Perfect picture ပြီးပြည့်စုံတဲ့ ပန်းချီကား

• သူများတက္ကသိုလ်တွေမှာ မမေ့စရာနေရာတွေ၊ အထင်ကရတွေကိုယ်စီရှိကြတယ်။ ကံ့ကော်ပင်၊ သစ်ပုပ်ပင်၊ တမာလမ်း၊ ထနောင်းလမ်း။
• မန္တလေးဆေးတက္ကသိုလ်မှာတော့ စိတ်ကူးယဉ်စရာရယ်လို့ မရှိခဲ့ပါ။ ၁၉၆၅-၇ဝ ဝန်းကျင်တုံးက ဆေးကျောင်းရှေ့မှာ ကုက္ကိုပင်နဲ့ စိန်ပန်းပင်သာရှိတယ်။ ဗာဒံပင်ရှိတယ်။ လွမ်းစရာရယ်လို့ ပြောမရတာတွေပါ။ ယောက်ျားလေး၊ မိန်းကလေး ကျောင်းဆောင်တွေမှာလည်း ထူးခြားတာရယ်လို့ အမှတ်မထားမိပါ။ စာဖွဲ့စရာလို့လည်း မအောက်မေ့ခဲ့ပါ။
• အခု စိန်ပန်းတွေပွင့်နေပြီဆိုတော့ ဆေးမန်းက စိန်ပန်းကို လွမ်းလာမိတယ်။ အနီရဲရဲပါ။ အပြာမရှိပါ။
• စိန်ပန်းဟာ တော်ဝင်မဟုတ်၊ ထီးသုံးနန်သုံးမဟုတ်ပါ။ ပန်ရတဲ့ပန်းလည်းမဟုတ်။ ဘုရားပန်းလည်း မဟုတ်ပါ။ အရိပ်ကောင်းရတဲ့အပင်မျိုးလည်း မဟုတ်ပါ။
• ဘာပဲဖြစ်ြဖစ် ကိုယ့်ကျောင်းပန်းကို လွမ်းပါတယ်။ ပုံဆွဲဝါသနာပါတော့ ရှုမျှော်ခင်းဆွဲရင် စိုစိမ်းပြာမှိုင်းနေတဲ့ နောက်ခံမှာ နီစွေးနေတဲ့ စိန်ပန်းပွင့်ကိုင်းလေးထည့်လိုက်ရင် ဆွဲဆောင်အားကောင်းလာတယ်။
• သူငယ်ချင်းတွေအကုန်ပါ ထည့်မြင်ကြည့်တော့မှသာ ပန်းချီကားလေးက ပြည့်စုံသွားတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ