Myanmar ကိုရင်ကြီးတို့တိုင်းပြည်

• ကန်တော့ပါဗျာ။ ဆရာတော်ရှင်ဆန္ဒာဓိက မိန့်သွားတာကိုကြားရလို့ ရေးပါရစေ။
• ဘုန်းကြီးလူထွက်တွေ လူ့လောကမှာ အဆီအငေါ်မတည့်တဲ့ ပုံပြင်တွေက များလှတယ်။
• ဝါများများဝတ်ထားခဲ့လေလေ အရပ်ထဲမှာ အံမဝင်တာများလေလေပဲ။
• အဲလိုပဲတဲ့ ယူနီဖေါင်းဝတ်ထားတဲ့သူတွေ အရပ်ဝတ်ပြောင်းဝတ်ပေမဲ့ အကျင့်ဟောင်းက မပျောက်နိုင်တော့ဘူး။ ယူနီဖေါင်းဝတ်တာ ကြာခဲ့လေလေ အကျင့်ဟောင်းမပျောက်တော့လေပဲ။
• ဗုဒ္ဓဘာသာမိသားစုတိုင်းက သားတွေကိုရှင်ပြုကြတယ်။ ရက်မကြာတော့ ပြောစရာမရှိဘူး။
• တောမှာ ကိုရင်ရက်ကြာကြာဝတ်သူတွေလူထွက်ရင် ကိုရင်ကြီးလို့ဆက်ခေါ်ခံကြရတယ်။
• ဝါတော် (၂ဝ၁ဝ - ၁၉၆၂) ၅ဝ ကျော်ပြီးမှထွက်တဲ့ ယူနီဖေါင်းချွတ်တွေကတော့ ပြောစရာတွေချည်းပဲ။
• တိုက်အုပ်ထွက်ဆို ပြောမနေနဲ့တော့။ လူထွက်တွေက ကန်တော့နေရတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး