Debt question အကြွေးပုစ္ဆာ
• လူတယောက်စီမှာ အကြွေးလေးသိန်းဝန်းကျင်တင်နေတယ်ဆိုတဲ့သတင်းကို အတော်များများ တင်နေကြတယ်။ ကျွန်တော်က စီးပွါးရေးပညာရှင်တော့ မဟုတ်ပါ။ သိစေချင်တာလေးတွေ တင်ပြပါရစေ။
• နိုင်ငံတကာအကြွေးစာရင်းမှာ Public debt နဲ့ External debt ဆိုပြီး ၂ မျိုးသုံးတယ်။
• Public debt ဆိုတာ အစိုးရကနေ ချေးယူသမျှပါဝင်တယ်။
• External debt ကို Foreign debt လို့လည်းခေါ်တယ်။ တိုင်းပြည်တခုမှာ နိုင်ငံခြားကိုပေးစရာ တင်နေတဲ့ အကြွေးပေါင်း ဖြစ်တယ်။ အကြွေးပေးရမဲ့သူဟာ အစိုးရလည်းဖြစ်နိုင်တယ်။ ကော်ပိုရိတ်တွေလည်းဖြစ်နိုင်တယ်။ လူတဦးချင်းလည်း ဖြစ်နိုင်တယ်။ ပုဂ္ဂလိကဘဏ်တွေလည်းပါတယ်။ IMF နဲ့ World Bank တွေကနေ ချေးထားတာတွေ ပါတယ်။
• နိုင်ငံပေါင်း ၁၉ဝ ထဲမှာ မြန်မာနိုင်ငံဟာ External debt မှာ အဆင့် ၁ဝ၇ နေရာမှာရှိတယ်။ Public debt to GDP ratio မှာ အဆင့် ၂၈ နေရာမှာရှိတယ်။
• အကြွေးယူနိုင်တယ်ဆိုတာ ဒီခေတ်မှာ ဂုဏ်တရပ်ဖြစ်နေတယ်။ မြန်မာပြည်ကို စစ်အစိုးရစစ်စစ်ခေတ်တုံးက Economic sanctions စီးပွါးရေးဆန်ရှင်လုပ်ထားလို့ ဘယ်ကမှငွေချေးမရခဲ့ဘူး။ ယူနီဖေါင်းတွေချွတ်လိုက်မှ ငွေးချေးယူနိုင်လာတယ်။
• အဲတာကြောင့် အကြွေးထူနေတာထက် ချေးယူတဲ့ငွေတွေကို ဘယ်နေရာမှာ၊ ဘယ်သူတွေသုံးပြီး၊ ဘယ်သူတွေကို အကျိုးဖြစ်စေသလည်း။ ဘယ်သူတွေကနေ အကြွေးပ်ဖို့ လုပ်ပေးနေရသလည်း။ အကြွေးတွေရဲ့ အတိုးနှုန်းဟာ သင့်တင့်လျှောက်ပတ်သလား။ ငွေးချေးမဲ့ဖက်က အစိုးရ၊ ဘဏ်၊ ဘဏ္ဍာရေး အဖွဲ့အစည်းနဲ့ ချေးယူတဲ့ဖက်က ဝန်ကြီး၊ ဘဏ်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးတွေနဲ့ လက်သပ်ထိုးပြီး ညှိယူထားတာလား စတာတွေက အရေးကြီးပါတယ်။
• ကြွေးတင် ရှင်ဘုရင်ဆပ်ဆိုတဲ့ စကားကနေ ကြွေးတင် ဆင်းရဲသား (အရပ်သား) ဆပ်တဲ့ခေတ်ရောက်နေတာ ဘယ်သူငြင်းနိုင်ပါသလည်း။
ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၅

Comments
Post a Comment