Wish ကျွန်တော့် ဆုတောင်း

သတ်ပုံအမှားတွေပါတဲ့ ဆုတောင်းစာတွေ ရာသီတိုင်းမှာ လာတယ်။ သင်္ကြန်၊ သီတင်းကျွတ်၊ နှစ်သစ်ကူး။

နှစ်ကူးပြောင်းတော့မဲ့ ဒီဆောင်းရာသီမှာ🎵 ✨
✨🌻  ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹  အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨

ကြံစည်လို့သာ ရေးရတယ်။ စဉ်တိုက် ဆက်တိုက်၊ စီစဉ်သည်၊ ပျက်အစဉ် ပြင်ခဏ၊ လွင့်စဉ်၊ သွားစဉ်လာစဉ်၊ အစဉ်မပြတ်၊ အစဉ်အလာ၊ အစီအစဉ်၊ နေ့စဉ်မှတ်တမ်း။

လှူဒါန်းသည်၊ ပေးလှူသည်၊ အလှူတော်၊ အလှူအတန်း၊ အလှူဒါန လို့ရေးရတယ်။ နာမ် နဲ့ ကြိယာ အသုံးမတူပါ။

အမှားတွေ မဝေသင့်။ အမှားတွေ မရေးသင့်။ အမှားတွေ နှစ်သစ်မှာ ယူမလာသင့်ကြပါ။ အဲတာ ကျွန်တော့် ဆုတောင်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး