World Kidney Day March 12, 2015 ကမ္ဘာ္ဘ့ကျောက်ကပ်နေ့

ကမ္ဘာ္ဘ့လူဦးရေ ၁ဝ% မှာ Chronic Kidney Disease (CKD) နာတာရှည်ကျောက်ကပ်ရောဂါရှိနေကြ။ ၅ဝ% ဟာ အသက် ၇ဝ ကျော်တွေဖြစ်

(က) Drink a Glass of Water ရေတဖန်ခွက်သောက်လိုက်ပါ
၁၂-၃-၂ဝ၁၅ နေ့မှာ လူတိုင်းကို ရေတဖန်ခွက်သောက်ကြပါ၊ ကိုယ့်ကျောက်ကပ်ကိုလည်းတခွက်သောက်စေပါလို့ ဖိတ်ခေါ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာမှာအလွန်အရေးပါတဲ့ကျောက်ကပ်ကို သတိရှိကြစေဖို့ရာ သင်္ကေတဆောင်ရွက်မှုပါ။ အဲလိုပါပဲ လူနေမှုပုံစံကိုပြောင်းကြစေချင်ပါတယ်။

(ခ) 8 Golden Rules for Prevention ကာကွယ်ရေးအတွက် (၈) ချက်ဥပဒေသ
ကျောက်ကပ်ရောဂါဟာ လူကိုသေစေတယ်။ မကောင်းတော့ရင် လူ့အရည်အသွေးတွေကျဆင်းလာမယ်။ ဒါပေမဲ့ ကာကွယ်ဖို့ရာ နည်းလမ်းတွေရှိပါတယ်။

၁။ Keep fit and active တက်ကြွနေပါ။ ကျန်းမာအောင်နေပါ။ လမ်းလျှောက်ပါ။ ဘီစီးပါ။ ပြေးပါ။

၂။ Keep regular control of your blood sugar level သွေးထဲကအချိုဓါတ်ထိန်းထားပါ။

၃။ Monitor your blood pressure သွေးဖိအားစစ်ဆေးနေပါ။ သွေးဖိအား (ဘီပီ) လျှော့ချရင် နာတာရှည် ကျောက်ကပ်ရောဂါ မဖြစ်စေပါ။ နှလုံး အတတက်ရမှာကိုလည်းတားနိုင်တယ်။ Blood pressure 120/80 ကနေ 139/89 မှာသာ ရှိနေစေပါ။ 140/90 နဲ့အထက်ဆိုရင် ဆရာဝန်ပြပါ။

၎။ Eat healthy and keep your weight in check ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားပါ။ ကိုယ်အလေးချိန်ထိန်းပါ။ ဆားလျှော့စားပါ။ တနေ့မှာ တား Sodium intake 5-6 grams (လဖက်ရည်ဇဇွန်း တဇွန်း) ထက်မများစေပါနဲ့။ ဆားများများသုံးတဲ့ ဆိုင်ဝယ်အစာတွေ ရှောင်ပါ။ လတ်ဆတ်တာတွေကိုသာ ကိုယ်တိုင်ပြင်ဆင်ချက်ပြုစားသုံးပါ။

၅။ Maintain a healthy fluid intake ကျန်းမာရေးနဲ့ညီတဲံအရည်တွေသာသောက်သုံးပါ။ တနေ့မှာ ရေ 1.5 to 2 litres (3 to 4 pints) အနည်းဆုံးသောက်ပါ။ ချွေးထွက်တဲ့အလုပ်လုပ်ရတာ၊ ကိုယ်ဝန်ဆောင် ကလေးနို့တိုက်နေရတာ၊ ရာသီဥတု ပူတာဆိုရင် ပိုသောက်ပါ။ တနေ့မှာ ၂-၃ လီတာသောက်ပါ။

၆။ Do not smoke ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူတွေမှာ ကျောက်ကပ်ကိုသွေးစီးဝင်တာ ၅ဝ% နှေးကြတယ်။ ကျောက်ကပ်ကင်ဆာဖြစ်မှာ ၅ဝ% ပိုစေတယ်။

၇။ Do not take over-the-counter pills on a regular basis အလွယ်ဝယ်ရဆေးသတိပေးပါရစေ။ NSAD ခေါ်တဲ့ ibuprofen လိုအနာအကိုက်ပျောက်ဆေး တွေ တာရှည်မသောက်သင့်ပါ။ မသောက်မဖြစ်သူတွေ ဆရာဝန်ညွှန်သလိုသာ သောက်ပါ။

၈။ Get your kidney function checked ကျောက်ကပ်ကိုစစ်ဆေးပါ။ (ဆီးချိုရှိသူ၊ သွေးတိုးရှိသူ၊ ဝလွန်းသူ၊ မိသားစု ရာဇဝင်မှာ ကျောက်ကပ်ရောဂါရှိသူ)

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၅
http://www.worldkidneyday.org/

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး