Nirvana Buddha လျောင်းတော်မူ

• ပဲခူးက ရွှေသာလျောင်းဘုရားကို ရောက်ဖူးတယ်။ အတော်ကြာပါပြီ။ မရောက်ဖူးသေးတဲ့ မုဒုံမှာ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးရှိသတဲ့။ လျောင်းတော်မူဘုရား တဆူတည်ရှိရာ မုံရွာ၊ ဗောဓိတထောင်ကိုတော့ လျောင်းတော်မူ ဘုရားရော လက်ရှိကမ္ဘာ့အမြင့်ဆုံးလို့ဆိုတဲ့ ရပ်တော်မူဘုရားကြီးပါ မတည်မီကသာ ရောက်ဖူးတယ်။
• သုံးခေါက်ရောက်ဖူးပြီးဖြစ်တဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရာ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ (ကူစီနဂါး) မှာရှိတဲ့ ရုပ်ပွါးတော်ဟာ လျောင်းတော်မူပုံဖြစ်တယ်။ အဲတာကိုနမူနာယူပြီး၊ ကမ္ဘာအရပ်ရပ်မှာ လျောင်းတော်မူ ရုပ်ပွါးတော်တွေကို တည်ထားကိုးကွယ်ကြာတာဖြစ်တယ်။
• မြတ်စွာဘုရား လျောင်းတော်မူပုံတော်တွေက နှစ်မျိုးရှိတယ်။ နှစ်မျိုးလုံးဟာ Medical Body Positions ဆေးပညာသုံး ကိုယ်အနေအထားတွေ (Supine, Prone, Dorsal Recumbent, Lithotomy, Knee-chest, Sims', Trendelenburg, Modified Trendelenburg, Sitting, Fowler's) ထဲမှာ မပါဘူး။

• ပြီးခဲ့တဲ့ရသတ္တပတ်အဆုံးရက်တွေမှာ ဝါရှင်တန်ဒီစီကို အလည်ရောက်တော့ ကိုဇော်ဝင်းနဲ့ မစုမွန်တို့အိမ်မှာ ခေတ္တခဏ နားကြတယ်။ သူတို့နဲ့ လူချင်း တခါမှမဆုံးဖူးသေးပေမယ့် အလွန်ကိုဖေါ်ရွေကြတယ်။ ကိုဇော်ဝင်းက ဖေ့စ်ဘွတ်ဖရင်း၊ မစုမွန် (VOA) ကအသံဖရင်း။
• ရေဒီယိုတွေမှာ အလုပ်လုပ်ကြသူတွေနဲ့ လူချင်းတွေ့ဖူးတာကနည်းတယ်။ အသံတွေကိုတော့ အလွန်ကို ရင်းနှီး ကျွမ်းဝင်ပါတယ်။ ဖေ့စ်ဘွတ်ဖရင်းရယ်လို့ဖြစ်မလာခင် နှစ်တွေအများကြီးစောပြီး (အသံဖရင်း) ဆိုတာ ရှိတာပါ။ ကျွန်တော့်မှာ BBC, VOA, RFA, DVB ရေဒီယိုတွေကျေးဇူးကြောင့် များတယ်။
• တီဗွီအစီအစဉ်တွေ လွှင့်လာတော့ ရုပ်ရေကိုပါ ကြည့်သူတွေက မြင်လာနိုင်ကြတယ်။ DVB TV မှာ ကျွန်တော်ကို မြင်ရတယ်လို့ ပြည်တွင်းနေအမျိုးတွေက ပြန်ပြောကြတယ်။ တီဗွီသတင်းထောက်တွေကို အဆင်သင့်တိုင်း ကျေးဇူးတင်ကြောင်းပြောဖို့ မမေ့ပါ။ ကိုခင်မောင်လတ် သတင်းပို့တာက အများဆုံးဖြစ်မယ်။ တချိန်ကပေါ့။
• မစုမွန် (VOA) ကနေ လျောင်းတော်မူရုပ်ပွါးကို အန်တီအတွက်လက်ဆောင်ပေးလိုက်တယ်။ အတင်းပေးလိုက်တယ် ပြောရမလား။ အားနာတဲ့သူထက် သူ့စေတနာကုသိုလ်ကသာလွန်တာမို့ လျောင်းတော်မူဘုရားဟာ အခုဆို ကျွန်တော်တို့အိမ်က ဘုရားစင်ပေါ်မှာ ရောက်နေပါပြီ။
• ကျွန်တော်က ဆေးပညာအဖြေတိုင်းမှာ ဝါကျလေးတကြောင်းသာဖြေရတာဖြစ်ဖြစ် ကျန်းမာချမ်းသာပါစေလို့ ရေးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘာသာရေးယဉ်ကျေးမှုအရ မဟုတ်ပါ။ စိတ်ဆေးပညာသဘောအရ ရေးတာပါ။ တကယ်တော့ ဆုတောင်းစရာမလိုတဲ့ ကံတရားတွေဟာ တကယ်ရှိတာပါ။

ဒေါက်တာတင့်ဆွေ + ဒေါ်မြမြအေး
၃၁-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး