De-militarizing politics critical for Myanmar

စစ်ပြုခြင်းမှ လျှော့ချရေးဟာ မြန်မာနိုင်ငံတွက်တာအရေးပါ

• တရုပ်အစိုးရအာဘော် (ဂလိုဘယ်လ်တိုင်းမ်) သတင်းစာမှာ ၂၅-၂-၂ဝ၁၅ နေ့က သူတို့အမြင်ကဏ္ဍမှာဖေါ်ပြထားတဲ့ People's Daily သတင်းစာ အကြီးတန်းအယ်ဒီတာ Ding Gang (ဒင်း ဂန်း) ရဲ့ ဆောင်းပါးဖြစ်ပါတယ်။
• ဆောင်းပါး အစပိုင်းမှာ နောက်ခံနိုင်ငံရေးနဲ့ လက်ရှိအဖြစ်အပျက်တွေရေးထားပါတယ်။ အလယ်ပိုင်းမှာ ဒီလို ရေးထားပါတယ်။
• နိုင်ငံရေးနဲ့ စီးပွါးရေးမှာ စစ်တပ်ရဲ့ပါဝင်ပတ်သက်မှုကို လျှော့ချရေးဟာ စစ်တပ်နဲ့ တိုင်းရင်းသားတွေအကြား ယုံကြည်မှုကို တိုးစေပါမယ်။ ဒါ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုပြီးဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။
• အဲလို နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးမှာ (ဒေါ်အောင်ဆန်း) စုကြည်ရဲ့ NLD လည်းပါဝင်ရမှာဖြစ်ပါတယ်။ ခုထိ ကျွန်တော်တို့မြင်တာကတော့ NLD သာလျှင် အမျိုးသားနိုင်ငံရေးမှာ ခေါင်းဆောင်မှုတာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိပါတယ်။
• နိဂုံပိုင်းမှာ ဒီလိုရေးထားပါတယ်။
• စစ်တပ်က နိုင်ငံရေးကနေပြန်ဆုတ်ခွါဘို့ အချိန်ကြာပါတယ်။ ဒါပေမယ့် လက်ရှိနိုင်ငံရေးမှာ စစ်တပ်က အခွင့်ထူးတွေ ဆက်ယူထားတာ မသင့်လျှော်တော့ပါ။
• စစ်တပ်ကလည်း သဘောပေါက်ပါတယ်။ ဒါကြောင့် လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထောက်ခံဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးက နက်ရှိုင်းပါတယ်။ စစ်တပ်အနေနဲ့ သူ့အကျိုးစီးပွါးအတွက် ယူထားတဲ့ကဏ္ဍ အတော်များများမှာ အလျှော့ပေးမှုတွေလုပ်ရပါမယ်။ အဲလိုလုပ်ရတာမှာ ထိပ်တိုက်မှုတွေရှိမှာပါ။
• အိမ်နီးချင်းအနေနဲ့ တရုပ်နိုင်ငံက မြန်မာ့အပြောင်းအလဲဆက်သွားဖို့ကို ထောက်ခံသင့်ပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံပြင်ရေးက ခြေလှမ်းတခုအနေနဲ့ပါဖြစ်ပါတယ်။ နိုင်ငံရေးဘဝမှာ စစ်တပ်ကနေ ဝင်ရောက်စွက်ဖက်နေတာတွေ လျှော့ချရေးဟာ တည်ငြိမ်တဲ့စနစ်အတွက် အခြေခံကျတဲ့အချက်ဖြစ်ပါတယ်။
• အခုထိတော့ မြန်မာပြည်ဟာ ပြောင်းနေတုံးပါ။ တရုပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုပါ သက်ရောက်မှုရှိနေပါတယ်။ ဒါပေမယ့် ရေရှည်မှာ တရုပ်အနေနဲ့ မြန်မာနိုင်ငံကို ဆက်လက်ထောက်ကူနေတာကို စွဲကိုင်ထားမယ်ဆိုရင် မြန်မာနိုင်ငံကလည်း နားလည်လာပြီး အိမ်နီးချင်းကောင်းတခုအနေနဲ့ အကျိုးရရှိပါလိမ့်မယ်ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၅
http://www.globaltimes.cn/content/908861.shtml

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး