Seasonal birds ငှက်သဘင်

• ရာသီငှက်ဥသြဟာ သစ်ပင်ထက်မှာ အသံသာလှတယ်။
• ချိုးငှက် လှောင်အိမ်ထဲကထွက်ဖို့ ကြိုးစားနေတယ်။
• စွန်ရဲတကောင် နယ်ကျော်သွားမိတယ်။
• (ခွပ်) ဒေါင်းတွေ လောက်စာလုံးထိသွားတယ်။
• လွန်ခဲ့တဲ့ ၁၉၈၈ ကအင်းလျားကန်မှာ ဟင်္သာသောင်တင်း၊ ရွှေပိန်ညှင်းတို့ဟာ ဇာတ်ကြမ်းတပုဒ် ကြည့်လိုက်ကြရတယ်။
• သည်နှစ်တော့ ဘင်္ဂလားပင်လယ်အော်မှာ စင်ရော်တွေက အက်စ်အိုအက်လို့ အော်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး