Breast Massage ရင်သား နှိပ်နယ်ခြင်း

ဆရာရေးတဲ့ ဆောင်းပါးတွေထဲက Large breast ဖြစ်အောင်ရေးထားတဲ့ ဆောင်းပါးကို ဖတ်ပြီးပါပြီ။ အဲ့ဒီ့ အထဲက Olive သံလွင်ဆီနဲ့ လိမ်းရမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် တစ်ကြိမ်လုပ်ရင် အချိန်ဘယ်လောက်ထိကြာအောင် လုပ်ရမလဲ ဆိုတာ မသိလို့ပါ။ ပြီးတော့ ရေမချိုးခင် လုပ်ရတာလား၊ လုပ်ပြီး အချိန်ဘယ်လောက်ကြာကြာနေရမလဲ၊ ပြီးတော့ Breast ကြီးအောင်လုပ်ဖို့ အချိန်ကာလ ဘယ်လောက်ထိ လုပ်ရင်ရလဲဆိုတာ သိချင်လို့ပါဆရာ။

အမျိုးသမီးတွေ (ဘရာ) ကို အကြာကြီးဝတ်ထားရတာ ကျန်းမာရေးအရပြောရရင် သိပ်မကောင်းပါ။ တင်းကျပ်တာဆို ပိုဆိုးတယ်။ လေသလပ်တာ၊ အပေါ်ယံချွေးထွက်တာ နည်းစေယုံမက အထဲက သွေးပြန်ရည်စနစ် ကောင်းကောင်း မလုပ်ရရင် သွေးထဲက မကောင်းတာတွေ စွန့်ထုတ်တာကို နည်းစေတယ်။ ညအိပ်ချိန်မှ အတွင်းခံမဝတ်ဘဲအိပ်တာဟာ အဖြူဆင်းခြင်းမှာ မှိုရောဂါသက်သာစေတယ်။ အတွင်းခံမှန်သမျှ လှတာ၊ ဆန်းတာ၊ Sexy ဖြစ်တာအပထား ချည်ထည်က အကောင်းဆုံးဖြစ်တယ်။

ရင်သား နှိပ်နယ်ခြင်း Breast Massage ရဲ့ ရည်ရွယ်ချက်က ရင်သားကို သူ့သဘာဝအတိုင်း ဖွံ့ထွားလာမှာကို လှုံ့ဆော် အရွယ်အစားအားပေးဘို့ အဓိကဖြစ်တယ်။ ရလဒ်ကတော့ တခုမကပါ။ Sကြီးထွားစေဘို့သာမကဘဲ သွေးလှည့်ပါတ်တာ၊ သွေးပြန်ရည်လှည့်ပတ်တာ၊ အာရုံခံတာတွေကိုပါ တိုးတက်ကောင်းမွန်စေမယ်။ အမြင်ပိုလှစေမယ်၊ တင်းတင်းရင်းရင်း ရှိနေအောင်ကိုလည်း လုပ်ပေးရာကျမယ်။ အိမ်ထောင်သည်ဖြစ်လဲ ကိုယ်ဝန်ရှိရင် နို့နာမဖြစ်အောင်၊ ကလေးနို့တိုက်တဲ့အခါ အခက်အခဲမရှိအောင်ကိုလဲ ကာကွယ်ရာကျတယ်။ ကိုယ့်ရင်သားမှာ အလုံးအကျိတ် ရှိ-မရှိကို သိစေနိုင်လို့လဲ ကောင်းပါတယ်။ ရေမိုးချိုးတိုင်း ရင်သားကို တယုတယပွတ်သပ်ပါ။ ထိပ်ဖျားကို အသေအခြာပွတ်ပါ။ ရေချိုးပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖိအားသုံးပြီးသန့်ပေးပါ။ “ရင်သားအား မိမိဖါသာစမ်းသပ်နည်း” ရေးထာတာ ရှိပါတယ်။

ကိုယ့်ဖါသာလုပ်နိုင်တဲ့ အဆင့် ၄ ဆင့်နည်း (မူကွဲတွေလဲရှိပါတယ်)
၇ ရက်တပါတ်မှာ အနည်းဆုံး ၂ ကြိမ်လုပ်ပါ။ Breast Cream သုံးပါ။ အဆင့် ၁ ဆိုတာက သွေးပြန်ရည်စနစ်ကို ကောင်းစေအောင် လုပ်ပေးတာဖြစ်တယ်။ အဆင့် ၂ နဲ့ ၄ အထိက သွေးပြန်ကြောထဲက သွေးတွေစီးတာ ပိုမိုကောင်းဘို့ ဖြစ်တယ်။ အဆင့် ၄ ကတော့ ရင်သားကိုထောက်ကူပေးနေတဲ့ အရွတ်တွေကို ကောင်းစေဘို့ပါ။

အဆင့် ၁။ လက်ချောင်လေးတွေကို နို့သီးထိပ်ကနေ ဝေးရာဆီကို ရွှေ့ပေးပါ။ သိပ်မဖိပါနဲ့။ မျက်တောင် ခတ်သလိုသဘော သာသာလေးရွှေ့ပါ။ ဖြေးဖြေးသာလုပ်ပါ။
အဆင့် ၂။ ရင်သားကို လက်မနဲ့ လက်လေးချောင်း ကားထားတဲ့ ပြိုင်နေတဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ ဆွဲမသလိုနဲ့ ဖိချသလိုဖြစ်အောင် လုပ်ပါ။
အဆင့် ၃။ ရင်သားကို လက်မနဲ့ လက်လေးချောင်း အဝိုင်းပုံအနေအထားနဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ နာရီလက်တံ လည်သလိုတခါ ပြောင်းပြန်လည်သလိုတခါ ညှစ်ပေးပါ။ နာအောင် မလုပ်ပါနဲ့။ မြန်စရာမလိုပါ။
အဆင့် ၄။ ရင်သားကို လက်မကအထက် လက်လေးချောင်းကအောက် ကားထားတဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ ခပ်ဖိဖိအင်အားနဲ့ အထက်ကြွစေအောင်လုပ်ပါ။

နောက်တနည်း
၁။ ရေချိုးပါ။ ရေခြောက်အောင်သုတ်ပါ။ ရင်သားကို ပုဝါခပ်နွေးနွေးနဲ့ သုတ်ပါ။
၂။ ရင်သားဆီ-အဆီ လိမ်းပါ။ ရင်သား အရွယ်အစားအပေါ် မူတည်ပြီး အနဲ-အများ ချိန်ပါ။
၃။ ရင်သား တဖက်ခြင်းလုပ်ပါ။ လက်တဖက်၊ နှစ်ဖက် အဆင်ပြောသလို သုံးပါ။ ရင်သားကို အောက်ခြေကကနေ အထက်ဆီပင့်တင်ပါ။ အတွင်းဘက်ကို ဦးတည်ပါ။ ချိုင်းဘက်ကို မဟုတ်ပါ။ စက်ဝိုင်းပုံ အထက်ပင့် ဖြစ်ပါစေ။ ၂-၃ မိနစ်ကြာလုပ်ပါ။ ဆီ-အဆီ အကုန်စုပ်ဝင်သွားပါစေ။
၎။ နောက်တဖက်ကို အဲဒီနည်းအတိုင်းလုပ်ပါ။

တခါနှိပ်နယ်တာ အချိန်သိပ်ယူစရာ မလိုပါ။ ၂-၅ မိနစ်လို့ အကြမ်းဖျင်း ပြောနိုင်တယ်။ တနေ့ ၁ ခါရယ်မဟုတ်ပါ။ ရေးပြခဲ့တဲ့ နည်းတွေက ဆိုင်တွေမှာ သုံးတာတွေဖြစ်တယ်။ ကိုယ့်ဖါသာလုပ်ရင် လက်နှစ်ဖက်နဲ့ ရင်သားနှစ်ဖက်လုံးကို တပြိုင်တည်း လုပ်နိုင်တယ်။ မှန်ထဲကြည့်လုပ်ရင်တော့ ပိုကောင်းမယ်။ အခြေခံသိဘို့က ရင်သားတခုလုံးကို ထိမိစေဘို့ပါ။ အရောင်ရင့်အဝိုင်းလဲ ပါရမယ်။ နို့သီးထိပ်လဲ မကျန်စေရဘူး။ သဘာဝအတိုင်း ဖွံ့ထွားလာမှာကို နိုးဆွမှုဖြစ်စေအောင် လုပ်တာမို့ပါ။ အောက်ခြေပိုင်းဟာ ချိုင်းဘက်ဆီအထိ အမြီးလိုရှိတာမို့ ချိုင်းဘက်အထိ ရောက်ပါစေ။ နို့အုံကို ဆွဲမချပါနဲ့။ နို့သီးထိပ်ဆီ ဦးတည်ပါ။ အောက်ကနေ ပင့်တင်တာ ပိုလုပ်ပါ။ စက်ဝိုင်းလည်လုပ်ပါ။

Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါနဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး