Thursday, March 19, 2015

Just Following Orders ခိုင်းဖတ်

• အခုပဲ RFA မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ကနေ့နာမည်ဆိုးဘဝကနေ ဘယ်လို ဂုဏ်သိက္ခာတက်အောင် လုပ်သင့်သလည်း ဆွေးနွေးခန်းမှာ ပါပြီးပြောခွင့်ရပါတယ်။
• ဗြိတိသျှအုပ်စိုးစဉ်က ဗိုလ်အောင်ကျော်သေဆုံးခဲ့ရတာဟာ မြင်းစီးပုလိပ်တွေကရိုက်လို့ဖြစ်တယ်။ ပုလိပ်ဆိုတဲ့ အသုံးကို အခုပြန်ကြားလာရတယ်။ ခံကြရတာကလည်း ကျောင်းသားတွေဖြစ်နေတယ်။
• အဲဒီတုံးက ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ရိုက်တဲ့ပုလိပ်က အိန္ဒိယလူမျိုးရဲဝန်ထမ်းတွေဖြစ်ပေမဲ့၊ ရဲတွေဆိုးတယ်၊ အိန္ဒိယကလာသူတွေ မကောင်းဖူးလို့မအော်ခဲ့ကြပဲ၊ ကိုလိုနီဆန့်ကျင်ရေးသာ အော်ခဲ့ကြတယ်။
• အခုလည်း စစ်အုပ်စိုးမှုစနစ်ကိုသာ အပြစ်တင်ရမယ်။ ရဲကခိုင်းပတ်သာဖြစ်တယ်။
• အဲဒီခေတ်ကဆန္ဒပြပွဲမှာ အရိုက်ခံရသူတွေထဲမှာ NLD က ကွယ်လွန်သူ ဦးကြည်မောင်လည်းပါခဲ့တယ်။ သူ့က မီဒီယာတခုမှာဖြေတာ နုယင်ဘတ်ခုံရုံးဥပမာပါသွားလို့ စစ်ထောက်လှမ်းရေးကနေ စွပ်စွဲချက်လုပ်တယ်။
• အမိန့်သာနာခံရတာပါဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။ အမိန့်ပေးသူမှာ တာဝန်ရှိတာတော့မှန်တယ်။ လုပ်သူမှာကော အပြစ်မရှိဘူးလား Just Following Orders ဆိုတဲ့ ဒုတိယ ကမ္ဘာစစ်အပြီး နုယင်ဘတ်ခုံရုံးမှာ Nuremberg Defense တရားခံဖက်ကလျှောက်ဟာ ချက်နာမည်ကြီးပါတယ်။
• ကိုလိုနီကျဆုံးပါစေ။ နာဇီဝါဒကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...