Mortuary ရင်ခွဲရုံနိုင်ငံရေး

• ဆရာဝန်တဦးကရေးပါတယ်။ သမ္မတသည် ဆရာဝန်သာဖြစ်သင့်သည်။ တိုင်းပြည်၏ Anatomy ခန္ဓာဗေဒ၊ Physiology ဇီဝကမ္မဗေဒကိုလည်းသိ Pathology ရောဂါဗေဒ၊ Microbiology အဏုဇီဝဗေဒကိုလည်းသိ Medical and Antibiotic treatment, & Prevention ဆေးပညာ၊ ပဋိဇီဝဆေး၊ ရောဂါကာကွယ်ဆေးတွေလည်း ပေးတတ်ပြီး၊ လိုအပ်လျှင် Surgery & HE ခွဲစိတ်တာနဲ့ ကျန်းမာရေးပညာပေးတာပါပေးနိုင်သည်။ အဲတာကြောင့် သမ္မတသည် ဆရာဝန်သာဖြစ်သင့်သည်။ Proposal အဆိုပြုချက်လေးပါဗျာ။
• Tint Swe ဒုသမတ ကို သမတထားချင်တားလား။ ဂျူတီကုတ်ကနေ ချိတ်ထဘီဖြစ်သွားရင် ဘာထူးမှာလည်း။ Smile!
• Tin Htay Oo ဘယ်လိုပြောရမလဲ ဆရာရယ် သဘောပြောကြည့်တာပါ။
• Tint Swe ဆေးကုသလို နိုင်ငံရေးလုပ်ခြင်းကို ရေးဖူးသေးတယ်ဗျ။ ကျွန်တော်တို့က Postmortem လူသေ ရင်ခွဲစစ်ဆေးတာပဲ လုပ်ရမယ်ထင်တယ် ဆရာတို့ရေ။

(နိမိတ်မရှိ နမာမရှိလို့ မယူဆစေလိုပါ။ မျိုးဆက်သစ်တွေကို အများကြီးမွေးပေးနေပါတယ်။ တချို့ကို ညှပ်ဆွဲမွေးရတယ်။ တချို့တော့ ခွဲမွေးပေးရတယ်။ ကလေးအမေတွေ အတော်တော့အနာခံကြရရှာတယ်။)

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး