Chronic hepatitis C medicines အသည်းရောင် (စီ) အတွက်ဆေးများ

• အသည်းရောင် (စီ) ပိုးဟာ သွေးနဲ့ ဆေးထိုးအပ်ကနေ ကူးစက်တာများတယ်။ နာတာရှည်အသည်းရောင် (စီ) ပိုး ရှိနေသူပေါင်း တကမ္ဘာလုံးမှာ သန်း ၁၅ဝ ရှိနေပါတယ်။ နာတာရှည်ကနေ အသည်းခြောက်တာနဲ့ အသည်းကင်ဆာ ဖြစ်လာနိုင်တယ်။ အသည်းရောဂါတွေကြောင့် တနှစ်မှာ လူနာ ၅ သိန်းသေဆုံးနေရတယ်။
• အသည်းရောင် (စီ) အတွက်ပေးတဲ့ဆေးတွေကတော့ Harvoni (Ledipasvir/Sofosbuvir) ဆေးနဲ့ Sofosbuvir (Sovaldi and Virunon) ဆေးတွေဖြစ်တယ်။ ဒီဆေးတွေဟာ အသက်ကယ်ဆေးတွေဖြစ်တယ်။
• Ledipasvir (လက်ဒီပတ်စ်ဗာ) နဲ့ Sovaldi (Sofosbuvir) (ဆိုဖိုဘူဗာ) ဆေး ၂ မျိုးပေါင်းထားတဲ့ Harvoni ဆေးကို ၂ဝ၁၄ နိုဝင်္ဘာလကနေစသုံးကြည့်နေတာ အလားအလာကောင်းနေတယ်။ German Institute for Quality and Efficiency in Health Care ဂျာမဏီကနေ စမ်းသပ်နေတာဖြစ်တယ်။
• အဖြစ်များတဲ့ Genotype (1, 3, or 4) အမျိုးအစားတွေအတွက်ဖြစ်တယ်။ Genotype 1 အမျိုးအစားလူနာတွေ ဆေးပတ်လည်တော့ ပိုးမရှိတော့ဘူး။ အသည်းကင်ဆာဖြစ်လာမှာကိုကာကွယ်နိုင်မယ်လို့ မပြောနိုင်ပါ။
• Sovaldi ဆေးကို HCV genotype 1, 2, 3 နဲ့ 4 တွေအတွက်သုံးနိုင်တယ်။ အသည်းအစားထိုးဖို့စောင့်နေရတဲ့ Hepatocellular carcinoma (Milan criteria) အသည်းကင်ဆာလူနာကိုလည်းပေးတယ်။ HCV/HIV-1 co-infection တွဲရှိနေသူကိုလည်းပေးနိုင်တယ်။ ဆေးကိုတမျိုးတည်းမပေးပါ။ Ribavirin ဒါမှမဟုတ် Peginterferon alfa and Ribavirin နဲ့ တွဲပေးရတယ်။

ဆေးဈေး
• Harvoni ဆေးတပြားကို $1,125 ပေးရလို့ ၁၂ ပတ်စာအတွက် $94,500 နဲ့ ၂၄ ပတ်စာအတွက် $189,000 ပေးရတယ်။
• ယူအက်စ်မှာ ၁၂ ပတ်စာ US$84,000 ကနေ $94,000 ပေးရတယ်။
• ဂျာမဏီမှာ ဈေးညှိနေတာ ၁၂ ပတ်စာအတွက် €41,000 ဖြစ်တယ်။
• ယူကေမှာ ၁၂ ပတ်စာအတွက် GB£35,000 ဖြစ်တယ်။
• Gilead ဆေးကုမ္ပဏီကနေ ဒီနှစ်ထဲမှာ ဆေးဈေး ၄၆% အထိ ချဖို့ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ