Black Armbands လက်မောင်းပတ်အနက်

သတင်း = ကျောင်းသားတွေက လွှတ်တော်ကြားနာပွဲမှာ ကိုယ့်သဘောနဲ့ကိုယ် လက်ပံတန်းအကြမ်းဖက်မှုအတွက် အခုလို တမိနစ်ငြိမ်တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် လုပ်ခဲ့တယ်။ (ဓါတ်ပုံ စွမ်းရဲထွဋ်)

• ဝမ်နည်းတဲ့အထိမ်းအမှတ်အနေနဲ့ လက်မောင်းမှာ လက်ပတ်အနက်ရောင်စီးနှောင်ထားကြတယ်။ ဗြိတိသျှ ပရိုင်မီယာလိခ် ဘောလုံးပွဲစဉ်တွေကို မြန်မာနိုင်ငံသားတွေစွဲစွဲမြဲမြဲကြည့်ကြလို သိပြီးသာဖြစ်မှာပါ။ ပွဲအစမှာ ငြိမ်သက်ချိန် သတ်မှတ်တာလည်း လုပ်လေ့ရှိတယ်။
• သမိုင်းကြောင်းကိုလိုက်ရင် အင်္ဂလန်မှာ ၁၇၇ဝ ကျော်ကာလတွေမှာစပါတယ်။ ယောက်ျားတွေက ကျကျနန ဝတ်စားပြီး လက်မောင်းမှာ အနက်စတခုပတ်ထားကြတယ်။ ဘုရင်မကြီး Queen Victoria ဗစ်တိုးရီးယား အုပ်ချုပ်မှု (၁၈၃၇-၁၉ဝ၁) ကွယ်လွန်တော့ သူ့ခင်ပွန်း Albert အဲလဗတ်ကနေ ၁၈၆၁ မှာ အဲလိုလုပ်စေခဲ့တာ ဖြစ်တယ်။ ၈ နှစ်ကြာခဲ့တယ်။
• Symbol of mourning ဝမ်းနည်းခြင်းသင်္ကေတအဖြစ် ၂၁ ရာစုထဲမှာ လက်မောင်းပတ်အနက်ကို သုံးလာတယ်။
• Worn in Honor ဂုဏ်ပြုတဲ့အနေနဲ့လည်းသုံးသေးတယ်။ ၂၈-၃-၁၉ဝ၇ တုံးက အမေရိကမှာ Boston Americans ဘော့စတွန်အမေရိကန်များအသင်း မန်နေဂျာ ကိုယ်ကိုယ်ကို သတ်သေသွားခဲ့စဉ်ကဖြစ်ပါတယ်။
• Worn in Protest ကန့်ကွက်တဲ့အနေနဲ့လည်း လက်မောင်းအနက်စသုံးပါတယ်။ ၂ဝ ရာစုနောက်ပိုင်းမှာ စပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂ဝ၁၅ ခုနှစ်မတ်လ လွှတ်တော်ထဲမှာ စတင်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး