PLA holds night live-fire drills near border with Myanmar

• တရုပ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ တရုပ်-မြန်မာနယ်စပ်မှာ ကျည်အစစ်သုံးစစ်ရေးလေ့ကျင့်မှုလုပ်

• ပုံနှိပ်ထုတ်ဝေတဲ့ South China Morning Post သတင်းစာမှာ ဖေါ်ပြထားတာကို ဒေသစံတော်ချိန် ၂၆-၃-၂ဝ၁၅ နေ့ နံနက် ၂ နာရီ ၂ဝ မိနစ်က ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ သတင်းဖြစ်ပါတယ်။
• People's Liberation Army ခေါ် တရုပ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကနေ တိုက်ပွဲတွေဖြစ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာ အဲလိုစစ်ရေးလေ့ကျင့်မှုလုပ်တာကို China Central Television တီဗွီဌာနရဲ့ စစ်ရေး (ချယ်နယ်) ကနေ အင်္ဂါနေ့ညက ထုတ်လွှင့်လိုက်ပါတယ်။ အမှတ် (၁၄) Army Corps ရဲ့ တပ်ရင်းတခုကနေ လတ်တလောပြုလုပ်ခဲ့တဲ့ Large-scale live-fire drill အကြီးစား ကျည်အစစ်သုံး စစ်ရေး လေ့ကျင့်မှုလို့ ဖေါ်ပြခဲ့ပါတယ်။ တပ်တွေရဲ့ Combat readiness at night ညပိုင်းမှာ အသင့်ရှိနေမှုအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သားတွေဟာ flamethrowers မီးထွက်စစ်လက်နက်တွေ ကိုင်ဆောင်ထားတာကို မြင်တွေ့နိုင်ပါတယ်။
• တရုပ်လူမျိုး ဝေဖန်သူတွေက ဒီလိုလုပ်ရတာဟာ သူ့နိုင်ငံသားတွေက မြန်မာစစ်လေယာဉ်ကနေ ဗုံးချလို့ လူတွေ သေကျေတဲ့အပေါ်မှာ အစိုးရကနေ လုံလောက်တဲ့အရေးယူဆောင်ရွက်မှုမလုပ်ဖူးလို့ဝေဖန်မှုတွေကို ပြေငြိမ်းစေဖို့ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅
http://www.scmp.com/news/china/article/1747370/pla-holds-night-live-fire-drills-near-border-myanmar

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး