Mother’s questions ကလေးအမေ မေးခွန်းတွေ

ဆရာရှင့် ၇ လကလေးက တနေ့ကို ရူးဘယ်နှစ်ကြိမ် ပေါက်ပါသလဲရှင့်။ ရူးပေါက်နည်းရင် ဘာဖြစ်တတ်ပါသလဲရှင့်။ သားကြောဖြတ်တာနဲ့ပတ်သက်ပြီးတော့လဲ သိချင်ပါတယ်ရှင့်။ မိန်းမသားကြောဖြတ်တာနဲ့ ယောက်ျား သားကြောဖြတ်တာ ဘာကွာပါသလဲရှင့်။ ဘယ်အသက်အရွယ်မှာ ဖြတ်ပေးတာလဲ သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ကလေးရှူပေါက်တာ အရေအတွက် သတ်မှတ်ချက်မရှိပါ။ ရေ-အရည်သောက်တာများရင် များမယ်။ ဆီးသွးစေတဲ့ အစားအသောက်ပါရင် များမယ်။ ရာသီဥတုအပေါ်မှာလည်း မူတည်တယ်။ ကလေး ဆီးလမ်းထိန်းစနစ်အပေါ်မှာလည်း မူတည်တယ်။ ဆီးသွားတယ်ဆိုတာ ကျောကကပ်ကနေ သွေးထဲက မကောင်းတော့တာတွေကို ရေစစ်နဲ့စစ်သလို ထုတ်ပေးတာဖြစ်တယ်။ နေကောင်းနေသူတိုင်းမှာ လိုသလောက်လုပ်ပေးနေတယ်။ ဆီးမသွားပဲ ဆီးအိမ်ဖေါင်းနေရင်တော့ ကျောက်ကပ်ကောင်းပေမဲ့ ဆီးသွားလမ်းမှာ ဆို့နေ ကျဉ်းနေလို့ဖြစ်မယ်။ အသက်မရွေး လိင်မရွေးမှာ ဆီးကျောက်နဲ့ အသက်ကြီးယောက်ျားတွေမှာ ဆီးအကျိတ်ကြီးသူတွေမှာဖြစ်တယ်။

သားကြောဖြတ်ခြင်းအကြောင်း ဆေးပညာစာတွေ ပို့လိုက်ပါတယ်။ မြန်မာပြည်မှာဆိုရင် သားကြောဖြတ်ချင်သူကနေ လျှောက်လွှာတင်ရတယ်။ ကျရင် တရားဝင်လုပ်ပေးတယ်။

1. Tubal ligation အမျိုးသမီး သားသမီးမရတော့အောင်လုပ်ခြင်း http://doctortintswe.blogspot.com/2014/12/tubal-ligation.html
2. Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://doctortintswe.blogspot.com/2014/11/pregnancy-after-tubal-ligation.html
3. Vasectomy ယောက်ျား သားကြောဖြတ်ခြင်း http://doctortintswe.blogspot.com/2014/12/vasectomy.html
4. Pregnant after tubes are tied သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation.blogspot.com/2010/10/how-to-get-pregnant-after-tubes-are.html
5. Vasectomy reversal ယောက်ျား သားကြောပြန်ဆက်ခြင်း http://doctortintswe.blogspot.com/2014/11/vasectomy-reversal.html

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး