Color of our blood သွေးဆိုတာ အမြဲတမ်းနီတယ်

• သွေးဆိုတာ အောက်စီဂျင်ပြည့်ဝနေမှ နီရဲတယ်လို့ ပြောလေ့ရှိကြတယ်။ အောက်စီဂျင်မရှိရင် မနီတော့ဘူးလို့ ပြောကြတယ်။ အဲတာ Myth အစဉ်အလာပြော၊ အရပ်ပြောသာ ဖြစ်တယ်။
• အောက်စီဂျင်ကို အသက်ရှူလိုက်တဲ့လေထဲကနေ သွေးနီဥတွေက စုပ်ယူပေါင်းစပ်လိုက်တယ်။
• Artery သွေးလွှတ်ကြောထဲကသွေးမှာ အောက်စီဂျင်ရှိနေလို့ Bright red နီရဲနေပြီး၊ Vein သွေးပြန်ကြောထဲကသွေးက Dark red အနီရောင်ရင့်မှိုင်းနေမယ်။
• RBC သွေးနီဥမှာ Hemoglobin ဟီမိုဂလိုဘင်ဆိုတာပါတယ်။ အဲတာကို Iron သံဓါတ်နဲ့လုပ်ထားတယ်။ သံဓါတ်နဲ့ အောက်စီဂျင်ပေါင်းလိုက်ရင် သွေးဟာ အနီ + လိမ်မော်ရောင်၊ တနည်းအားဖြင့် Mars အင်္ဂါဂြိုလ်အရောင်နဲ့ တူလာတယ်။
• တချို့ တိရစ္ဆာန်တွေမှာ ကြေးနီဓါတ်ပါတယ်။ အောက်စီဂျင်နဲ့ပေါင်းရင် သွေးအရောင်က စိမ်းပြာပြာဖြစ်တယ်။ ရှေးဟောင်းအဆောက်အဦတွေအမိုးကို ကြေးနီနဲ့လုပ်ထားလို့ စိမ်းပြာပြာဖြစ်နေတာတွေ့ရမယ်။
• Blood is Red သွေးဟာနီတယ်ဆိုတဲ့စာအုပ်ကို Scott Sigler စကော့ ဆစ်ဂလာကရေးပြီးထုတ်ဝေခဲ့တာ #1 bestseller at Amazon အရောင်းရအကောင်းဆုံးနံပါတ် (၁) ဖြစ်ခဲ့တယ်။
• ရှေးဘုရင်တွေခေတ်တုံးက အသုံးတခုရှိတယ်။ blue blooded ဆိုတာ royal or noble class တော်ဝင်သွေးကို ခေါ်တယ်။ ဘုရင့်အမျိုးအနွယ်တွေ၊ မူးကြီးမတ်ရာတွေ၊ ချမ်းသာကြွယ်ဝသူတွေကိုခေါ်တယ်။ သူတို့သွေးကသာ ပြာတယ်။ သာမန်လူတိုင်းသွေးဟာ နီတယ်ဆိုတဲ့သဘောဖြစ်တယ်။
• Human blood is always red လူ့သွေးတိုင်းဟာ အမြဲနီပါတယ်။ အောက်စီဂျင်မရှိတော့လည်း အနီရင့် (နီညိုညို) သာဖြစ်မယ်။ မနီတော့တာမဟုတ်ပါ။
• သွေးဟာ ကိုယ်ထဲမှာသာမက အပြင်ရောက်လည်းနီတာပါပဲ။ အဲတာ Iron oxide (rust) ကြောင့်ဖြစ်တယ်။
• Deoxygenated အောက်စီဂျင်မရှိလို့ သွေးဟာ ပြာသွားပေမဲ့ သေသွားတာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး