ဒေါင်းမြန်မာဘတ်စာ

ကျွန်တော်တို့ခေတ်က ကျောင်းတွေမှာ ပြဋ္ဌာန်းတယ်။ ဒေါင်းဘတ်စာလို့ အလွယ်ခေါ်ကြတယ်။

တလောက ခွပ်ဒေါင်းတွေ ပြန်ဆုံကြတဲ့ပွဲဖိတ်စာမှာ ဒို့တစ်တွေလို့ ရေးတယ်။

ကျောင်းသားမဟုတ်သူတွေကို ကဒေါင်းတွေလို့ ပြောလေ့ရှိတယ်။ သူတို့ကလည်း တို့တစ်တွေတဲ့။

တနေ့က ဆေးမန်းကသူငယ်ချင်းတွေပြန်ဆုံကြတဲ့ပွဲမှာ တို့တတွေလို့ ရေးတယ်။ ဆရာဝန်တွေက ဒေါင်းဘတ်စာအုပ်စု။

ဒီမိုကရေစီရေးဆိုတာ တကို တစ်ရေးခိုင်းတာကိုးလို့ သဘောပေါက်သွားတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး