Political atmosphere နိုင်ငံရေးရာသီဥတု

ရန်ကုန်မြို့တွင် တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ) ၏ ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးသွားသော ကိုးကန့် ခေါင်းဆောင်ဖုန်ကြားရှင်၏သမက်ဖြစ်သူ ကိုးကန့် စီးပွားရေးလုပ်ငန်းရှင် ဦးလီကွမ်ချင် (ခေါ်) ဦးလှဝင်းသည် မိမိကိုယ်ကိုယ် သေကြောင်းကြံ သတ်သေသွားခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ (ဧရာဝတီ)

• ဒီသတင်းမျိုးတခါပြန်ကြာလာရပြန်ပြီပဲ။ ၁၉၉ဝ မှာများခဲ့တယ်။ NLD အမတ် ဦးတင်မောင်ဝင်းကိုတော့ ကင်ဆာလို့ ထောင်ဆရာဝန်ကို လက်မှတ်ထိုးခိုင်းခဲ့တယ်။
• ၁၉၈၈ အရေးအခင်းကြီးမှာ ဆိပ်ကမ်းအလုပ်သမားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူမှုထောက်ကူပြုကော်မတီ၊ ဦးမောင်ကိုဟာ ၁၉၉ဝ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျဆုံးခဲ့ပါတယ်။
• ဗိုလ်ချုပ်ကြီးစောမောင်က ကျနော်တို့မှာ ညဉ်းပန်းနှိပ်စက်ပြီးစစ်ဆေးတယ်ဆိုတာ မရှိဘူး။ အဲဒီလူက သူတို့ ဘာလုပ်ခဲ့တယ်၊ ဘာအစီအစဉ်တွေရှိတယ်ဆိုတာကို ဝန်ခံသွားပြီး၊ သူ့ကိုပေးထားတဲ့စောင်နဲ့ သူ့ကိုယ်သူ ဆွဲကြိုးချ သေသွားတယ်။ ကျနော်တို့ကြောင့်သေတာ မဟုတ်ပါဘူးလို့ လူသိရှင်ကြား မမေးပဲဖြေခဲ့ပါတယ်။
• Suicide ကိုယ့်ကိုယ်ကိုသတ်သေခြင်းက ရာသီဥတု မရွေးဖူး။ ဆောင်းရော၊ နွေပါသေတယ်။ သေချာတာတော့ Political atmosphere နိုင်ငံရေးရာသီဥတု လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး