Y'all So Stupid အားလုံးညံ့သလား
• မြန်မာတွေက PR (Public Relation) ကို စိတ်မဝင်စားကြဘူး။ လေ့လည်းမလေ့လာကြဘူး။ ဒီတော့ အသုံးမချတတ်ဘူးလို့ အစချီပြီးရေးတာကို တယောက်က မြန်မာတွေ PR ညံ့တယ်လို့ ခေါင်းစီးတပ်တင်ထား တွေ့ရပါတယ်။
• ကျွန်တော်ကတော့ မြန်မာတွေလို့ သန်း ၅ဝ ကိုခြုံပြောသလိုဖြစ်တာကို သဘောမတူပါ။ အဲလို သိမ်းကြုံးပြောတဲ့ တခြားဝေါဟာရတွေကို သဘောမတူကြောင်းလည်း ထောက်ပြနေကြပါ။
• အင်္ဂလိပ်ဆိုတာထက် ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်တယ်၊ ဂျပန်ဆိုတာထက် ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်တယ်။ မြန်မာ့တပ်မတော်ဆိုတာထက် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တယ်လို့ သုံးနှုန်းတာက သင့်မြတ်ပါတယ်။
• အားနည်းချက်တွေ၊ ပြောစရာတွေရှိပေမဲ့ လူအများစု လူထုကို နှိမ်ရာကျတာ၊ စိတ်ပျက်အားငယ်စေမှာမျိုးကို ရှောင်သင့်တယ်လို့ယူဆပါတယ်။
• ကျောင်းဆရာဆရာမတွေဟာ မင်းတို့တကျောင်းလုံးညံ့တယ်လို့ မပြောကြပါ။
ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၅

Comments
Post a Comment