Friday, March 20, 2015

Passport ပတ်စ်ပို့တ်

တနေ့က ရေဒီယိုတခုမှာ ဆွေးနွေးခန်း မစခင် (အော့ဖ်သရက်ကော့) ပါမဲ့သူတွေ စကားစမြီပြောကြတယ်။ ရှေ့နေကြီးတဦး သူ့ (ပတ်စ်ပို့တ်) အသိမ်းခံရတာ ဘာလို့လည်းမေးတော့ အင်တာဗျူးတွေပေးနေလို့ ဆိုလားပဲဗျာလို့ ဖြေတယ်။

ကျွန်တော့်မှာလည်း နိုင်ငံကူးလက်မှတ်မရှိဘူး။ အင်တာဗျူးမပေးရတော့ဘူးလား။ မြန်မာနိုင်ငံမှာလို (ပတ်စ်ပို့တ်) ရဲ့ အသုံးဝင်ပုံတမျိုး ကမ္ဘာမှာဘယ်နိုင်ငံမှာမှ မရှိပါ။

• Passport ဆိုတာ ခရီးသွားလာခွင့်ရှိတဲ့ စာအုပ်ကလေးတခုဖြစ်တယ်။ နိုင်ငံခြားကိုသွားဖို့သာသုံးတယ်။ အစိုးရကနေထုတ်ပေးရတယ်။ အဲတာထဲမှာ ဘယ်သူဘယ်ဝါ (နာမယ်၊ မွေးနေ့၊ လက်မှတ်၊ နေရပ်လိပ်စာ) ဆိုတာကို စာနဲ့ရော ဓါတ်ပုံပါပါမယ်။ ဘယ်နိုင်ငံသား၊ ဘယ်တုံးက ဘယ်မှာထုတ်ပေးတယ်။ သက်တမ်း ဘယ်လောက်အထိ တရားဝင်တယ် စတာတွေရေးထားတယ်။ ထုတ်ပေးသူကလက်မှတ်ထိုးထားတယ်။ မိဘနာမယ်တို တိုင်းပြည်တိုင်းကမသုံးပါ။ တချို့က မိခင်အမည်သာပါတယ်။ ကိုးကွယ်ရာဘာသာလည်း နေရာတိုင်းမှာ ထည့်မရေးတတ်ပါ။
• ခေတ်ပေါ်တွေမှာ Biometric information ဆိုတာပါတယ်။ Microchip မိုက်ခရိုချစ်ပ်ထည့်ပေးထားတယ်။ အတုလုပ်လို့ ခက်ခဲစေအောင်လုပ်တာပါ။
• ကိုင်ဆောင်ထားသူဟာ တခြားတိုင်းပြည်ထဲကို တရားဝင်ဝင်ရောက်တာဆိုရင် သူ့မိခင်နိုင်ငံက ကောင်စစ်ဝန်ကနေ အကာကွယ်ပေးဖို့ တာဝန်ရှိတယ်။
• ပတ်စ်ပို့ကိုင်ထားပေမဲ့ ထုတ်ပေးတဲ့နိုင်ငံရဲ့ နိုင်ငံသားအခွင့်အရေး အပြည့်ရထားသူ ဟုတ်ချင်မှ ဟုတ်မယ်။ သံတမန်တွေကို ထုတ်ပေးထားတာဆိုရင် အဖမ်းခံရမှာ တရားစွဲခံရတာတွေက လွတ်ငြိမ်းခွင်ရှိတယ်။
• ပတ်စပို့နဲ့အတူ တချို့တိုင်းပြည်တွေက ပြည်ဝင်ခွင့် Visa ဗီဇာ ပါမှသာ တိုင်းပြည်ထဲကို ဝင်ခွင့်ပေးတယ်။ မလိုတာလည်း ရှိတယ်။ ဗီဇာသက်တမ်းလည်း အတိုအရှည်၊ ထပ်တိုးခွင့်ဆိုတာတွေရှိတယ်။ သတ်မှတ်ထားတဲ့ တိုင်းပြည်တွေကဆိုရင် ဝင်ခွင့်မပြုတာလည်းရှိတယ်။
• Travel documents ခရီးသွားလာခွင်လက်မှတ်ဆိုကတမျိုး။ ဥပမာ Stateless persons နေရင်းတိုင်းပြည် မရှိသူတွေကို ထုတ်ပေးတာမျိုးဖြစ်တယ်။ Refugee travel document နိုင်ငံတကာဒုက္ခသည်တွေအတွက် ထုတ်ပေးတာကို Nansen passport လို့ခေါ်တယ်။ ICRC ကနေထုတ်ပေးတာလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

သတ်ပုံမှန်ခေတ်က

ကောက်ရိုးကလေးတမျှင် စာကလေးတစောင် ဒေါက်တာတင့်ဆွေ