Increment တိုးတက်လာတဲ့မြန်မာပြည်

• မြန်မာပြည်မှာ အစိုးရဝန်ထမ်းတွေ လစာတိုးသတဲ့။
• ကျွန်တော့်ဘဝမှာ အစိုးရလစာ ပထမဆုံးရတာ အလုပ်သင်ဆရာဝန် (ဟောက်ဆာဂျင်) ဖြစ်တော့ တလမှာ ၂၁ဝ ကျပ်ရတယ်။
• အငယ်တန်းလက်ထောက်ဆရာဝန်က ၃၂ဝ ကျပ်။ လက်ထောက်ဆရာဝန်ကနေ မြို့နယ်ဆရာဝန်ဖြစ်တော့ ၄၅ဝ ကျပ်ရခဲ့တယ်။ လုပ်သက် ၁၅ နှစ်မှာ ၇ဝဝ ကျပ်ရခဲ့တယ်ထင်တယ်။
• လူနာတယောက်ကို ဆေးတလုံးထိုး (တခါလာပြ) ၃ ကျပ်ယူတယ်။ နောက် ၅ ကျပ်၊ နောက်ဆုံးထွက်လာကာနီး ၁ဝ ကျပ်။ လစာနည်းဝန်ထမ်းတွေလာပြရင် ၅ ကျပ်ယူခဲ့တယ်။
• ရွှေတကျပ်သား ၃ဝဝ ခေတ်ကိုမှီတယ်။ စစ်ကိုင်းဆေးရုံမှာတာဝန်ကျတော့ ရွှေတကျပ်သား ၃ ထောင်။ မြန်မာပြည်က ထွက်လာတော့ ရွှေတကျပ်သား ၃ သောင်းခေတ်ကပါ။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး