Double Mastectomy ရင်သားနှစ်ဖက်လုံး ဖြတ်ထုတ်ခြင်း

ဆရာရှင့် ကျွန်မရန်ကုန်ကပါ။ အသက် ၄၀ ပါရှင့်။ ရင်သားကင်ဆာအဆင့် ၂ ပါ။ ကျွန်မရင်သားတခြမ်း ဖြတ်ထားပါတယ်ရှင့်။ ကျွန်မလို အဆင့်အခြားသူများက မဖြတ်ပဲဒီတိုင်းကုသမှုခံယူပါတယ်။ ရင်သားမှာ ကင်ဆာဖြစ်ရင် ဖြတ်ထုတ်လိုက်တာနဲ့ ဖြတ်မထုတ်တာ ဘယ်ဟာပိုအားသားပါသလဲဆရာရှင့်။ ဖြေကြားပေးပါဆရာရှင့်။ အစဉ်လေးစားလျှက်ပါ။

ရင်သားကင်ဆာ အဆင့်နဲ့ အမျိုးအစားအရ ကုသရတယ်။ ကုသပေးတဲ့ဆရာဝန်က အကောင်းဆုံးနည်း ရွေးပါတယ်။ ဆက်လုပ်စရာ လိုသူတွေကိုလည်း ဆက်ရသေးတယ်။

ဆရာရှင့်ကျွန်မကိုကုသပေးတဲ့ဆရာဝန်ကဖြတ်တော့ပစ်ဖို့အားမပေးပါ။ မိမိဆန္ဒအရ ဖြတ်ပစ်ရင် ပိုစိတ်ချနိုင်ချေရှိမလားလို့ လှီးထုတ်လိုက်ပါတယ်ဆရာရှင့်။ ဆိုးကျိုးပိုရှိနိုင်မလားလို့ပါဆရာ။ ဖြေကြားပေးပါရှင့်။ လေးစားစွားဖြင့်။

ဆရာကတော့ အစအဆုံး မသိနိုင်ပါ။ ရင်သားကင်ဆာ စာတွေ အများကြီးရေးထားတယ်။ မင်းသမီးအင်ဂျလီနာဂျိုလီက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ၂ ဖက်လုံး ဖြတ်ထုတ်ထားတယ်။

ဟုတ်ကဲ့ အစဉ်လေးစားလျှက်ပါဆရာရှင့် အသက်ရာကျော်ရှည်ပါစေ။

၎-၉-၂ဝ၁၄ နေ့ကထွက်တဲ့ ဆေးသုတေသနရလဒ်တခုမှာတော့ ရင်သားနှစ်ဖက်လုံးကိုဖြတ်ထုတ်ခြင်းဟာ ရင်သားအကျိတ်ကိုသာ ဖြတ်ထုတ်ပြီး ဓါတ်ကင်နည်းထက် အသက်ရှည်နှုန်း မထူးခြားပါလို့ သိရပါတယ်။

နာမည်ကြီး ရုပ်ရှင်မင်းသမီး (အင်ဂျလီနာ ဂျိုလီ ပစ်) ဟာ မျိုးဥအိမ်နှစ်ဖက်နဲ့ သားအိမ်ပြွန်နှစ်ခုလုံးပါ ခွဲစိတ် ထုတ်လိုက်တဲ့သတင်း ၂၄-၃-၂ဝ၁၅ နေ့က ထွက်လာပါတယ်။ သူက ကင်ဆာပြန့်မှာကို ကြိုတင်ကာကွယ်ဘို့ ဒီခွဲစိတ်ကုသနည်းကို ရွေးလိုက်တာဖြစ်ပါတယ်။

မင်းသမီးဟာ လွန်ခဲ့တဲ့ ၂ နှစ်မှာ ရင်သားနှစ်ဖက်လုံးကို ခွဲစိတ်ထုတ်ခဲ့တုံးက မျိုးဥအိမ်တွေရော သားအိမ်ပြွန်တွေကိုပါ ထုတ်ခဲ့တာပါလို့ ထပ်ပြီးသိလာရပါတယ်။ အဲလိုလုပ်ရတာဟာ သူ့မှာ ကင်ဆာဖြစ်လာနိုင်တဲ့ မွေးရာပါအလားအလာ တွေ့နေရလို့ပါ။ ဒီလိုဆုံးဖြတ်ချက်မျိုးချရတာ အင်မတန်ခက်ခဲပါတယ်လို့ အင်္ဂါနေ့တုံးက အမြင်သဘောထားကဏ္ဍမှာ မင်းသမီးက ရေးသားလိုက်ပါတယ်။ ဒါပေမယ့် ကျမကလေးတွေကနေ တနေ့မှာ တို့မေမေဟာ မျိုးဥအိမ်ကင်ဆာနဲ့ ဆုံးသွားတာလို့ ပြောစရာဖြစ်လာမှာမဟုတ်ဘူးလို့ ရေးပါတယ်။

မင်းသမီးက ခွဲစိတ်ကုသမှုကို ၂ဝ၁၃ ခုနှစ်ထဲမှာလုပ်ခဲ့တာပါ။ သူ့မှာ မျိုးဗီဇပြောင်းလဲခြင်း BRCA1 ဆိုတာတွေ့တယ်။ အဲတာမျိုးရှိတဲ့ အမျိုးသမီးတွေမှာ မျိုးဥအိမ်ကင်ဆာဖြစ်ဖို့အလားအလာများတယ်။ သူ့အမျိုးထဲမှာ ၃ ယောက်ရှိပြီ အဲဒီကင်ဆာနဲ့ ဆုံးပါးသွားကြတယ်။ သွေးစစ်ကြည့်တော့ အဲတာမျိုး အင်ဂျလီနာမှာ မတွေ့ပေမယ့် ခွဲစိတ် ထုတ်ပြစ်လိုက်ပါတယ်။ ဆရာဝန်ကလည်း သူ့အမေကိုပါ ကုသပေးခဲ့သူဖြစ်ပါတယ်။

ခွဲစိတ်နည်းကို Laparoscopic bilateral salpingo-oophorectomy ဗိုက်ထည့်ကိရိယာနဲ့ မျိုးဥ + သားအိမ်ပြွန်တွေ ထုတ်နည်းလို့ခေါ်ပါတယ်။ အဲလိုလုပ်လိုက်တော့ အသက် ၃၉ နှစ်သာရှိသေးတဲ့ အင်ဂျလီနာ စောစောစီးစီး သွေးဆုံးသူတယောက် ဖြစ်သွားပါတော့တယ်။ ကလေးလည်းမရနိုင်တော့ပါ။ ဒါပေမယ့် မင်းသမီးက ပြောပါတယ်။ ကျမ ခပ်ပေါ့ပေါ့ သဘောထားနိုင်ပါတယ်။ ဒါဟာ ဘဝရဲ့အစိတ်အပိုင်းတခုပဲမဟုတ်လား။ ကျမက စိတ်ဓါတ်ခိုင်မာပါတယ်။

မေးတဲ့သူအတွက် ဖြေကြည့်ပါမယ်။ ရင်သားတခုလုံးထုတ်လိုက်လို့ ဆိုးကျိုး ပိုစရာမရှိလောက်ပါ။ အလှအပအတွက်က လွဲရင်ပေါ့။ (အင်ဂျလီနာ ဂျိုလီ) က ကျွန်တော်ကိုးကားတဲ့ ဆေးသုတေသနမထွက်ခင်က နှစ်ဖက်လုံးထုတ်ထားပြီးပါပြီ။ ဒါသာမက မျိုးဥအိမ်နဲ့ သားအိမ်ပြွန်တွေကိုပါ ထုတ်ပါတယ်။

ကင်ဆာနဲ့ ရောဂါကြီးတွေတိုင်းကို အကြံပေးပါတယ်။ စိတ်ကို အပြုသဘောဆောင်ပါ။ ကံတရားအားကိုးပါ။ ကံတရားဆိုတာ အခုကောင်းမှုပြု၊ အခုဆုတောင်းတာနဲ့ မပြီးပါ။ ကျွန်တော်ကတော့ ညတိုင်းအိပ်မပျော်ခင်မှာ ကနေ့ မေးလာသူအားလုံးအတွက် ဆုတောင်းပေးနေပါတယ်။ ပျက်တဲ့ရက် လုံးဝမရှိတာတော့ မဟုတ်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၉-၁၂-၂ဝ၁၆
ည (မနက်) ဝဝ နာရီ၊ ၃၅ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး