Adult questions အရွယ်ရောက်သူများ မေးခွန်း

Q: ကန်တော့ပါဆရာ။ ကျမအသက်က ၂ဝ ပါ။ အိမ်ထောင်သယ်ပါရှင့်။ ခန္ဓာကိုယ်က အရင်တိုင်းပဲ ဖွံ့ဖြိုးသင့်တဲ့နေရာ မဖွံ့ဖြိုးလို့ပါဆရာ။ ယောက်ျားနဲ့ဘာညာကိစ္စတွေလည်း စိတ်မပါဖြစ်နေလို့ပါဆရာ။ သူငယ်ချင်းတွေကတော့ ဟော်မုန်းဓာတ် အရမ်းနည်းနေလို့တဲ့။ ဟော်မုန်းဆေးသောက်ပေးလို့တော့ ပြောပါတယ်ဆရာ။ အဲ့ဒါ ဘယ်လိုဆေးမျိုး သောက်ရမလည်း ညွှန်ကြားပေးပါလားဆရာ။ နေတာက့ မှာပါရှင့်။ မရိုမသေမေးမိတဲ့အတွက်လဲ ကန်တော့ပါဆရာ။ 

A: လိင်စိတ်နည်းတာလား။ အခုမှလား။ အိမ်ထောင်ကျကတည်းကလား။ ရင်သားနဲ့ တင်က သူများနဲ့မတူတာလား။ ဆေးစစ်ဖူးလား။ ရာသီမှန်သလား။

Q: တားဆေးသောက်။ လိင်စိတ်နည်းတာ အိမ်ထောင်စကျတည်းကပါရှင့်။ ရာသီကမှန်ပါတယ်။ ဆေးတခါမှ မစစ်ဖူးပါဘူးရှင့်။ တခါတလေ အရေးပေါ်တားဆေးတွေသောက်ပါတယ်။ အစကဆေးထိုးမလို့ပါရှင့်။ ဒါပေမယ့် ဆေးထိုးပြီးရင် အရမ်းဝလာမှာကြောက်လို့ မထိုးဖြစ်သေးတာပါ။ သမီးအဓိကသိချင်တာကလေ၊ ကန်တော့ပါဆရာရယ်၊ ရင်သားတွေ၊ တင်သားတွေ မဖွံ့ဖြိုးလို့ပါ။ ဟော်မုန်းဆေးတွေသောက်ရင် ဖွံ့ဖြိုးတယ်လို့ကြားဖူးလို့ပါဆရာ။ တကယ်လို့ အဲ့ဆေးတွေရှိရင် ညွှန်းပေးပါလားဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

A: မိန်းကလေးတွေမှာ သူများထက်ထူးပြီး ရင်သားသေးငယ်စေတဲ့အကြောင်းရင်း (၂) ခုရှိတယ်။ (၁) Genetic disorder မျိုးဗီဇနဲ့ (၂) Hormonal problem around puberty အပျိုဖြစ်ချိန်မှာ ဟော်မုန်းကမောက်ကမဖြစ်လို့ကြောင့်ဖြစ်တယ်။
မျိုးဗီဇကြောင့်ဆိုရင် ဆေးကုသလို့မရနိုင်ပါ။ ဟော်မုန်းကြောင့်ဖြစ်တာဆိုရင် Endocrinologist ဟော်မုန်းအထူကု ဆရာဝန် ကနေသာ အကောင်းဆုံးလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်းဆေးဆိုတိုင်း အားမကိုးပါနဲ့။ ကြောငြာဆေးတွေကို မယုံပါနဲ့။ နှိပ်နယ်နည်းနဲ့ လေ့ကျင့်ခန်းနည်းတွေကတော့ ဘေးထွက်ဆိုကျိုးကင်းနိုင်ပါတယ်။

Estrogen အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့ခေါ်လေ့ရှိတယ်။ အီစထိုဂျင်ကို မျိုးဥအိမ်တွေကနေ ထုတ်ပေးနေတယ်။ Estradiol ဆေးကို သွေးဆုံးအမျိုးသမီးတွေမှာ ခံစားရတာတွေ သက်သာစေဖို့ ပေးတယ်။ သတိထားဖို့က အသည်းမကောင်းသူ၊ သွေးယိုတတ်သူ၊ ရာသီမမှန်သူ၊ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးအိမ်ကင်ဆာနဲ့ လည်ပင်းကြီးကင်ဆာရှိသူတွေ၊ နှလုံးအတက်ခ်ရဘူးသူတွေ၊ သွေးခဲရောဂါရှိသူတွေက ဒီဟော်မုန်းဆေးနဲ့ မသင့်ပါ။ ဆီးချိုရှိသူ၊ သွေးတိုးရှိသူ၊ အဝလွန်သူ၊ အဆီများသူတွေနဲ့လည်း မသင့်ပါ။ ရေရှည်သုံးရင်လည်း ရင်သားကင်ဆာဖြစ်လာဖို့ အခွင့်အလမ်းပိုတယ်။ ကိုယ်ဝန်ရှိနေရင်လည်းမသုံးရပါ။

ဟော်မုန်းဆေးကို အထူးကုဆရာဝန်ကမညွှန်ရင် မသောက်သင့်ပါ။ လိုတာဖြစ်လာနိုင်သလို မလိုတာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်တားဆေးတွေထဲမှာလည်း ဟော်မုန်းတွေ ပါနေတယ်။ အဲတာကြောင့် ဝတာ၊ မဝတာအပြင် လိင်စိတ်ကိုလည်း ပြောင်းစေတတ်တယ်။ ဆေးစာတွေပို့လိုက်ပါတယ်။ လက်လှမ်းမီတာကို လုပ်ပါလေ။

• Aphrodisiac လိင်စိတ်အားပေး အစာနဲ့ဆေးများ http://doctortintswe.blogspot.com/2015/03/aphrodisiac.html
• Breast Beauty ရင်သားအလှ http://doctortintswe.blogspot.com/2014/12/breast-beauty.html
• Breast Massage ရင်သားနှိပ်နယ်ခြင်း http://doctortintswe.blogspot.com/2015/03/breast-massage.html
• Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင် http://doctortintswe.blogspot.com/2015/03/butt-exercises-for-women.html
• Female Viagra အမျိုးသမီး ဗိုင်ယာဂရာ http://doctortintswe.blogspot.com/2014/11/female-viagra-2_24.html
• Libido in Women အမျိုးသမီး စိတ်နည်းနေခြင်း http://doctortintswe.blogspot.com/2015/02/libido-in-women.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး