Provocative headlines မညာကြပါနဲ့၊ အညာမခံကြပါနဲ့

ပို့စ်တခု = ဒီသတင်းကို မြန်မာအစိုးရဘာကြောင့် မထုတ်ပြန်ခဲ့တာလဲ တရုတ်ကစတင် ပစ်နေပြီ ညသန်ခေါင်လောက်က တရုတ်ဖက်က မောင်းသူမဲ့ အသေးစားလေယာဉ် 3 စီး မြန်မာပိုင်နက်ထဲဝင်လာတယ်။ ရန်သူအနေအထား မြေအနေအထား ထောက်လှမ်းနေသည်ဟု ထင်ပါသည်။

• ဒီပို့အကြောင်း နေ့ခင်းကတည်းက ရေးမလို့စိတ်ကူးသေးတာ အခုတခါပြန်ပေါ်လာတယ်။
• သတင်းစတင်တဲ့နေ့နဲ့ အချိန်က March 18 at 5:05am ဖြစ်တယ်။ စစ်ပွဲသတင်းဆိုတာ နာရီနဲ့အမျှ အရေးကြီးတယ်။
• တက်တက်စင်မှားယွင်းတဲ့ လုပ်ကြံသတင်းဖြစ်ပါတယ်။
• ဓါတ်ပုံကလည်း မြေပြင်မှဝေဟင်ပြစ်ဒုံပျံတွေ ပြစ်ခတ်နေတဲ့ပုံတွေ သုံးထားတယ်။ အမြောက်လက်နက်ကြီးတွေ ပြစ်နေတဲ့ပုံလည်းပါတယ်။
• တင်တဲ့သူစာမျက်နှာမှာ လောက်ကိုင်တိုက်ပွဲသတင်းဆိုပြီး ကတ္တရာလမ်းမကျယ်ကြီးပေါ် တင့်ကားတွေပုံနဲ့ တွဲထားတယ်။ ဘာသာရေးအစွန်းရောက် သတင်းတွေလည်း တွေ့ရတယ်။ သမတကိုရော ဒေါ်စုကပါ အပုတ်ချတာတွေတွေ့ရသေးတယ်။ တရုပ်ပြည်ထဲဗုံးကျလို့ နှစ်နိုင်ငံစကားများနေချိန်မှာ သမတနဲ့ တရုပ်ခေါင်းဆောင် လက်ဆွဲနှုတ်ဆက်နေတဲ့ အရင်တုံးကပုံတင်တာလည်း မဖြစ်သင့်ပါ။
• ဒီသတင်းကို 29 people like လုပ်ထားပြီး၊ 1,289 shares လုပ်ထားတာ တွေ့တယ်။ အမှားအမှန် ဝေဖန်စိစစ်မှု မလုပ်ကြသူ အတော်ကိုများတာပဲ။ အဲတာ အလားအလာမကောင်းပါ။ ကျွန်တော်တော့ ဘလော့ခ်လုပ်လိုက်ပြီ။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး