Wednesday, March 18, 2015

Solar Impulse 2 lands in Varanasi, will take off for Myanmar tomorrow

နေရောင်ခြည်သုံးလေယာဉ် ဗာရာဏသီကနေ မြန်မာပြည်ကိုလာတော့မည်

• Solar Impulse (Si2) ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ဟာ အိန္ဒိယနိုင်ငံ ဗာယာဏသီကို ဗုဒ္ဓဟူးနေ့ညမှာ ရောက်ရှိနေပြီး နက်ဖြန်မှာ မြန်မာနိုင်ငံ မန္တလေးမြို့ကို ဆက်လက်ပျံသန်း ရောက်ရှိလာမှာ ဖြစ်ပါတယ်။
• ထုံးစံလေယာဉ်ဆီမပါပဲ နေရောင်ခြည်စွမ်းအင်ကိုသာသုံးတဲ့အမျိုးအစားဖြစ်ပါတယ်။ ၅၂ဝဝ-၈၅ဝဝ  မီတာ အမြင့်မှာ ပျံသန်းပါတယ်။ Boeing 747 ဘိုရင်း ၇၄၇ ထက်ပိုကြီးပြီး၊ ၂၃ဝဝ ကီလိုဂရမ်လေးပါတယ်။ ဆိုလာ လစ်သီယမ် ဗက်ထရီ ၁၇၂၄၈ လုံးပါတယ်။  ဗက်ထရီအလေးချိန် ၆၃၃ ကီလိုရှိတယ်။
• ဗြိတိသျှလူမျိုး Richard Branson ကစီစဉ်တာဖြစ်ပြီး ယူအေအီနိုင်ငံက Sultan bin Ahmed Sultan Al Jaber နဲ့ အမေရိကန်ဒုသမတဟောင်း Al Gore တို့ကထောက်ကူကြပါတယ်။ Solvay, Omega, Schindler, ABB, and official partners Google, Altran, Bayer Material Science, Swiss Re Corporate Solutions, Swisscom နဲ့ Moet Hennessy တွေကလည်း ပါတနာတွေဖြစ်ကြတယ်။

Solar Impulse 2
Solar Impulse 2 ခေါ်တဲ့ နေရောင်ခြည်သုံးလေယာဉ်ကို RTW Solar Airplane လို့လည်းခေါ်တယ်။ လေယာဉ်ဆီ တစက်မှ မသုံးပဲ နေ့ရောညပါပျံသန်းနိုင်တဲ့ ပထမဆုံးလေယာဉ်ဖြစ်ပါတယ်။ ဆွစ်သုတေသနကနေစတင်ခဲ့ပါ။ André Borschberg (အင်ဒရီ ဘေ့ရှိဘာခ်) နဲ့ Bertrand Piccard (ဘာထရန် ပစ်ကဒ်) တို့ကနေ ပူးတွဲပျံသန်းပါတယ်။

• အရှည် = 22.4 m (73.5 ft)
• တောင်ပံ = 71.9 m (236 ft)
• အမြင့် = 6.37 m (20.9 ft)
• တင်ထားတဲ့အလေးချိန် = 2,300 kg (5,100 lb)
• ပါဝါပလန့် = 4 × electric motors, 4 x 41 kWh lithium-ion batteries (633 kg), providing 13 kW[18] (17.4 HP) each
• ပရိုပယ်လာအချင်း = 4 m (13.1 ft)
• အတက်မြန်နှုန်း = 35 kilometres per hour (22 mph)

အခုခရီးစဉ်
၁။ ၉-၃-၂ဝ၁၅ United Arab Emirates Abu Dhabi, UAE မှ Oman Muscat သို့။
၂။ ၁ဝ-၃-၂ဝ၁၅ Oman Muscat, Oman မှ India Ahmedabad, India သို့။
၃။ ၁၈-၃-၂ဝ၁၅ India Ahmedabad, India မှ India Varanasi, India သို့။
၎။ India Varanasi, India မှ Burma Mandalay, Myanmar သို့။
၅။ Burma Mandalay, Myanmar မှ China Chongqing, China သို့။
၆။ China Chongqing, China မှ China Nanjing, China သို့။
၇။ China Nanjing, China မှ United States Hawaii, USA သို့။
၈။ United States Hawaii, USA မှ United States Phoenix, USA သို့။
၉။ United States Phoenix, USA မှ United States TBD သို့။
၁ဝ။ United States TBD မှ United States New York, USA သို့။
၁၁။ United States New York, USA မှ TBD (Southern Europe or Morocco) သို့။
၁၂။ TBD (Southern Europe or Morocco) မှ United Arab Emirates Abu Dhabi, UAE သို့။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...