Lack of Sunlight may Cause Myopia

နေအလင်းရောင်နည်းလို့ မျက်စိမှုံကြရတယ်

• Myopia (မိုင်အော့ပီးယား) ခေါ်တဲ့ အနီးမြင် (အဝေးမှုံ) ဖြစ်တာကို လွန်ခဲ့တဲ့ နှစ် ၃ဝ ကြာ ဆန်းစစ်လေ့လာလို့ သိရတာဖြစ်ပါတယ်။ တချို့နေရာဒေသတွေမှာ ၈ဝ-၈၉% အထိများတယ်။
• စာသင်ခန်းတွေမှာ အလင်းရောင် မလုံလောက်တာက အကြောင်းတချက်ဖြစ်တယ်။
• နေရောင်မလုံလောက်သူတွေမှာ ဗီတာမင် (ဒီ) လည်းနည်းလို့ Rickets အရိုးပျော့ရောဂါလည်း ရစေနိုင်တယ်။
• စင်္ကာပူ၊ တိုင်ဝမ်နဲ့ တရုပ်ပြည်တွေမှာ (မိုင်အော့ပီးယား) ဖြစ်နေတာ ကပ်ရောဂါလိုပဲ။ အနောက်နိုင်ငံတွေမှာလည်း ဖြစ်နှုန်းတိုးလာနေတယ်။ ဘာလို့အဲလိုမှုံကြသလည်း လေးလာမှုတွေ အနှစ် ၁၅ဝ ရှိပေမယ့် တိတိကျကျမသိရသေးပါ။
• နေရာင်အရနည်းတဲ့ ဆောင်းရာသီမှာပိုဆိုးတယ်။ စာသင်ခန်းထဲမှာ အချိန်ပိုကြာတဲ့ကျောင်းသားတွေမှာ ပိုဖြစ်တယ်။
• နောက်ဆုံးတွေ့ရှိချက်အရ ဗီတာမင် (ဒီ) နည်းတာထက် နေအလင်းရောင်နည်းတာကြောင့် (မိုင်အော့ပီးယား) ပိုဖြစ်တာကို သိလာရတယ်။
• အဲတာကြောင့် ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က အနီးမှုံဖြစ်နေတယ်လို့ ပြောရတော့မယ်။
• တဖက်သပ်စွပ်စွဲတာ မသင့်ပါ။ မျိုးဗီဇကြောင့်လည်း ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး