The lead rope and the pole ချည်တိုင်

ဦးဦးရဲ့ My Home ကိုဖတ်ပြီး၊ ဖိုးဖိုးကြီး (ဦးဦးရဲ့အဖေ) တို့ မန္တလေးကိုလိုက်နေတော့ ပြောတဲ့စကားတခွန်းကို မှတ်မိနေပါတယ်။ ရိုင်းသွားမယ်ဆိုရင်လဲ ခွင့်လွှတ်ပါ။ ဖိုးဖိုးကြီးပြောတာ့ အိုလာတော့ ချည်တိုင်ဘဲသတိရတယ်တဲ့။

• အလွန်ရင်းနှီးတဲ့သူငယ်ချင်းရဲ့ သမီးကနေ အခုပဲရေးလိုက်တာပါ။
• လူတိုင်းဟာ ချည်တိုင်မှာ ချည်တုပ်ခံထားကြရတယ်။ ကြိုး အတိုနဲ့ အရှည်သာကွာကြမယ်။
• မမြင်ရတဲ့ကြိုးလို့ တင်စားပြောကြတာက သံယောဇဉ်။ တရားသဘောမှာ သံယောဇဉ် (၁ဝ) ပါးရှိတယ်။ လူ့လောကမှာက များလွန်းလှတယ်။

• အဝေးကြီးမှာနေရသူတွေအဖို့ ချည်တိုင်မှာချည်ခံထားရတယ်လို့သိနေတာကိုက အလွမ်းဖြေစရာ။
• အကြာကြီးခွဲခွါနေရသူတွေအဖို့မှာလည်း ချည်တိုင်ရှိသေးတယ်ဆိုဟာ အလွမ်းပြေစရာ။
• ကြိုး တိုတို ရှည်ရှည်၊ ကြာနေနေ ဝေးနေနေ၊ ချည်တိုင်ဆီသာ သမင်လည်ပြန်ကြည့်မိကြတယ်။

• ကျွန်တော် ၁၉၉ဝ ဒီဇင်္ဘာလထဲမှာ ချင်းတောင်တန်းကိုဖြတ်ပြီး ထွက်ခဲ့ရတုံးက မြင်းစီးရတယ်။
• မြင်းကြိုးကိုချည်ရင် ချည်တိုင်မှာ အမြင့်ကြီးလည်းမချည်ရ၊ နိမ့်နိမ့်လေးမှာလည်း မချည်ရပါ။ ပြန်ဖြေတဲ့အခါ လွယ်ကူအောင်ချည်နည်းသိရတယ်။ အစာစားလို့ရအောင် မြင်းပါးစပ်ဖက်ကကြိုးလည်း သိပ်မတိုစေရဘူးတဲ့။
• ကျွန်တော်တော့ ကိုယ်ကြိုး အတိုအရှည်နဲ့ ချည်နည်းလည်းသိတယ်။ ကိုယ့်ချည်တိုင်ကိုလည်း မမေ့ပါ။
• ပြည်တွင်းထဲမှာနေရသူတွေအတွက်တော့ ချည်တိုင်မရှိကြပါ။ ဒါပေမဲ့ ခြံခတ်ခံထားကြရတယ်။
• ကျွန်တော့်ချည်တိုင်ကလည်း အဲဒီခြံထဲမှာ။ ခြံထဲကလူတွေမှန်သမျှ ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး