Experts ပညာရှင်ကြီးများ လူတော်ကြီးများ သတိထား

• တချို့တွေက အကဲဖြတ်ကြတာ လွယ်လွယ်လေးနဲ့ လုပ်တတ်ကြတယ်။ ပညာတွေ (ဘွဲ့တွေ) ပါလို့၊ သူ့အဖေက၊ သူ့အဖိုးက ဘာဖြစ်လို့။ အမေရိကား၊ အင်္ဂလန်၊ ဟားဗတ် ကနေ ဘွဲ့ယူလာလို့၊ စသဖြင့် တခါတည်းတန်းပြီး လေးစားကြည်ညို အားထားလိုက်ကြတယ်။
• လူတိုင်းကို အပြစ်ဆိုချင်တာတော့ မဟုတ်ပါ။ အဲလိုပုဂ္ဂိုလ်တွေကနေ ကိုယ့်အတွက်၊ ကိုယ့်တိုင်းပြည်အတွက် ဘယ်လို အကျိုးပြုပေးကြသလည်းကိုပါ ကြည့်စေချင်ပါတယ်။ ဥပမာ နိုင်ငံခြားကနေ ပီအိတ်ချဒီဘွဲ့ယူလာပြီး ကနေ့ မြန်မာနိုင်ငံထဲပြန်လာ တသီးပုဂ္ဂလနေသလား၊ နိုင်ငံရေးပါတီတွေနဲ့ တွဲလုပ်နေသလား၊ အစိုးရလက်အောက်ခံ လုပ်နေသလား ကြည့်ပါ။
• စင်္ကာပူက လီကွမ်းယု နာမည်ကြီးလို့ဆိုပြီး ခုတလော ဖေ့စ်ဘွတ်မှာ တင်နေလိုက်ကြတာ။ နှမြောတဲ့လူတွေက နှမြောနေကြတယ်။
• လီကွမ်းယုတော်တာကို ဘယ်သူမှ ငြင်းကြမှာမဟုတ်ပါ။ ဒါပေမယ့် မြန်မာပြည်နဲ့ဘယ်လိုဆက်စပ်သလည်း မြန်မာစစ်အစိုးရအတွက် လက်နက်ကြားခံလုပ်ပေးခဲ့တာ၊ အမေရိကန် (ဆန်ရှင်) လွတ်အောင် သူကနေကြားခံပေးတာ၊ ငွေမည်းခဝါချဖို့ ဘဏ်ငွေတွေလက်ခံတာ စတာတွေလုပ်ခဲ့တယ်လို့ သိတဲ့သူတွေက ထောက်ပြတာကိုလည်း သိကြပါ။
• တလောကလည်း မြန်မာစစ်စစ်ပညာရှင်တယောက် မြန်မာပြည်ပြန်လာပြီး ဝင်လုပ်နေတာ တိုင်းပြည်ရတနာတပါး ဆိုက်လာသလို အထင်တွေကြီးနေလိုက်ကြတာ။
• ဗာမားအိတ်စပတ်ဆိုတဲ့ David Steinberg (ဒေးဗစ် စတိုင်းဘတ်) ရှိတယ်။ အမေရိကား၊ ဂျော့ခ်ျတောင်း တက္ကသိုလ်ကပါ။  သူမြန်မာပြည်အကြောင်း စာတွေ အများကြီး ရေးထားတယ်။ ရေဒီယိုအင်တာဗျူးတွေလည်း မနည်းပါ။ သူရေးတာတွေ အားလုံး မှန်တယ်လို့ မဆိုချင်ပါ။ သူကဦးနေဝင်းနဲ့ အတော်ရင်းနှီးသူပါ။ အိုဗားမားရဲ့ မြန်မာပေါ်လစီကို သူက ထောက်ခံတယ်။ သူနောက်ဆုံး ရေးလိုက်တာက မြန်မာလူမျိုးတွေက အတော် စိတ်မရှည်ကြဘူးတဲ့။ နိုင်ငံရေး အပြောင်းအလဲဆိုတာ စိတ်ရှည်ရတယ်တဲ့။ ကြာမယ်တဲ့။ သူကြာမယ်ပြောခဲ့တာ တော်လှန်ရေးကောင်စီခေတ် ကတည်းကပါ။
• သူပြောတာ ငြင်းတော့မရဘူး။ ကျွန်တော်လည်း စိတ်သိပ်ရှည်တာမဟုတ်ပါ။ ဒါပေမယ့် အဲတာကို ဘယ်လိုပြန်ဖြေကြ၊ ချေကြမလည်း။ ငြင်းချက်ထုတ်ချင်နေတယ်။

ဒေါက်တာတင်ဆွေ
၂၃-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး