VOA Health Q and A ကျန်းမာရေးနဲ့ဆေးပညာ

• ကျန်းမာရေးနဲ့ဆေးပညာ သိလိုတာတွေကို အမေးအဖြေလုပ်ပေးနေတာ အတော်ကြာပါပြီ။ အရင်ဆုံးတော့ (အီးမေးလ်) ကနေလုပ်တယ်။ အခုနေတဲ့အရပ်ကိုပြောင်းလာတော့ အရင် (အီးမေးလ်) က ပျက်သွားတာမို့ အသစ်လုပ်ရတယ်။
• (ဖေ့စ်ဘွတ်) ပေါ်လာတော့ (မက်ဆေ့ခ်ျ) နဲ့ (ချတ်) ကနေမေးတာတွေကိုဖြေပါတယ်။ (ကွန်မင့်) ကနေမေးတာတော့ တင်ထားတဲ့ (ပို့စ်) နဲ့မဆိုင်ရင် မဖြေပါ။
• အခုအသစ်တမျိုး တိုးပါအုံးမယ်။ VOA အသံလွှင့်ဌာနကနေ မေးလာတွေကို မကြာခင်မှာဖြေပါမယ်။ VOA မှာ ကျန်းမာရေးကဏ္ဍ ရှိနေပြီးဖြစ်ပေမယ့် အခုအစီအစဉ်က အသစ်ပါ။ အခုဖြစ်နေတာကိုမေးတာမျိုး၊ ရာသီစာ ဝေဒနာတွေ ဖြစ်ပါမယ်။ ဆရာဝန်ကနေ ပြောချင်တာရွေးပြောတာမျိုး မဟုတ်ပါ။
• မေးတဲ့သူနာမည်တော့ ခွင့်ပြုရင်သုံးပါမယ်။ မသုံးစေချင်ရင်တော့ ကြိုတင်ပြောပါ။ နေရပ်ကိုတော့ သိချင်ပါတယ်။ ကူးစက်ရောဂါတွေက နေရပ်လည်းလိုက်ဖြစ်တယ်။ မြန်မာပြည်ကလူတွေ ၃-၄ သန်းမက ပြည်ပထွက်နေကြရလို့ တိုင်းပြည်လည်း သိချင်တယ်။ တချို့ရောဂါတွေက တချို့နိုင်ငံတွေမှာပိုဖြစ်တယ်။ ဆေးညွှန်ရတာလည်း နေရာသိမှ ပိုအဆင်ပြေတယ်။ တချို့တိုင်းပြည်မှာ ဆရာဝန်ဆေးလက်မှတ်ပါမှသာ ဝယ်လို့ရတဲ့ဆေးရယ်လို့ ရှိလို့ပါ။
• လူတွေမှာဖြစ်နေတာအကုန်ကို ပါစေချင်တယ်။ မျိုးပွါးလမ်း၊ အိမ်ထောင်ရေး၊ လိင်ပိုင်းဆိုင်ရာတွေကိုလည်း မေးကြတာ အတော်ကိုများတယ်။ ရေဒီယိုက အများသုံး (မီဒီယာ) ဖြစ်လို့တော့ သုံးသင့်တယ်ထင်တာကိုသာ သုံးမှာပါ။ ဝေါဟာရ အသုံးအနှုန်းတွေကို အတတ်နိုင်ဆုံး ယဉ်ကျေးပြီး၊ မှန်ကန်တိကျ နားလည်သဘောပေါက်တာမျိုးသာ ရွေးသုံးပါမယ်။ တချို့စကားလုံးတွေက အများသဘောတူအသုံးဖြစ်မလာသေးပါ။ ဥပမာ သားအိမ်ခေါင်း၊ သားအိမ်ဝ၊ သားအိမ်လည်ပင်း။
• အသံ (ဖိုင်လ်) နဲ့လည်း မေးစေချင်ပါတယ်။ အသံကို VOA မှာ အသုံးပြုခွင့်ကိုပါ ရချင်တယ်။
• အမေးမဟော်သဓာဖြစ်ကြစေချင်ပါတယ်။ မေးနည်းစည်းကမ်းကိုလည်း ခဏခဏအသိပေးနေပါတယ်။ စည်းကမ်းညီရင် အဆင်ပြေလွယ်ကူပြီး၊ အချိန်ကုန်သက်သာပါတယ်။ စည်းကမ်းကို လိုလာရင်ပြင်ပါမယ်။ ၂ဝဝဂ ဖွဲ့စည်းပုံလို ပြင်မရတာမျိုး မကြိုက်ပါ။
• အခုတော့ VOA နဲ့ ဖက်ဒရယ်အစိုးရနဲ့ တရားဝင်ဖြစ်မှုအတွက် စလုပ်နေပါပြီ။ အဖြေနွားကျောင်းသားဖြစ်အောင် ကြိုးစားပါမယ်။ နွားကျောင်းသားဆိုတာ တကယ့်အရှိလူ။ ရောဂါတွေ အများဆုံးခံစားနေကြရသူ။ ၇၅% ထဲကလူတွေကို ကိုယ်စားပြုပါတယ်။


ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး