Breastfeeding linked to higher IQ

မိခင်နို့တိုက်လျှင် ကလေးဥာဏ်ရည်မြင့်

- အချိန်တာရှည်လေ့လာဆန်းစစ်မှုအရ ၁၇-၃-၂ဝ၁၅ နေ့က သိရတဲ့အချက်ဖြစ်ပါတယ်။
- ဘရာဇီးလ်မှာ အဆင့်အတန်းစားအစုံက ကလေးပေါင်း ၃၅ဝဝ ကို လေ့လာခဲ့တယ်။ မိခင်နို့ကြာကြာစို့ရတဲ့ကလေးတွေမှာ ဥာဏ်ရည်ပိုသာကြတယ်။
- မိခင်ရဲ့ပညာရေး၊ မိသားစုဝင်ငွေ၊ ကလေးမွေးကာစအလေးချိန် စတာတွေလည်းထည့်တွက်ရပါမယ်။
- ဘရာဇီးလ်မှာ ကလေးကို တလသာနို့တိုက်သူတွေနဲ့ တနှစ်မကကြာအောင် နို့တိုက်သူတွေရှိတယ်။
- ပညာရှင်တွေက အနည်းဆုံး ၆ လ မိခင်နို့တိုက်ဖို့ အကြံပြုလိုက်ပါတယ်။

- ၁၂-၁၁-၂ဝ၁၃ နေ့ကသတင်းမှာ ကလေးမွေးပြီးကာစမိခင်တွေကို ကလေးနို့တိုက်သူမှန်ရင် ဈေးဝယ်ဖို့ ဘောင်ချာတွေ အခမဲ့ပေးပါသတဲ့။ အင်္ဂလန်နိုင်ငံ၊ ယော့ခ်ရှိုင်းယားနယ်၊ ဒါဘီရှိုင်းယားမှာလုပ်တဲ့ ပိုင်းလော့ ပရောဂျက်ဖြစ်ပါတယ်။ တန်ဖိုး ပေါင် ၂ဝဝ ဖြစ်ပါတယ်။ ကလေး ၆ လအထိ တိုက်ရပါမယ်။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး