No further deadly stray fire incidents တရုပ်-မြန်မာ စစ်ရေးသတင်း

• တရုပ်ပြည်သူ့နေ့စဉ် ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ ၄ နာရီမှာ သည်လိုတင်ထားပါတယ်။
• နောက်ထပ် သေကျေမှုဖြစ်စေတဲ့ ရမ်းသမ်းပြစ်ခတ်မှုတွေ မလုပ်ပါနဲ့၊ မဟုတ်ရင်တော့ သူ့လူမျိုးတွေရဲ့လုံခြုံရေးကို ကာကွယ်ဖို့အတွက် တရုပ်တပ်မတော်ကနေ ခိုင်မာပြီးပြတ်သားတဲ့လုပ်ဆောင်မှု လုပ်ရလိမ့်မယ်လို့ တရုပ် စစ်ရေးခေါင်းဆောင် Fan Changlong (ဖန် ချန်းလောင်) ကနေ စနေနေ့မှာ ပြောကြားလိုက်တယ်။
• သောကြာနေ့တုံးက တရုပ်ပြည် အနောက်တောင်ပိုင်းက ယူနန်ဒေသထဲမှာ မြန်မာစစ်လေယာဉ်တွေကနေ ချလိုက်တဲ့ဗုံးကြောင့် လူလေးယောက် သေဆုံးအပြီးမှာ တရုပ် ဗဟိုစစ်ရေးကော်မရှင် ဒုတိယခေါင်းဆောင် (ဖန်) ကနေ မြန်မာကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဖုန်းနဲ့စကားပြောစဉ်မှာ ပြုလိုက်တဲ့မှတ်ချက်ဖြစ်တယ်။
• ကိုးကန့်အဖွဲ့နဲ့တိုက်ပွဲတွေဖြစ်လာတော့ ဖေ့စ်ဘွတ်မှာ မြန်မာလူမျိုးတွေက (ပရိုဖိုင်းလ်) တွေပြောင်းကြသလို တရုပ်တွေ People's Liberation Army (PLA) တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ (အင်ဘလမင်) တွေများ ပြောင်းကြသလား ရှာကြည့်နေပါတယ်။ အခုစာရေးနေချိန်ထိတော့ တခုမှမတွေ့သေးပါ။ တွေ့ရင်လည်းပြောကြပါ။
• တရုပ်တွေများ မျိုးချစ်စိတ်၊ သူ့တပ်မတော်သူချစ်တဲ့စိတ်က နည်းလိုက်ကြတာ။ ဒါကြောင့် ညံ့နေတာ။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၅
ပုံ = Emblem of the People's Liberation Army
https://www.facebook.com/PeoplesDaily?fref=photo

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး