How to Eat for Better Blood Sugar ဆီးချိုသမား အချိုဘယ်လောက်စားမလဲ

အခုစာက သူများတိုင်းပြည်ကဆေးပညာစာကို ကိုးကားရေးတာပါ။ သူတို့ဆီမှာ စားတာသောက်တာက ကျွန်တော်တို့တိုင်းပြည်နဲ့ အတော်ကိုမတူပါ။ အတတ်နိုင်ဆုံး ဆီလျှော်အောင်တော့ ကြိုးစားရေးပါမယ်။

လူတိုင်းဟာ နေ့တိုင်း အချိုဓါတ်စားကြရတယ်။ သကြားလို့လည်းခေါ်တယ်။ ဂလူးကို့စ်လို့လည်းခေါ်တယ်။ သကြားနဲ့ ထန်းလျက်မှာသာမဟုတ်ပါ။ အစားအသောက် အတော်များများမှာ အဲဒီအချိုဓါတ်ပါတယ်။

အချိုဓါတ်သွေးထဲရောက်လာတာနဲ့ ခန္ဓာကိုယ်စနစ်ကနေ ထိန်းပေးတယ်။ အဲဒီစနစ်မှာ ချို့ယွင်းနေသူ ဆီးချိုရောဂါရတယ်။

ဆီးချိုရှိနေသူ အစားအသောက်ကို သည်လိုခွဲခြားပါ။

၁။ အသီးအရွက်တွေကရတဲ့အချိုဓါတ်က ၅၀% ရှိပါစေ။
၂။ ပရိုတင်းဓါတ် (အသား-ငါး-ဥ-ပဲ) ၂၅% နဲ့
၃။ ဆန်၊ ဂျုံ၊ ပြောင်း ကရတာလည်း ၂၅% ရှိပါစေ။
၎။ အသီးတမျိုးမျိုးလည်း ပါပါစေ။

အဲဒီအစားအစာတွေကရတဲ့ အချိုဓါတ်ရာခိုင်နှုန်းကိုပြောတာလို့ သတိပြုရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး