Pillars of a Nation မဏ္ဍိုင်ကြီးများ အားထားရသလား
• ကျောင်းသားအရေးမှာ အခုထိကြားရသမျှ အစိုးရကပြောတာတွေရော လွှတ်တော်ကပြောတာတွေပါ တခုမှအားမရပါ။
• စတုတ္ထထဲက တခြမ်းပဲ့ကိုလည်း မကြိုက်ပါ။ တတိယမဏ္ဍိုင်လည်း ယိုင်ယိုင်နဲ့ လာတော့မယ်။
• မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့မဏ္ဍိုင်ကြီး လေးခုဆိုပြီး ပြောကြဆိုကြပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စာနယ်ဇင်း (မီဒီယာ)။
• သူများဆီမှာက ၅ ခုဆိုတာလည်းရှိတယ်။
• Five Important Pillars ထိရောက်တဲ့ ကိုယ်တိုင်အုပ်ချုပ်ရေးအတွက် အရေးပါတဲ့ တိုင်ကြီးငါးခုရှိတယ်။ အဲတာတွေကို အစဉ်အလာတန်ဖိုးထားမှုတွေနဲ့ ခေတ်မီခြင်းရောပြွမ်းရမယ်တဲ့။
1. The People ပြည်သူပြည်သားများ၊
2. The Land နယ်မြေပထဝီ၊
3. Laws and Jurisdiction ဥပဒေနဲ့ တရားစီရင်ပိုင်ခွင့်၊
4. Institutions အင်စတီကျူးရှင်း (အသင်းအပင်း၊ အဖွဲ့အစည်း) တွေ နဲ့
5. Resources ရင်းမြစ်တွေ။
Democracy မှာတော့ (၄) ခုတဲ့။
1. Freedom လွတ်လပ်မှု၊
2. Representation ကိုယ်စားပြုမှု၊
3. Equality ညီမျှမှု၊
4. Justice တရားမျှတမှု။
တိုင်ဘယ်နှစ်ချောင်းနဲ့ဆောက်ထားထား၊ ကနုတ်ပန်းတွေလုပ်ထားထား၊ ချမစားအုံးမှ။
- သစ်သားတွေကို ကိုက်စားတဲ့အင်းဆက် = Termites ချ၊ Carpenter ants ပုရွက်ဆိပ်၊ Powderpost beetles ဘီတယ်လ်ပိုး။
- သစ်သားတွေကို ဆွေးစေတဲ့မှို = Dry-rot fungi ဖန်းဂတ်စ်။
ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၅

Comments
Post a Comment