Seasonal literature စားစရာနဲ့ ဖတ်စရာ ရာသီစာ

• ကိုစိန်ဝင်းရေ့ လယ်တောမှာ ကောက်စိုက်သူမတွေ ကောက်စိုက်နေတဲ့ပုံနဲ့ ကဗျာကိုတော့ သဘောကျပါတယ်ဗျာ။ ဒါပေမယ့် ဆရာ့သဘောက ကနေ့လက်ရှိကို ပိုသဘောကျတယ်။ ဒီရာသီမှာ ကောက်စိုက်နေမှ ကောက်စိုက်တာကို ရေးချင် တင်ချင်တယ်။
• ခင်မင်လို့အခုလိုပြောရတာ။ သူများတွေကို ပြောချင်ပေမယ့် မပြောဖြစ်ဖူး။ ဒေါ်စုဆေးခွင့်နဲ့ နားနေတုံးမှာ သူအရင်က သွားခဲ့လာခဲ့တာတွေတင်နေကြတာမျိုး၊ ဆန္ဒပြတာတွေနားနေတုံးမှာ အရင်ကပြနေတဲ့ပုံတွေ တင်တာမျိုး၊ စတာတွေက မဆီလျှော်ဘူးထင်တယ်။ အဲလိုသတင်းမျိုးတွေက အမြဲလတ်ဆတ်နေရတာမျိုးမို့ပါ။

• ကျွန်တော်က အပြင်မှာနေရတဲ့သူမို့ ကနေ့ ကိုယ့်တိုင်းပြည်မှာ တကယ်ရှိနေ ဖြစ်နေတာတွေကို သိပ်သိချင်တာ။ အခုပဲ ဧပြီလအကြောင်းလေး တင်လိုက်တယ်။ စာရေးတုံးက တရုပ်ဧကရာဇ်တွေက လယ်ထွန်မင်္ဂလာ လုပ်ကြတဲ့လလို့ဆိုတော့ ကိုယ့်ဆီမှာ လယ်ထွန်ချိန်ဟုတ်ရဲ့လား စဉ်းစားခဲ့ရတယ်။ ဖင်းနစ်လူမျိုးတွေက ရွေ့ပြောင်း တောင်ယာအတွက် မီးရှို့ကြသတဲ့။ ကိုယ့်ဆီကော ဘယ်လိုလည်း သိချင်တယ်။ သမိုင်းကိုရေးရင်တော့ ရှေးဘယ်လောက်ကျကျ သင့်မြတ်ပါတယ်။
• နွေကျောင်းပိတ်ချိန်စာကို တင်ချင်ပေမယ့် စာမေးပွဲတွေ ပြီး မပြီး၊ ဆရာမတယောက်ကို လှမ်းမေးနေရတယ်။
• ခုချိန်က လာမယ့်သင်္ကြန်ရက်တွေမှာ ဘယ်ရက်မှာမိုးရွာမလည်း စောင့်စားကြရတဲ့အချိန်။ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း မှန်းကြတယ်။ မိုးလေးကျရင် ထွန်ရေးပြင်ရမယ့်အချိန် မဟုတ်လား။
• ရာသီစာက ကျန်းမာရေးအတွက်ကောင်းတယ် မဟုတ်လားဗျာ။ စားစရာရော ဖတ်ရာပါ၊ ရာသီစာကို ခုံမင် နှစ်သက်ပါတယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး