်မှသာ သိမယ်။ အာထွာဆောင်းရိုက်စဉ်ကလည်း ကင်ဆာသံသယရှိရင် မှတ်ချက်မှာ ရေးထားမယ်။

Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း https://doctortintswe.blogspot.com/2014/11/pregnancy-test.html

ကျေးဇူးပါ ဆရာရှင် သမီးကို beta hcg တော့ရိုက်ခိုင်းထားပါတယ်ရှင့် ကိုယ်ဝန်ပျက်တာ ခြောက်ပတ်လေးရက်ဆိုဒ်မှာပါရှင် ကန်တော့ပါနော် ဆရာသမီးသားအိမ်ခြစ်ပြီး နောက်ရက်တည်းက သူများလို သွေးနည်းနည်းဆင်းတာမရှိပါဘူး အရည်ကြည်အကျိချွဲတွေပဲဆင်းပါတယ် နှစ်ပတ်တွင်း သွေးရည်ကြည်လေး နည်းနည်းပဲဆင်းပါတယ်

Pregnancy (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း https://doctortintswe.blogspot.com/2015/01/pregnancy-hcg.html

Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၈

ခဏခဏတင်ထားပြီး

မင်္ဂလာပါဆရာ ကျေးဇူးပြုပြီး B ပိုးရောဂါနဲ့ပတ်သက်တဲ့အကြောင်းတင်ပေးပါလားဆရာ အီးမေးနဲ့မရလို့ ဒီကနေပဲ မေးလိုက်ဒါဆရာ

အသက်-ကျား-မ မသိ။ ခဏခဏ (ခဏခဏ) တင်ထားပြီး။ ဘလော့မှာ အမြဲရှိတယ်။

https://doctortintswe.blogspot.com/

Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၈

Pregnancy after Ectopic Pregnancy သားအိမ်ပြင်ပသန္ဓေတည်ပြီးနောက်

မင်္ဂလာပါဆရာ သားအိမ်ပြင်ပမှာသန္ဓေတည်လို့ ခွဲစိတ်ကုသခဲ့ရပါတယ် နောက်ထပ်ဖြစ်နိုင်လားစိုးရိမ်လို့ပါ ဘယ်ဘက်သားဥပြွန် ဖြတ်ထားရပါတယ် ကလေးယူလို့ရသေးတယ်လို့ OG ကပြောပါတယ်ထပ်ဖြစ်မှာကြောက်လို့ ကလေးလဲယူချင်ပါတယ် ဘယ်လိုနေထိုင်ကုသရမလဲဆိုတာဖြေကြားပေးပါရှင့် အသက်က ၃၂နှစ်ပါ ကျန်တဲ့ညာဘက်သားဥပြွန်ကလဲနဲနဲကောက်နေတယ် ပြောပါတယ် ခွဲစိတ်မှုမှတ်တမ်းတွေအစုံရှိပါတယ် လိုအပ်ရင်ပို့ပေးပါ့မယ် ပြန်ဖြေ ပေးပါ ဗိုက်ခွဲရတာလဲ ၂ကြိမ်ရှိပါပြီ ပထမသမီးကိုမွေးတုန်းကတခါ သားအိမ်ပြင်ပမှာသန္ဓေတည်လို့ တခါ ၂ခါရှိပါပြီ ခုတခါကသားသမီးယူဖို့ နောက်ဆုံးအခွင့်အရေးမို့ပါ

Pregnancy after Ectopic Pregnancy သားအိမ်ပြင်ပသန္ဓေတည်ပြီးနောက် https://doctortintswe.blogspot.com/2017/02/pregnancy-after-ectopic-pregnancy.html

Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၈

အသက်မသိ ရာသီမသိ ကိုယ်ဝန်အရင်ကရဘူးသလားမသိ

ဆရာရှင့် သမီးအမွှာကိုယ်ဝန်လိုချင်လို့ပါရှင် မျိုးရိုးတော့မရှိပါဘူးဆရာရှင့် အဲ့ဟာကြောင့် သဘာဝအတိုင်း အမွှာကိုယ်ဝန်ရအောင် ဘယ်လိုပြုမူနေထိုင်ရမလဲဆရာရှင့် သောက်ဆေးလေးတွေလိုလည်း လမ်းညွှန်ပေးပါဆရာရှင့်

အသက် မသိ။ ရာသီ မသိ။ ကိုယ်ဝန်အရင်ကရဘူးသလား မသိ။ မပြောလည်းရ ဘလော့မှာ ဖတ်နိုင်။

Dr. တင့်ဆွေ
၂၇-၁၂-၂၀၁၈

Sneezing နှာချေတယ်ဆိုတာ

မင်္ဂလာပါ ဆရာ ကျွန်မအမျိုးသားရဲ့အသက် ၃၇နှစ်ပါ။ သူ့နှာခေါင်းယားတဲ့ချိန် ပွတ်မိရင် အဆက်မပျက် နှာခြေတတ်ပါတယ်။ ရေကိုင်တာများတဲ့ချိန်၊ ရေချိုးပြီးခါစမှာ အဖြစ်များပါတယ်။ ခုနှစ်ပတ်အတွင်း ပိုဆိုးလာပါတယ်။ ဖျားတာတို့၊ နှာခေါင်းနာတာတို့ မရှိပါ။ အလုပ်က အစားစာလိပ်ရတာဆိုတော့ အလုပ်လုပ်ရင်းအဆက်မပျက်နှာခြေတော့ လုံးဝ အဆင်မပြေပါဘူး။ အဲဒါနဲ့ညမှာ အိပ်ဆေးပါတဲ့ ချောင်းဆိုးပျောက်ဆေးရည် သောက်တော့ သက်သာတယ်ပြောပါတယ်။ မသောက်တဲ့နေ့ဆိုရင် နှာပြန်ခြေလို့ ညတိုင်းသောက်နေတော့ မပျောက်ကင်းပဲ ဆေးယဉ်သွားမှာ စိုးရိမ်လို့ပါ ဆရာ။ ဘာကြောင့် အဲလို နှာခြေတတ်ပါသလဲ နှာခြေတာပျောက်ကင်းဖို့ ဘာဆေးသုံးသင့်ပါသလဲ ဆေးမသောက်ရင် အဆက်မပျက် နှာခြေနေတော့၊ ဆေးအမြဲသောက် ဆေးစွဲသလို ဖြစ်နေတာအန္တရာယ် ဖြစ်နိုင်ပါသလား

နှာချေတယ်ဆိုတာ နှာခါင်းထဲဝင်လာတဲ့ အနံ သို့မဟုတ် အမှုံကို ကိုယ်က လက်မခံလို သို့မဟုတ် မတည့်လို့ဖြစ်တယ်။ မတည့်တာရှောင်ရတယ်။ နှာခေါင်းစည်း သုံးနိုင်တယ်။ အင်တီဟစ်တမင်း ခေါ် Cetrizine လိုဆေးက ဖြစ်လာတာကို သက်သာစေမယ်။ ချောင်းဆိုးပျောက်ဆေးနဲ့ အအေးမိပျောက်ဆေးတွေထဲမှာ အဲဒီဆေးပါတယ်။

Allergic Rhinitis အလာဂျီ နှာခေါင်း https://doctortintswe.blogspot.com/2018/10/allergic-rhinitis.html
Allergy အလာဂျီ သို့မဟုတ် မတည့်အတူနေ https://doctortintswe.blogspot.com/2018/08/allergy.html

နှာချေလို့ ရေးရတယ်။ အဆက်မပြတ်လို့ ရေးရတယ်။

Dr. တင့်ဆွေ

အသက် (40)ကျော်အမျိုးသားများတွင် စိတ်သွားတိုင်းကိုယ်မပါဖြစ်သည့်အဖြစ်များစွာကိုတွေ့
ရှိရပါသည်။ ထိုအတွက်ကြောင့် မိမိတို့၏အိမ်ထောင်ရေးအဆင်မပြေမှုများ စိတ်အလိုမကျမှုများကြုံတွေ့နေရပါသည်။
ထိုကဲ့သို့စိတ်သွားတိုင်းကိုယ်မပါနိုင်သည့်အဖြစ်မျိုးမှရှောင်ရှားနိုင်ရန် တပွဲတိုးဆေးများသောက်သော်လည်း ရေရှည်တွင်အဆင်မပြေမှုများကြုံတွေ့ရပါသည်။ ထိုကဲ့သို့ စိတ်သွားတိုင်းကိုယ်မပါနိုင်ခြင်းအား ရေရှည်ပျောက်ကင်း၍ မိသားစုအအင်ပြေစေနိုင်ရန် မည်ကဲ့သို့ နေထိုင်စားသောက်ရမည်။ မည်သည့်ဆေးဝါးများကိုသောက်သုံးရမည်ကို ညွှန်ကြားပေးစေလိုပါသည်ခင်ဗျား။

- Cialis (Tadalafil) ပန်းသေပန်းညှိုးအတွက်ဆေး http://doctortintswe.blogspot.com/2014/11/cialis-tadalafil.html
- Erectile Dysfunction Causes ပန်းသေ-ပန်းညှိုး အချက် (၉) ချက် http://doctortintswe.blogspot.com/2014/11/erectile-dysfunction-causes.html
- Erectile Dysfunction Physiology ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေဒနှင့် ရောဂါဗေဒ http://doctortintswe.blogspot.com/2014/11/erectile-dysfunction-physiology.html
- Erectile Dysfunction ပန်းသေ-ပန်းညှိုး http://doctortintswe.blogspot.com/2014/11/erectile-dysfunction.html
- Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ) http://doctortintswe.blogspot.com/2014/11/viagra-in-heart-disease.html
- Viagra သန်မာစေတဲ့ဆေး https://doctortintswe.blogspot.com/2014/11/viagra.html

Dr. တင့်ဆွေ

Allergy အလာဂျီ

ဆရာ အလဂျီနဲ့ပက်သက်ပီးမေးလို့ရမလားမသိဘူးရှင့် သမီးကဘာနဲ့ပဲထိထိအလဂျစ်ဖစ်လွယ်တတ်လို့ ဘာတွေဆောင်ရရှောင်ရမလဲရှင့် ဥပမာ စာရေးရင်တောင်ခုံနဲ့ထောက်ထားတဲ့နေရာကအလဂျစ်တွေထွက်တတ်လို့ပါ

အလာဂျီစာ ခဏခဏ (ခဏခဏ) တင်ထားပြီး။ ဖြစ်တဲ့သူ အသက် အချက်အလက် မသိ။ မပြောလည်းရ။ မေးနည်းပါဘလော့မှာ ဖတ်နိုင်။

Allergy အလာဂျီ သို့မဟုတ် မတည့်အတူနေ https://doctortintswe.blogspot.com/2018/08/allergy.html

Dr. တင့်ဆွေ

Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ

မင်္ဂလာပါဆရာ သိချင်တာလေးမေးချင်လို့ပါဆရာ မွေးပြီးစမိခင်တွေမှာ ဘာတွေရှောင်ရှားသင့်လဲ ခင်ဗျ ခေါင်းလျှော်တာကို ဘယ်နှစ်ရက်လောက်နေရင်ရသလဲခင်ဗျ ကျေးဇးပြု၍ဖြေကြားပေးပါ လေးစားစွာဖြင့် ကလေးမွေးပြီးတာ ဆယ်ရက်ပြည့်ပါတယ်ဒီနေ့ဆို

အသက် မသိ။ ရေချိုး ခေါင်းလျှော်ဆိုတာ နေ့စဉ်သွားတိုက် မျက်နှာသစ်သလိုဖြစ်တယ်။ အစားအစာဆိုတာ ကိုယ်တသက်လုံး စားလာတာတွေ အကုန် (၉၅%) စားသောက်နိုင်တယ်။

Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ https://doctortintswe.blogspot.com/2017/06/myths-of-pregnancy-and-postpartum.html

Dr. တင့်ဆွေ

တခါတခါနှင်း တခါတခါမိုး

နှစ်ပတ်လည်ပို့အဖြစ် မနေ့ကပေါ်လာတော့ မတင်ခဲ့ပါ။ ဒေလီမြို့မှာနေတဲ့ မိတ်ဆွေရင်းတယောက်က တဂ်လုပ်တာနဲ့ ထပ်ပေါ်လာလို့။

မနှစ်က ခရစ်စ်မတ်နောက်နေ့မှာ မြို့ထဲသွားရတယ်။ နှင်းတွေထူပိန်ပြီး အေးလွန်းလှတယ်။ ဒီနှစ် ကနေ့လည်း နှင်းမကျပါ။ မိုးဖွဲဖွဲသာ ရွာနေတယ်။

လိုက်ပို့တဲ့သား ကွယ်လွန်ပြီ။ မမြဲခြင်းသဘောနဲ့ တသမတ်တည်းမဟုတ်ခြင်းသဘောကို ဆင်ခြင်မိပါတယ်။

တခါတခါ နှင်း၊ တခါတခါ မိုး၊ တခါတခါ နေ၊ တခါတခါ လေ။ အလှည့်ကျလည်း မဟုတ်။ အစိုးမရပါတကား

Dr. တင့်ဆွေ
၂၆-၁၂-၂၀၁၇
၂၇-၁၂-၂၀၁၈

မြန်မာသင်ပုန်းကြီးဘတ်စာ

ကိုလိုနီခေတ်မှာတောင် မြန်မာစာမတစ်ခဲ့ဘူး။ လွတ်လပ်ခွင့်ရခဲ့တယ်ဆရာ။

ကျေးဇူး။

ကျည်စေ့တခု။
ကျည်ပွေ့တခု။
ဆင်တစီးကျန်ရစ်သည်။
ပျည်ပြားတဆယ်လေးချပ်။

ကျွန်တော်ကတော့ ဦးကျည်ပွေ့ခေတ်ကမြန်မာစာကို ကျည်တစ်စေ့ခေတ်ကဟာနဲ့ မလဲနိုင်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၈

Nosebleed နှာခေါင်းသွေးယိုခြင်း

အမျိုးသားတယောက် အသက် ၂၅ နှစ် အိမ်ထောင်မရှိပါ ခဏခဏ နှာခေါင်းသွေးယိုလို့ပါ ယိုတာကအရမ်းများပါတယ် ဆေးခန်းပြတော့ မစိုးရိမ်ရ ဆိုတာကလွဲပြီး ဘာမှမပြောပါ ဘာကြောင့်အဲ့လို ခဏခဏဖြစ်ရသလဲ ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပြပေးပါရှင့်

Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁) https://doctortintswe.blogspot.com/2015/02/nosebleed-1.html
Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂) http://doctortintswe.blogspot.com/2017/02/nosebleed-2.html
Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု http://doctortintswe.blogspot.com/2016/05/bleeding.html
Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း https://doctortintswe.blogspot.com/2015/01/thrombocytopenia.html

Dr. တင့်ဆွေ

Never Ever မပို့ပါရန်

ဗီဒီယိုဖိုင် သီချင်းဖိုင်
တရားစာ ဆုတောင်းစာ
သတင်း အတင်းအဖျင်း

နောက်တသက်လုံး ဘယ်တော့မှ မပို့ပါရန်

ဒေါက်တာတင့်ဆွေ

ကန်တော့ပါမေးခွန်းများ

၁။ အသက် ၂၆ နှစ် အမျိုးသမီးပါ ဆရာ လစဉ်ပုံဓမ္မတာ လာပြီးပါပြီ အမျိုးသားနဲ့ အတူနေပြီး အဖြူဆင်းနေလို့ပါ ၅ ရက်ရှိပါပြီ

White discharge အဖြူဆင်းခြင်း https://doctortintswe.blogspot.com/2017/08/white-discharge.html

အဖြူဆင်းတာ အရောင်ပါ အနံ့အသက်ပါ ပါတယ် ဆရာ ဘယ်ဆေးအမျိုးအစားကို သောက်ရင် ပိုကောင်းပါသလဲ ဆရာ

လင့်ပို့ထားပြီး၊ မမြင်ရ မစမ်းရသူကို အဝေးကနေ ဆေးမကုအပ်။

၂။ မင်္ဂလာပါဆရာ သမီးအသက်က၂၇ပါ အမျိုးသမီးပါ ရာသီသွေးထိန်နေလို့ menoral သောက်နေပါတယ်
ဆေးသောက်ပြီး ဘယ်နှက်ရက်လောက်မှာ အဆင်ပြေနိုင်ပါလဲဆရ

အိမ်ထောင်ရေး အတူနေ မသိ။ ဘာကြောင့် မလာသေးသလဲ မှန်းမရ။

အတူနေပါ ဆီးတိုင်းကြည့်လည်းမပေါ်ပါဘူးရှင့်

ဆရာဝန် ပြသင့်။

၃။ ဆရာရှင့် ရိုသေစွာမေးပါရစေ အမဖြစ်သူကျန်းမာရေးစိုးရိမ်လို့ပါဆရာ အမက abortion ဖြစ်တာ ၃ရက်လောက်ရှိပါပီ သွေးတွေ ရာသီလာသလို လာနေလို့ များလဲများတယ် ဘယ်လောက်ကြာ လာနိုင်ပါသလဲ သွေးတိတ်အောင်ဘာတွေ သောက်ရပါမလဲ သားအိမ်ခြစ်ရန်လိုအပ်ပါသလားရှင့် ၁လကျော်လောက်မှာပျက်တာပါ ပျက်တုန်းကတော့ အတုန်းအခဲများစွာပါတယ်ပြောပါတယ် သူ့သူငယ်ချင်းမက သူ့ကိုပြောပါတယ် သားအိမ်ထဲ အသားစတခုကျန်တာနဲ့ အကုန်ပုတ်လိုက်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါသလားရှင့် သူ့ခမျာ အဲ့တာကိုကြောက်ပီး အိပ်မရဖြစ်နေလို့ပါ

ဖြစ်တဲ့သူ အသက် မသိ။ ကိုယ်ဝန်ပျက်သူ တချို့က အကုန်ဆင်း။ တချို့က မကုန်လို့ သားအိမ်ခြစ်ရတယ်။ တချို့ ပိုးဝင်တတ်တယ်။ သွေးဆင်းများတာနဲ့ ရက်ကြာတာဖြစ်သူ သွေးအားနည်းတတ်တယ်။ ကိုယ်ထဲနေတာ ဘယ်အရာမှ ပုပ်တယ်မရှိ။ ဟောင်းနွမ်းပျက်စီးတာသာဖြစ်။

ဒေါက်တာတင့်ဆွေ

Kids and Screen ကလေးတွေနဲ့ ဆခရင်မ်

ကလေးတွေ ဆခရင်ကြည်တာများရင် မျက်စိကိုထိခိုက်စေနိုင်တယ်။ ကနေ့ခေတ်မှာ လူကြီးတွေရော ကလေးတွေပါ ဆခရင်ပါတဲ့ စမတ်ဖုန်း၊ ဂိမ်းကွန်ဆိုလ်၊ ကွန်ပြူတာနဲ့ တက်ဘလက်တွေနဲ့ အချိန်ကုန်တာ များလွန်းနေကြတယ်။ ကလေးတွေအတွက် သတိပေးပါရစေ။ ကနေ့ထွက် ဆေးသုတေသနသတင်း တပုဒ်က ကလေးတွေ ဆခရင်ကြည်တာ များရင် မျက်စိကိုထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနလုပ်တာတော့ မများလှသေးပါ။

မျက်မှန်တပ်ရသူတွေ ပိုများလာတယ်။ အနီးမှုံကပိုများတယ်။ ဥရောပမှာ အသက် ၂ဝ အောက် ၄ဝ% ကနေ ၅ဝ% အနီးမှုံကြတယ်။ အရင်တော့ ၂ဝ% နဲ့ ၃ဝ% သာရှိခဲ့တာ။ အရှေ့အာရှမှာလည်း အဲလို ဖြစ်လာတယ်။

ကလေးတိုင်းလိုလို အဲလိုအသုံးအဆောင်တွေနဲ့သာ တွေ့နေရတာကို ခွေး အမဲရိုးရသလိုပဲတဲ့။ သူတို့ဆီမှာတော့ နှိမ်ပြောတဲ့ အသုံးစကားတော့ မဟုတ်ပါ။

သဘာဝနေရောင်နဲ့ထိတွေ့တာ နည်းလာကြတာလည်း မကောင်းပါ။ ကလေးတွေ အိမ်ပြင်ထွက်တာ ပိုများစေသင့်တယ်။

ဆစ်ဒနီမှာ လေ့လာမှုလုပ်တယ်။ အိမ်ပြင်ကို တနေ့ ၂ နာရီသာထွက်သူ တရုပ်သွေးပါတဲ့ ၆ နှစ်အရွယ်ကလေးတွေ ၃% သာ အနီးမှုံကြပြီး စင်္ကာပူမှာ ၃ဝ% အနီးမှုံကြတယ်။

စိုစိုစိမ်းစိမ်း အသီးအရွက်တွေကိုလည်း စားသင့်ကြတယ်။ လူကြီးတွေကတော့ ဆခရင်မ်ကြည့်တာ နည်းကြပါလို့ ပြောမရလောက်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၇
၂၈-၁၂-၂ဝ၁၈

Dry skin အရေပြားခြောက်နေရင်

၁။ ဆောင်းတွင်းမှာ အသားအရေခြောက်လို့ မျက်နှာကို သံလွင်ဆီလိမ်းလို့ရပါသလားရှင့်။

၂။ ကျနော့် အရေပြားဟာ ခြေသလုံး၊ ပေါင်နဲ့  လက်တို့ မှာ အရေပြားခြောက်ပြီး အဖတ်လေးတွေနဲ့ ပက်ကြားအက်သလို အရေပြားဟာ ချောမွေ့ စိုပြေခြင်းမရှိပါဘူး၊ မည်သို့ လုပ်ဆောင်ရမည်ကို လမ်းညွန်ပေးပါခင်ဗျား။ (ပပ်ကြားလို့ ရေးကြတယ်။)

အရေပြားခြောက်တာကို အကြောင်းတရားအမျိုးမျိုးကနေဖြစ်စေတယ်။ တခုတည်းမကကြောင့်ဖြစ်နိုင်တယ်။ အတွင်းနဲ့ အပြင်ဆိုပြီး ကွာသေးတယ်။ အပြင်အကြောင်းခံတွေက ပိုများတယ်။ ရာသီဥတုအေးတာနဲ့ ရေငွေ့ဓါတ် နည်းတာတွေက ဖြစ်စေတယ်။ အတွင်းအကြောင်းခံတွေထဲမှာ အသက်ရလာလို့၊ မျိုးရိုး၊ ရောဂါတွေ (ပန်းနာ၊ အရေပြားနာ၊ လည်ပင်းကြီး ဟော်မုန်းနည်း-များရောဂါ၊ ဆီးချို)။ ဆပ်ပြာ အပြင်းစားတွေနဲ့ တွဲဖြစ်တာတွေပါတယ်။ အရေပြား စိုအောင်လုပ်တဲ့ Moisturizers ကို အသုံးမတတ်လို့လည်း ဖြစ်နိုင်တယ်။ သွေးတိုးကျဆေး၊ ကိုလက်စထောကျဆေး၊ အလာဂျီဆေးနဲ့ ဝက်ခြံဆေးတွေကနေလည်း ဖြစ်နိုင်တယ်။ Eczema, Psoriasisယ Atopic dermatitis နှင်းကူစတဲ့ နာတာရှည်အ ရေပြားနာနဲ့ ခွဲခြားရမယ်။ အာဟာရနည်းတာလည်း ပါတယ်။

ဘာလုပ်ရမလဲ
• အကြောင်းခံဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။
• Emollient ဆေး နေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပြော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% lotion ဆေးတွေ။ အပြင်းစားတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။
• အဲတာတွေနဲ့ မရသေးရင် (စတီရွိုက်) ပါတဲ့လိမ်းဆေးတွေသုံးနိုင်တယ်။ Hydrocortisone 1% cream (အပြော့စား), Pramosone 2.5% cream (အပြော့စား), Triamcinolone 0.1% cream (အလတ်စား), Clobetasol 0.05% cream (အပြင်းစား) တွေဖြစ်တယ်။ စတီရွိုက်စားဆေးက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။
• ယားတယ်ဆိုရင် Oral antihistamines (အင်တီဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl), hydroxyzine (Vistaril, Atarax), Loratidine (Claritin) နဲ့ Cetirizine (Zyrtec) တွေသောက်နိုင်တယ်။
• Vaseline တနေ့ ၂-၃ ကြိမ်လိမ်းပါ။
• Lukewarm showers ရေခပ်နွေးနွေးနဲ့ချိုးပါ။
• Mild soaps ဆပ်ပြာ အပြော့စားသုံးပါ။ ဥပမာ Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။
• အထူး Moisturizers တွေကို သုံးနိုင်တယ်။ (လက်တစ်အက်စစ်) ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယာပါတဲ့ (Urix or Carmol) တွေဖြစ်တယ်။
• Mild moisturizers တွေမှာ ရေမွှေးမပါတာက ကောင်းတယ်။
• အစားအသောက်မှာ လုံလောက်မျှတအောင် စားသုံးရမယ်။
• Omega-3 နဲ့ ဗီတာမင် (အေ) ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၃
၂၈-၁၂-၂ဝ၁၈

စကားမစပ်

စကားမစပ်နဲ့ စကားမဆက် ဘယ်ဟာအမှန်လည်းဆရာ။

စကားမစပ်ကသာ မှန်ပါတယ်။ ဆက်စပ်မှုမရှိပဲ တခြားအကြောင်းအရာတခုခုကိုပြောချင်တာလို့ ဆိုလိုတယ်။ စကားမဆက်ဆိုတာ ပြောလက်စစကားကို ဆက်မပြောပဲလို့ဖြစ်သွားမယ်။ စပ်မိလို့ ပြောရအုန်းမယ်လို့ပြောလေ့ရှိတာနဲ့ ဆက်စဉ်းစားနိုင်ပါတယ်။

စပ်
ခံတွင်းပါးစပ်။
ငရုပ်သီးကို စပ်သီးလို့လည်းခေါ်ကြတယ်။
စပ်ကူးမပ်ကူးကာလ အထာမကျ။
စပ်ကျိန်းနေသလား။
စပ်စပ်စုစုလုပ်တဲ့သူ။
စပ်ဖျဉ်းဖျဉ်းမနေဘူးလား။
စပ်ကြားမှာ အနာဖြစ်။
စပ်ဖြဲဖြဲမလုပ်ပါနဲ့။
စပ်ယှက်ဖြင့် သန္ဓေတည်လာသည်။
စပ်ရှိန်းပူရှိန်း ခံစားရတယ်။
စပ်လျဉ်း၍။
စပ်ဟပ်ပြီးပြောမယ်။
စပ်ကြောင်းမှာ စုပ်ပြဲနေသည်။
ဆက်စပ်စဉ်းစားပါ။
ပိုးစပ်ကောင်။
ပူစပ်ပူလောင်ခံစားရတယ်။
မျက်ခမ်းစပ်ရောဂါ။
ရွာနီးချုပ်စပ်။
ဟိုစပ်စပ် သည်စပ်စပ်။
အငန်အစပ်ကြိုက်တယ်။
အသားနီစပ်စပ်နဲ့လူ။
ရောစပ်ထားသည်။

ဆက်
ဂုတ်ဆက်ကနာနေတယ်။
ဆက်၍ပြောပါ။
ဆက်ကပ်လှူဒါန်းပါ။
ဆက်ခံစိုးစံသည်။
ဆက်စပ်နေတဲ့အကြောင်းကရှိတယ်။
ဆက်ဆံရေးကောင်းအောင်ကြိုးစားပါ။
ဆက်ဆက်ကြွခဲ့ပါ။
ဆက်ရက်ငှက်လေးတွေလှတယ်။
ဆက်ကြေးကောက်လို့ ပေးရတယ်။
ဆက်ကြော (ဇက်ကြော) တင်းနေသည်။
ဆက်နွှယ်နေတဲ့ အကြောင်းတရား။
မိဘအမွေဆက်ခံထိုက်သူဖြစ်ပါစေ။
သတင်းတွေ ဆက်တိုက်လာနေတယ်။
အဆက်အနွယ်။

ဒေါက်တာတင့်ဆွေ

အငယ်ဆုံးသား မွေးနေ့

နက်ဖြန် ဘာစားမလဲတဲ့ စောစောကမေးတယ်။ သူကအိမ်အသစ်ပြောင်းနေရလို့ ဘာမှလုပ်မနေါ့နဲ့လို့ပြောလိုက်တယ်။

ကျွန်တော် တိုင်းပြည်ကနေ ထွက်ပြေးရစဉ်က ရာဇာတင့်ဆွေက မောင်ဗမာစက်ဘီလေးနဲ့ ကျောင်းတက်နေချိန်။

သူဆယ်တန်းအောင်ပြီးတော့ အိန္ဒိယမှာ မိသားစုပြန်ဆုံကြတယ်။

သိပ်မကြာခင် သူက စကောလားရှစ်ရတာနဲ့ ယူအက်စ်အေ ရောက်သွားတယ်။ ၂ဝဝ၆ မှ သူ့ဆီအလည်ရောက်ပါတယ်။ သူတက်နေတဲ့ ဘလူမင်တန် ယူနီဗာစီတီကိုလည်း ရောက်ခဲ့တယ်။ ၁၂ နှစ်ကြာခဲ့ပြီ။

၂ဝ၁၄ စက်တင်ဘာကျမှ မိသားစုအားလုံး တခါပြန်ဆုံကြတာ သူနေထိုင်တဲ့ အင်ဒီယာနာပုလစ်မြို့မှာ။

Photo taken in 2006 Math Hall, Bloomington, Indiana

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၄
၂၈-၁၂-၂ဝ၁၈

ကျူး နဲ့ ကြူး

ကာလရှည်ကျူး
ကျူးရင့်သံ
ကျူးလွန်စော်ကား
ကျူးကျော်
ကျူးလောစစ်ခေါင် (စစ်ချီထွက်ကြလော)
ကျူးအေး
ချီးကျူး
စည်းကမ်းလွန်ကျူး
တွန်ကျူး
နယ်ကျူးကျော်
ပိုက်ကျူးကစား
ခြီးကျူး (ခြီးကြူး)
ရင့်ကျူး
လွှဲကျူး
သားငါးကျူး
သီကျူး
အိမ်ရာကျူး
ဥဒါန်းကျူး
ဧယင်ကျူး
ဖော်ကျူး
နှစ်လည်ခါကျူး၊
နှုတ်ကျူးလက်လွန်၊

ကြူး
ရိုက်ကြူး
ကာမကြူး
ထစ်ကြူးမြည်
ပိုးစုန်းကြူး၊
မိုးသားကြူး
ခြီးကြူး (ခြီးကျူး)
ရင့်ကြူး (အသံဖြင့်ကြူးရင့်သည်)
လွန်လွန်ကြူးကြူး၊
အစားကြူး
အလွန်အကြူး
ဆော်ကြူး
မေထုန်ကြူး
ကြွေအန်ကြူး
သေသောက်ကြူး

ကျွန်တော် အထက်တန်းကျောင်းသားဘဝမှာ ဆောင်ပုဒ်လေးတွေရေးပြီး မုံရွာ ဈေးသစ် အရှေ့ဘက်တိုက်တန်းက မှန်ဆိုင်ကိုသွင်းတယ်။ မှန်ဆိုင်က ပိုက်ဆံတော့ မပေး။ တောင်းလည်း မတောင်းပါ။ ကျွန်တော့်ပန်းချီကားလေးတွေကို မှန်ဘောင်သွင်းပေးတယ်။ တခုကတော့ သင့်ယဉ်ကျေးမှု ချီးကျူးပါရစေ။ အခုကောက်ရေးလိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၆
၂၈-၁၂-၂ဝ၁၈

Ignorant than you think ထင်တာထက် တုံးတယ်

ဆရာရှင့် ပုံကိုကြည့်ပြီး ဆရာရဲ့အတွေးတွေ သိချင်လာတယ်ရှင့်။ တွေးကြည့်မိတာလေးက လူတွေ ဦးနှောက်ကို အသုံးမပြုဘဲ၊ မြေမြူပ်ထားကြတယ်လို့ ထင်မိပါတယ်ရှင့်။

မတွေ့လောက်မယ့်နေရာ၊ မရှိတာကို ရှာနေကြတာလည်းဖြစ်နိုင်သေးတယ်။ ဘာထရန်ရပ်စ်ဆဲလ်ပြောတာတခုက လောကကြီးမှာ ဒုက္ခဖြစ်နေတာက ဘာမှန်းမသိသူ စတူးပစ်တွေက သူတို့ဟာ သူတို့တော့ အပိုင်တွက်ထား ဖေါ့ဆို့လုံအောင်ပိတ်ထားသလိုယူဆကြတယ်။ ပညာဉာဏ်ရှိသူတွေက သံသယထားတတ်ကြတယ်။

လေ့လာမှုကောင်းကောင်းပြုထာတဲ့ စိတ်ပညာရှင် ကော်နဲလ်ရဲ့ သုတေသနရလဒ်သာမှန်ရင် ဘာထရန်ရပ်စ်ဆဲလ် ပြောတာ တဝက်သာမှန်နေသေးတယ်။ စတူးပစ်တွေဟာ သူတို့အစွမ်းကို ဒီရေလွှမ်းသလိုထင်မှတ်ကြတယ်။ ပညာရှိတွေလည်း တခြားအစွန်းတဖက်က အဲလိုပဲ။ ပညာတွေတတ်လေလေ မသိလေလေဖြစ်လာတယ်။ မသိတာကို မသိခြင်းနဲ့ သိတယ်လို့မှတ်ယူခြင်းတွေဟာ လူသားတွေရဲ့ ဖြစ်တတ်တဲ့သဘာဝပဲ။

ပညာရှင် ဒန်းနင်းက ကျွန်တော်တို့အားလုံးဟာ ယုံကြည်မှုအပြည့်ရှိကြတဲ့ လူတုံးတွေပဲတဲ့။ ဂျင်မီ ကင်မဲလ်ရဲ့ မုသားသက်သေသတင်းအစီအစဉ်ထဲမှာ လူတွေကို လမ်းပေါ်ကမမှန်သတင်းတွေပေးတဲ့အခါ ကြားရသူတွေက အစစ်ပဲမှတ်ယူကြတာကို ပြသတယ်။ အဲတာဟာ သမုဒ္ဒရာရေပြင်ပေါ်ကမြင်ရတဲ့ ရေခဲတုံးထိပ်ဖျာလေးသာ ရှိသေးတယ်။
ဆာဗေး)တခုမှာ မေးခွန်းတွေမေးတယ်။ တမင်ထွင်ထားတဲ့သတင်းကို မေးလိုက်ရင် ၉ဝ% က အနည်းဆုံး တစိတ်တပိုင်းတော့ ဟုတ်တယ်၊ တွေ့ဘူးပါတယ်လို့ဖြေကြတယ်။ လူကြီးမင်းကောဗျာ့

ဗဟုသုတဗလာဖြစ်နေချိန်မှာ မှတ်မိခြင်းကို ထွန်းလှန်တယ်။ ကျွန်တော်တို့ဟာ ကိုယ်သိတာထက် ပိုသိတယ်ပဲ ထင်နေကြတယ်။ တကယ်မသေချာပဲလည်း အဟုတ်မှတ်ယူလိုက်ကြတယ်။ အတ္တမာနကနေ ကိုယ့်ကိုယ်ကို တော်တယ်လို့ စမတ်ကျတယ်လို့ သေချာစေအောင် အဲလိုလုပ်လိုက်တာဖြစ်တယ်။

စဉ်းစားဉာဏ်၊ နည်းပညာအသိ၊ ကျွမ်းကျင်မှု မသိသူတွေဟာ သဒ္ဒါ၊ လောဂျစ်၊ လက်နက်အကြောင်း၊ ငွေကြေးအကြောင်း စတာတွေကို သူတို့အရှိထက်ကဲလွန်ပြီး သိသလိုလုပ်တတ်ကြတယ်။ အဲလို မသိကိုအသိလုပ်တာ အန္တရာယ်ကြီးတယ်။
မသိနားမလည်ခြင်းဟာ သတင်းအချက်အလက် မရတာ၊ မစုံတာ၊ ဗဟုသုတမကုံလုံတာ၊ ပညာအားနည်းတာလို့ ယူဆကြတယ်။ အဲတာက တော်သေးတယ်။ အဲလိုယူဆသူတွေက ပညာရေးကို ဖြေဆေးလို့ တွက်ဆပါလိမ့်မယ်။ ဒါပေမယ့် ပညာရေးဆိုတာ အသေအချာသင်ပေးထားလည်း မှန်းဆသိတဲ့ယုံကြည်မှုကိုသာ ရစေတယ်။ ဥပမာ ကားမောင်းပညာသင်ခိုင်းမယ်။ မတော်တဆဖြစ်မှု နည်းမလာစေပဲ တိုးလာစေတယ်။ ဘာလို့လည်း။

သင်တန်းတက်ထားသူက ငါတော့ ကားမောင်းပညာကို တတ်ထားပြီးသူဖြစ်တယ်လို့ မှတ်ယူမယ်။ အောင်လက်မှတ် ရတာနဲ့ ကားမောင်းပညာအိတ်စပတ်ကြီးလို့ မှတ်ယူလိုက်တော့တယ်။ တိုက်ကုန်ရော။ သင့်ကိုယ်သင် သင့်မကောင်းဆိုးဝါးမှုရဲ့ရှေ့နေလို စဉ်းစားကြည့်ပါ။ ကိုယ်ချလိုက်တဲ့ တလွဲပါသွားတဲ့ကောက်ချက်ကို ကိုယ်ဘယ်လောက် သဘောကျနေပါသလည်း။ ကိုယ်လည်း တခါတလေမှားတတ်တယ်လို့ ပြောကြည့်ပါ။ အရာရာဟာ ထင်ထားသလို ဖြစ်မလာပါလားလို့ တွေးကြည့်ပါ။ အဲဒီလေ့ကျင့်ခန်းကနေ တိုးတက်မှုတွေ ရရလာပါလိမ့်မယ်။ အဲဒီနည်းကို ချားလ်စ် လော့ဒ်က ဆန့်ကျင်ဖက်ကို စဉ်းစားပေးခြင်းလို့ခေါ်တယ်။

အဲလို လုံခြုံအောင်ကာကွယ်ရေးတွေလုပ်ထားတဲ့အထဲက အမှားတွေကို တွေ့ပါအုန်းမယ်။ မှားတတ်တာကိုအနိုင်ယူမယ့် ကစားပွဲမှာ ကိုယ်ကအသာစီးရလာပြီဆိုရင် ကောင်းတယ်။ တချို့မှာ ဆုံးဖြတ်ချက်အတွက် သံသယတွေဖြစ်လာရင် လေဖြတ်သလို မလှုတ်နိုင်မရွေ့နိုင်ဖြစ်ကြတယ်။ ရတာနဲ့ တင်းတိမ်ထားပါအုန်း။

လူသားတွေရဲ့မူလဘူတ ဘယ်ကဆိုတာအကို အဖြေရှာသလိုပါပဲ။ ဘယ်သူမှာ ကံသေကမ္မမပြောနိုင်ပါ။ နည်းနည်းလေးသာသိသူရော အများကြီသိထားသူကပါ အင်း ဒီပြဿနာကြီးကို သိပ္ပံနည်းနဲ့ရှာလို့ရမှာမဟုတ်ဘူးလို့ မှတ်ကြတာချည်းပဲ။

ဆိုကရေးတီးရဲ့ အသိဉာဏ်အယူအဆအရ အေသင်သားအတွေးအခေါ်ပညာရှင်တွေက သူတို့အသိဉာဏ်အရ သိတာဆိုလို့ ဘာမှမသိပါတကားတဲ့။ ကနေ့ဖြစ်နေတာတွေကတော့ ငါဟာ အတော်တော့သိသူပါတကားတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၅
၂၈-၁၂-၂ဝ၁၈

Food Storage and Safety Guidelines အစားအသောက် သိုလှောင်ခြင်း

၁။ သမီး စိတ်ထဲမရှင်းတာလေး မေးချင်လို့ပါ။ အစားအသောက်တွေ အသားတွေ ချက်ထားတဲ့ဟင်းကို ရေခဲသေတ္တာထဲ ဘယ်နှစ်ရက် ထားသင့်ပါသလဲဆရာ။ သမီးသူငယ်ချင်းက တပတ်လောက်ဘပဲထားထား ဘာမှမဖြစ်ပါဘူးတဲ့။ သမီးကတော့ ၂ ရက်လောက်ဘဲထားသင့်တယ်။ အသားအစိမ်းဆိုရင်တော့တမျိုးပေါ့။ ချက်ပြီးသားဆိုရင် ၂ ရက်ထပ် ပိုထားရင် ကျန်းမာရေးအရမကောင်းပါဘူးလို့။ သူကအဲ့လိုမဟုတ်ပါဘူးရတယ်တဲ့။ အဲ့ဒါ စိတ်ထဲမရှင်းမလင်း ဖြစ်နေလို့ပါဆရာ။

၂။ ဆရာရှင့် ရေခဲသေတ္တာသုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်စေပါသလားရှင်။ အသားငါးများ၊ အရွက်၊ အအေး၊ ဥ၊ နို့ လက်ဖက်တို့ကို ရေခဲသေတ္တာထဲတွင် ကြာရှည်ထားပြီး စားသောက်ခြင်းများသည် ကျန်းမာရေးကို သိသိသာသာ ထိခိုက်နိုင်ပါသလားရှင်။ ရေခဲသေတ္တာအသုံးပြုခြင်းသည် ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် ဆိုင်မဆိုင်ကိုလည်း ဖြေကြားပေးစေချင်ပါတယ်ရှင့်။

၃။ မင်္ဂလာပါဆရာ ကျွန်တော်သိချင်တာလေး မေးပါရစေ။ အခုတော့ပြည်ပမှာဆိုတော့ တယောက်တည်းချက်စားပါတယ်။ တယောက်ထဲဆိုတော့ ဟင်းတခါချက်ရင် ၃ရက်စာလောက်ချက်ထားပြီး အပူပေးတဲ့စက်နဲ့ မနက်တခါ ညတခါ နွှေးနွှေးစားပါတယ်။ ၃ ရက်ဆိုတော့ ပြန်နွေးတဲ့အကြိမ်ရေက ၆ ကြိမ်လောက်ဖြစ်နေပါတယ်။ အသီးအရွက်တွေရော အသားငါးပါ ဒီလိုဘဲချက်ချက်စားဖြစ်ပါတယ်။ ကျန်းမာရေးအရ သင့်တော်လား မသင့်တော်ဘူးလား ကျေးဇူးပြုပြီး ဗဟုသုတအနေနဲ့ရော ကျန်းမာရေးအရပါ သိပါရစေဆရာ။ စာလုံးပေါင်းတာတွေမမှန်ရင်လည်း ခွင့်လွှတ်ပေးပါ။

သင့်တင့်တဲ့ အပူချိန်မှာထားသိုတာက စားလို့ ရောဂါ မရစေလောက်ပါ။ အစားအသောက်ဆိုတာ ထားတာကြာလေ အာဟာရဓါတ်နည်းလေး။ ပရိုတင်းလိုဓါတ်က မလျော့နိုင်။ အသီးအရွက်တွေက လျော့စေနိုင်။ ရောဂါတော့ မရလောက်။

• အစားအစာတွေကို တနပ်စာထက်ပိုနေတာမှန်သမျှ ထားသိုဘို့လိုရင် စတနစ်တကျ ထားသိုတတ်ရပါမယ်။
• အစားအစာရဲ့ အရည်အသွေး၊ အနံ့-အရသာ၊ အာဟာရဓါတ်တွေ မနည်းစေ၊ မပျက်စီးစေအောင် သတိထားရမှာ ဖြစ်ပါတယ်။
• မထားသိုတတ်လို့ အစားအစာပုပ်သိုးပြီး စာမိရင် အစာဆိပ်သင့်ပါမယ်။
• အခြေခံအားဖြင့် ရေခဲသေတ္တာထဲမှာ ထားသိုရပါမယ်။ တချို့ကို အစားသိုဘီရို (ကြောင်အိမ်) မှာ ထားရပါမယ်။ ဥပမာ ဆန်၊ ဂျုံ၊ ပဲ။ ပျက်စီးလွယ်တဲ့ အသီး၊ ဟင်းသီးဟင်းရွက်တွေကို အတိုင်းအဆနဲ့သာဝယ်သင့်ပါတယ်။
• အသား၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်အစားအစာတွေကို ရေခဲသေတ္တာထဲမှာ အအေးဆုံးနေရာမှာထားရမယ်။ ရေခဲသေတ္တာထဲမှာလဲ ပြည့်ညပ်နေအောင် မထားသင့်ပါ။
• ချက်ပြုတ်ပြီးသားအစာတွေကို လေလုံအောင်ထုပ်ပိုးပြီးမှ သိမ်းရပါမယ်။ ဒါမှမဟုတ် zip lock pouches ဇစ်ပိတ်ပါတာမျိုးနဲ့ထားပါ။
• ရေခဲသေတ္တာကို ၁၅ ရက်တခါ သန့်ရှင်းရေးလုပ်ပါ။ ဟောင်း၊ သိုးနေတာမျိုး အစအန မကျန်ပါစေနဲ့။
• ခဲခန်းအပူချိန်ကို 0ºF အောက်မှာသာထားပါ။
• ခဲထားတဲ့ ပဲ + ကြက်သားအစားတွေကို ခဲခန်းထဲမထားပါနဲ့။
• soups, stews and casseroles တွေကို ပြန်အပူပေးတာနဲ့ ပြန်အေးခဲအောင်လုပ်တာ ရှောင်ကျဉ်ပါ။
• စားလို့မကုန်တာကိုသိမ်းထားရင် နေ့စွဲရေးမှတ်ထားပါ။ မြန်မြန်စားသုံးပါ။
• ထားစရာကိုလဲ အချိန်မှန် သန့်ရှင်းရေးလုပ်ပေးပါ။
• ထားသိုတဲ့အစားအစာဟာ အရည်အသွေး အနည်းနဲ့အများ လျှော့ပါတယ်။
• ထားစရာအခန်းသာမက ကိုင်တွယ်တဲ့လက်ကလဲ သန့်ရပါမယ်။

အစားအစာအမျိုးအစားအလိုက် ဘယ်နေရာမှာ ဘယ်လောက်ကြာထားနိုင်သလဲ
အခန်းတွင်းအပူချိန် = (70° F)၊ ရေခဲသေတ္တာ = (37° to 40° F)၊ အခဲခန်း = (0 °F)
• ပေါင်မုန့် အခန်းတွင်း = ၃-၅ ရက်။ အခဲခန်း = ၃ လ
• ကိတ်မုန့် ရေခဲသေတ္တာ = ၂-၄ ရက်၊ အခဲခန်း = ၂-၄ လ
• ချိစ် ရေခဲသေတ္တာ = ၁-၄ ရက်၊ အခဲခန်း = ၁-၆ လ
• ထောပတ် ရေခဲသေတ္တာ = ၁-၃ လ၊ အခဲခန်း = ၉-၁၂ လ
• ရေခဲမုန့် ရေခဲသေတ္တာ = မထားရ၊ အခဲခန်း = ၁-၂ လ
• နို့ ရေခဲသေတ္တာ = ၇ ရက်၊ အခဲခန်း = ၁ လ
• ရောဂတ် ရေခဲသေတ္တာ = ၇-၁၄ ရက်၊ အခဲခန်း = ၁-၂ လ
• ပန်းသီး အခဲခန်း = ၃-၅ လ
• ငှက်ပျောသီး အခန်းတွင်း။
• စပျစ်သီး၊ သင်္ဘောသီး၊ မာလကာသီး၊ ရေခဲသေတ္တာ = ၁-၂ ပတ်
• သံပုရာသီး၊ အခန်းတွင်း= ၇ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• လိမ်မော်သီး အခန်းတွင်း= ၃-၄ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• ဖျော်ရည် ရေခဲသေတ္တာ = မဖွင့် ၃ ပတ်၊ ဖွင့် ၇-၁ဝ ရက်၊ ခဲခန်း = ၈-၁၂ လ။
• ဝက်အူတောင့် ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁-၂ လ။
• ကြက်သား ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁၂ လ။
• ပီဇာ ရေခဲသေတ္တာ = ၃-၄ ရက်။ ခဲခန်း = ၁-၂ လ။
• အစေ့အဆံ အခန်းတွင်း = ၃-၄ လ။ ရေခဲသေတ္တာ = ၁၂ လ။ ခဲခန်း = ၂၄ လ။
• တို့ဖူး ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၅ လ။
• ဟင်းသီးဟင်းရွက် ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၈-၁၂ လ။
• မှို ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၈-၁၂ လ။
• ခရမ်းချဉ်သီး ခဲခန်း = ၃-၄ လ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၃
၂၉-၁၂-၂ဝ၁၈

Highest IQs in History ဉာဏ်ရည်အမြင့်ဆုံးပုဂ္ဂိုလ်များ

ဆရာရှင့် သမီးရဲ့ သမီးလေးက အခုလေးလရှိပါပြီ။ ကလေးတွေရဲ့ ဦးနှောက်အဖွံ့ဖြိုးဆုံးအချိန်က မွေးစကနေ နှစ်နှစ်အတွင်းလို့ သိရပါတယ်။ သမီးလေးကို ဦးနှောက်ကောင်းကောင်းဖွံ့ဖြိုးအောင် ပြုစုပျိုးထောင်ပေးချင်ပါတယ်။ မြန်မာပြည်မှာဖွင့်ထားတဲ့ right brain development school တွေက ၆လကနေ စတက်လို့ရတယ်တဲ့။ ဒါပေမဲ့ သင်တန်းကြေးတွေ အရမ်းများလို့ ကိုယ့်ဘာသာလေ့လာချင်လို့ပါ။ အဲဒါ right brain development, left brain development နဲ့ပတ်သက်ပြီး ကလေးတွေကို ပြုစုပျိုးထောင်နည်းတွေ လေ့လာသင်ကြားနိုင်တဲ့ website name တွေ သိချင်ပါတယ်ရှင့် parenting နဲ့ပတ်သက်ပြီး လေ့လာလို့ရမဲ့ website တွေရော Facebook မှာရှိရင်လဲသိချင်ပါတယ် ငွေကြေးအများကြီး အကုန်မခံနိုင်ပေမဲ့ သမီးလေးကို အကောင်းဆုံးပျိုးထောင်ပေချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာပါစေရှင့်။

ကလေးတွေရဲ့ဉာဏ်ရည်ကောင်းစေချင်ကြတာ မိဘတိုင်းလိုလိုပါ။ ကိုယ့်သားသမီးတွေကို အကောင်းဆုံး အတော်ဆုံး ဖြစ်စေချင်ကြတာ သားသမီးကိုချစ်ကြလို့ပါ။ ကောင်းတယ်။ ခဏခဏမေးကြတဲ့ ဉာဏ်ကောင်းဆေး မရှိပါ။

ဉာဏ်ရည်ကို ဘယ်လိုကောင်းစေမလဲ
သီအိုရီတွေ၊ နည်းလမ်းတွေ အမျိုးမျိုးရှိတယ်။ သင်တန်းတွေ ကျောင်းတွေလည်း ရှိလာတယ်။ ထိရောက်မှု ဘယ်လိုပါလဲ။ ခိုင်မာတဲ့သုတေသန မတွေ့သေးပါ။ တလောကပဲ အိုင်ကျူ နဲ့ အီးကျူစာ တင်ပါတယ်။ အဲဒီနှစ်ခုက ဉာဏ်ရည်ကို စနစ်တကျတိုင်းတာနည်းဖြစ်တယ်။ ဉာဏ်သာမကာ အသားဖြူချင်သူ၊ အရပ်ရှည်ချင်သူ၊ ချေမောလှပချင်သူတွေ အလွန်ကိုများတယ်။ ဆေးတွေတော့ ရောင်းကောင်းတယ်။ ကျွန်တော့်မှာက အချိန်ကုန်ရတယ်။ ကြော်ငြာဆေးတွေသာ ရှိတယ်။ ဉာဏ်ကောင်းဆေးလည်း မရှိပါ။ ဆောရီး။

သက်ရှိအားလုံးဟာ သန္ဓေတည်ကတည်းက ပြဋ္ဌာန်းချက်တွေပါလာပြီးဖြစ်တယ်။ ပါလာပြီးဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာတွေကို ပြုပြင်လို့ မရသလောက်ခက်ခဲတယ်။ မွေးရာပါလာမယ့်ရောဂါရှိနေမှန်းသိရင် မဆိုးစေအောင်သာ တတ်နိုင်သေးတယ်။ ကာကွယ်ဖို့ အလွန်မလွယ်တာတွေ၊ ပြုပြင်လို့မရသလောက်ခက်ခဲတာတွေသာဖြစ်တယ်။ ဆောရီး။

ဉာဏ်ပညာကိုတော့ တမျိုးကြိုးစားနိုင်တယ်။ အဲတာမှာ အကန့်အသတ်ကြီးတယ်။ မျိုးဗီဇကို ပြင်မရပါ။ ပညာဆိုတာ လေ့လာသင်ယူမှုနဲ့ ပိုကောင်းစေနိုင်တာ အမှန်ဖြစ်တယ်။ မွေးကတည်း မြင်မြင်သမျှ ကြားကြားသမျှကို စူးစမ်း လေ့လာ သင်ယူနေတယ်။ ကလေးငယ်တွေကို ဘယ်လိုသင်ပေးရမလဲအသိမှာ မိဘတွေကမတူကြပါ။ စကားမပြောတတ်ခင်မှာ စကားပြောပေးတာ ကလေးကိုအသိတိုးစေတာ မှန်တယ်။ သစ်ပင်ပန်းပင်လေးတွေကို တေးဂီတနဲ့ ဆွဲဆောင် မွမ်းမံလို့ ရနိုင်တယ်။

ကလေးတွေ အိမ်မှာသင်ပေးတာ၊ ကျောင်းမှာသင်ပေးတာနဲ့ ပတ်ဝန်းကျင်ကနေသင်ပေးတာရယ်လို့ နေရာသုံးမျိုးရှိတယ်။ ပိုက်ဆံတွေအများကြီးပေးရတဲ့ကျောင်း ကောင်းနိုင်ပါတယ်။ အစိတ်အပိုင်းလေး တခုသာဖြစ်တယ်။ သင်စရာနေရာ သုံးခုထဲက တခုသာဖြစ်တယ်။

ကမ္ဘာ့ အိုင်ကျူအမြင့်ဆုံး (၁ဝ) ဦးစာရင်း

၁ဝ။ Stephen Hawking – IQ 160 စတီဖင် ဟောကင်း
ဗြိတိသျှ ရူပဗေဒပညာရှင်။ Big Bang Theory နဲ့နာမည်ကြီးသူ။

၉။ Albert Einstein – IQ 160-190 အဲလ်ဗတ် အိုင်းစတိုင်း
ဂျမန်နိုင်ငံမှာမွေးတဲ့ Ashkenazi Jew အက်စ်ကင်နာဇီ ဂျုး (လိုက်နာမှုမပြု)၊ ရူပဗေဒပညာရှင်။ Theory of relativity နဲ့ Quantum mechanics မှာ နာမည်ကြီးသူ။ နယူကလီယာဖြူရှင်းကို ဖြစ်စေမဲ့ သီအိုရီ ၂ ခုထဲကတခုတွေ့သူ။

၈။ Judit Polgar – IQ 170 ဂျူဒစ် ပိုလ်ဂါ
ချက်စ် (စစ်တုရင်) ချန်ပီယံ၊ ဟန်ဂေရီ အမျိုးသမီး။

၇။ Leonardo da Vinci – IQ 180-190 လီယိုနာဒို ဒါ ဗင်ချီ
ပန်းချီ၊ ပန်းပု၊ တေးဂီတ၊ သင်္ချာ၊ အင်ဂျင်နီယားရင်း၊ ဂျီယော်လော်ဂျီ ပညာရှင်။ အီတလီလူမျိုး။ မိုနာလီဇာပန်းချီကား ရေးဆွဲခဲ့သူ။

၆။ Marilyn Vos Savant – IQ 190 မယ်ရီလင် ဗော့စ် ဆားဗင့်
စာရေးဆရာ၊ အမေရိကန်အမျိုးသမီး။

၅။ Garry Kasparov – IQ 194 ဂယ်ရီ ကက်စ်ပါးရော
ရုရှားလူမျိုး ချက်စ် (စစ်တုရင်) ချန်ပီယံ

၎။ Kim Ung-Yong – IQ 210 ကင်မ် အန် ယောင်း
တောင်ကိုရီးယား။ ၆ လသားကတည်းက စကားပြော၊ ၃ နှစ်သားမှာ အင်္ဂလိပ်စာ၊ ဂျာမန်စာ၊ ကိုရီးယားစာနဲ့ ဂျပန်စာ ဖတ်နိုင်။ ယူအက်စ်ကိုရောက်လာပြီး နာဆာမှာအလုပ်ရတယ်။ ကိုရီးယားပြန်သွား ကျောင်းဆရာလုပ်တယ်။

၃။ Christopher Hirata – IQ 225 ခရစ်စတိုဖါ ဟာရာတာ
နိုင်ငံတကာ ရူပဗေဒအိုလန်ပစ်ရွှေတံဆပ်ဆုရ။ ၁၄ နှစ်သားမှာ ကယ်လီဖိုးနီးယား အိုင်တီတက် ၂၂ နှစ်ပါ ပီအိတ်ခ်ျဒီဘွဲ့ရ။ အမေရိကန်လူမျိုး။

၂။ Terence Tao – IQ 225-230 တားရေ့စ် တာအို
သြစတေးလျ သင်္ချာပညာရှင်။ ဟောင်ကောင်ကနေပြောင်းလာသူ။ ယူအက်စ် အယ်လ်အေမှာ ဆရာလုပ်နေသူ။

၁။ William James Sidis IQ 250 – 300 ဝီလီယမ် ဂျိမ်းစ် ဆီဒစ်
အသက် ၁၁ နှစ်သားမှာ ဟားဗတ်ကျောင်းသားဖြစ်။ သင်္ချာသင်ယူ။ အသက် ၄၆ နှစ်မှာ ဦးနှောက်ထဲသွေးထွက်ပြီး ကွယ်လွန်။ ဆောရီး။

အချုပ်
ကျောင်းကောင်းကောင်းကနေ ပါရမီရှိအောင် သင်မပေးနိုင်ပါ။ ပါရမီရှိသူတွေ တချို့ကတော့ အကောင်းဆုံးကျောင်းတွေကို ရောက်ကြတယ်။ အိုင်ကျူအမြင့်ဆုံးဆိုသူတွေဟာ ဘာသာရပ်အမျိုးမျိုးမှာ စိတ်ဝင်စားကြတယ်။

အဲဒီဆယ်ဦးထဲမှာ ဆရာဝန်တွေမပါ၊ စစ်ဗိုလ်ချုပ်တွေမပါ။ Smile!

ဉာဏ်ကောင်းပြီး ကံမကောင်းသူလည်းရှိတယ်။ No Smile!

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၇
၂၈-၁၂-၂ဝ၁၈

ဆရာခင်ဗျာ ကျွန်တော်အသက်က ၃၅နှစ်ပါ စဖြစ်တာကတော့၁နှစ်လောက်ရှိပါပြီတခါတရံ ခေါင်းတခြမ်းထဲ တအားကိုက်ပါတယ် အထူးသဖြင့်ညဘက်အိပ်နေရင်း ထကိုက်လို့ မအိပ်နိုင်ဘဲထထိုင်ရတဲ့အထိဖြစ်ပါတယ် မနက်လင်းရင် ခေါင်းကိုက်ပျောက်သွားပေမယ့်လည်း ဒဏ်ဖြစ်သလိုနာပြီးကျန်ခဲ့ပါတယ်ခင်ဗျာ ကျေးဇူးပြုပြီး ဘာဆက်လုပ်ရမလည်း ဆိုတာလေးပြန်လည်ဖြေကြားပေးပါဆရာ ခေါင်းက ဘယ်ဘက် တခြမ်းထဲကိုက်တာပါဆရာ

Tension headache ကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ https://doctortintswe.blogspot.com/2014/11/tension-headache.html
Cluster headache ကလပ်စတာ ခေါင်းကိုက်ရောဂါ https://doctortintswe.blogspot.com/2017/08/cluster-headache.html
Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html
NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html

Dr. တင့်ဆွေ

Privacy ပုံပို့ခြင်း စည်းကမ်း

(ကန်တော့ပါ)

အရင် ၄-၅-၁ဝ ခါတင်ပြီးသား။ အခုပဲ ယောက်ျားလိင်အင်္ဂါပုံတွေနဲ့ မေးလာပြန်လို့။ တချို့က ကလေးဝမ်းပုံနဲ့တခု၊ တယောက်က ယောက်ျားသုက်ရည်ပုံ။ တယောက်က လူကြီးဝမ်းပုံ။ တယောက်က ကလေးအညစ်အကြေးပုံနဲ့ မေးတယ်။

လိင်လမ်းပုံတွေ၊ အညစ်အကြေးပုံတွေကို လိုသလားမေးပြီးမှသာ ပို့ကြပါလို့ ရေးရပေါင်းများပြီ။ ဝမ်း၊ သလိပ်၊ သွေးဆိုတာ မျက်စိနဲ့ကြည့်ရတာမျိုး မဟုတ်ပါ။ မိုက်ကရိုစကုပ် ခေါ် အနုကြည့်မှန်ဘီလူးနဲ့သာ စစ်ရတာ။

ကျွန်တော့်မှာ ရုံးခန်းမရှိပါ။ ကိုယ့်အိမ်မှာပဲ စာတွေရေး၊ မေးတာတွေဖြေရပါတယ်။ ကျွန်တော့်အနားမှာ မိသားစုဝင်တွေ၊ အလည်လာသူတွေက အမြဲလိုလိုရှိတတ်တယ်။ တခါတလေ ဘုန်းကြီးကျောင်းမှာ။ တခါတလေ စာသင်ကျောင်းမှာ။ အရုပ်တွေက မေးခွန်းနဲ့အတူ တန်းပေါ်လာတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေလည်း မဖွင့်ရဲပါ။

လိင်လမ်းပုံကို ယောက်ျားတွေရော အမျိုးသမီးတွေကပါ ပို့တယ်။ ပုံတွေပို့ရင် လုံခြုံရေးကို သတိထားရတယ်။ ကျွန်တော်က သမားကျင့်ဝတ်သာ စောင့်ထိန်းနိုင်ပေမယ့် အင်တာနက်ကို ဘယ်သူမှ မပိုင်ပါ။ လူကြီးမင်းတို့ ပရိုက်ဗေစီ၊ ကျွန်တော့် ပရိုက်ဗေစီ သတိထားစေလိုပါတယ်။

ဆရာဝန်ဖြစ်လို့ ညစ်ပေတာတွေကို မကြောက်ပါ။ သားဖွားခန်းနား ကလေးမွေးတာစောင့်ရင်း အစာစားတတ်ပါတယ်။

မေးခွန်းတွေမှာ အသက်ကိုတော့ မပြောချင်ကြသူ အတော်ကြီးကိုများတယ်။ ဘာလို့လဲ အခုထိ စဉ်းစားမရ။

လူကြီးဝမ်းပုံရတော့ ကျွန်တော်က အခု ညစာစားတော့မှာ။ အခုကလေးဝမ်းသွားတဲ့ပုံလာတော့ မနက်ထ ကော်ဖီနဲ့ ပေါင်မုံ့ ထောပတ်သုက်စားရင်း မေးခွန်းတွေကို ဖြေနေပါတယ်။ လိင်အင်္ဂါပုံတွေလာချိန်မှာ အိမ်သားတယောက်မဟုတ် တယောက်က ဖြတ်သွားနေချိန်။ ကျေးဇူးပြုပြီး အခြေခံအကျဆုံးယဉ်ကျေးမှုကို သတိပြုစေလိုပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၇
၂၉-၃-၂ဝ၁၈
၉-၄-၂ဝ၁၈
၁၈-၄-၂ဝ၁၈
၂၈-၁၂-၂၀၁၈

တီဗွီဆိုတာ ရုပ်မြင်သံကြား

အသက် ၃ နှစ်နဲ့ ၂ လပါ ယောက်ျားလေးပါ နှာစေး ချောင်းဆိုး ဖျားနေလို့ ကလေးတီဗီရောဂါအကြောင်းရေးသားထားတဲ့စာတွေ ဖတ်ချင်လို့ပါရှင့် link ချပေးပါရှင့်

Primary Complex ကလေးတီဘီ https://doctortintswe.blogspot.com/2016/11/primary-complex.html

Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html

ရောဂါ ၂ မျိုးက မတူပါ။ တီဘီလို့သာ ရေးရတယ်။ တီဗီ တီဗွီ ဆိုတာ ကြည့်ရတာ။ ရုပ်မြင်သံကြား။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၈

နေ့တိုင်းလည်း ၂၀ လောက်

ဆရာမင်္ဂလာပါ ကန်တော့ပါနော်ဆရာ တင်ပါးမှာသွေးစုနာဘုသေးသေးတခုစပေါက်လာလို့ အရင်ကလည်းပေါက်ဖူးပါတယ် ဘယ်လိုလုပ်ရမလဲမသိလို့ပါဆရာ

ကလေး လူကြီး မသိ။ အသက် မသိ။ ကျား-မ မသိ။ မေးနည်းပို့လိုက်တယ်။ ကနေ့တရက်တည်းမှာ မေးနည်းပို့ရတာ လူ ၂၀ လောက်ရှိတယ်။ နေ့တိုင်းလည်း ၂၀ လောက်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၈

ကွန်မင့်တွေကို ပြန်ရေးခြင်း

၁။ ဆရာဒီမိုကရေစီအရေးကဆရာအတွက်ပဲနော် အခုတော့ တယောက်တည်း ဒီမိုကရေစီနိုင်ငံကြီးမှာ ဒီမိုကရေစီတွေရလို့ မနာလိုဘူးဗျာ

တယောက်တည်းတော့ မဟုတ်ပါ။ ဒီတိုင်းပြည်မှာ မြန်မာပြည်ကနေလာနေသူ ဘယ်နှစ်သိန်းရှိလဲ မပြောတတ်သေး။ တသိန်းကျော်တာတော့ သေချာသိတယ်။ ကျွန်တော့်အရင် အနှစ် ၂၀ လောက်ကရောက်နေသူတွေလည်းရှိတယ်။ လေ့လာဆန်းစစ်မှုမဟုတ်လို့ % ပြောတာလွဲနိုင်တယ်။ ဆောရီး။ ဒီမိုကရေစီရေးမှာ မပါခဲ့သူ အနည်းဆုံး ၈၅% ရှိနိုင်တယ်။

၂။ မြန်မာမှာထက်နေရတာမတော်ဘူးလားဆရာ

ဒုတိယကွန်မင့်ကို ၃-၄-၅ ခါဖတ်ရတယ်။ မြန်မာပြည် မြန်မာနိုင်ငံလို့မရေးတော့ တိုင်းပြည်လား စကားလား လူမျိုးလား အစားအစာလား အမျိုးမျိုးလှည့်စဉ်းစားနေရတယ်။

ဂွတ်နိုက်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး