Bacterial culture ဗက်တီးရီးယားမွေးမြူခြင်း

ပိုးမွှေးခြင်းက ဗက်တီးရီးယားမွေးခြင်းကိုဆိုလိုပါသလား ဆရာ။ ပိုးမွေးရခြင်း၏ ရည်ရွှယ်ချက်ကို သိပါရစေ။

ဆေးပညာမှာ ဗက်တီးရီးယားမွေးမြူခြင်းကို Microbiological culture (Microbial cultures) အနုဇီဝမွေးမြူခြင်းလို့လည်း ခေါ်တယ်။

အလွန်သေးငယ်တဲ့ပိုးမွှားလေးတွေကို သူတို့ကြိုက်မယ့်အခြေအနေ (မီဒီယမ်) ပေါ်မှာ မျိုးပွါး များပြားလာအောင် ဓါတ်ခွဲခန်းထဲမှာ တမင်တကာလုပ်ယူတာဖြစ်တယ်။ ပိုးအမျိုးအစားသိမယ်။ ဘယ်လောက်များသလည်း သိမယ်။ ရောဂါရှာဖွေးရေးမှာ ပင်မစမ်းသပ်နည်းတခုဖြစ်တယ်။ လည်ချောင်းကအရည်ကိုယူပြီးအဲလိုစမ်းရင် Streptococcus pyogenes အမျိုးအစားဆိုတာသိမယ်။

Pure culture သန့်သန့်မွေးမြူခြင်းဆိုတာကတော့ တမျိုးတည်းကိုလုdက်ရှာတာ။

ပိုးတွေကြိုက်တဲ့အခြေအနေကို Medium လို့ခေါ်တယ်။ Agarose gel (Agar) ကိုသုံးတယ်။ ပင်လယ်ရေညှိတမျိုး ဖြစ်တယ်။

Culture and Sensitivity ဆိုတာ ပိုးကိုမွေးမြူပြီးတော့ ဘယ်ဆေးနဲ့သင့်မလည်းကိုစမ်းသပ်တဲ့နည်းဖြစ်တယ်။ Antibiotic ပိုသေဆေး အမျိုးမျိုးနဲ့တွေ့စေပြီး သေသွားကြတာ၊ မျိုးမပွါးနိုင်ကြတာကိုသိအောင်လုပ်ရတာဖြစ်တယ်။ ခေတ်မီဓါတ်ခွဲခန်းတွေမှာ ပိုးတွေရဲ့ DNA နဲ့ RNA သွင်ပြင်တွေကိုပါခွဲခြားနိုင်တယ်။ ပိုတိကျတယ်။ အချိန်တိုတယ်။ ငွေကုန်လည်းသက်သာတယ်။ ဒါပေမဲ့ ပိုးအမျိုးအစားသိယုံသာမဟုတ်ရင်တော့ စောစောကနည်းပဲလုပ်ရမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး