Peephole မမြင်ရမကြားရတဲ့ရောဂါ

• ကျွန်တော်တို့ မျက်စိတွေ နားတွေက အဝေးမြင်၊ အဝေးကြား၊ အနီးမကြား၊ အနားမမြင်ဖြစ်နေကြတယ်။
• အဲတာ အမျိုးသားအကြားအမြင်အားနည်းရောဂါလို့ ခေါ်တယ်။ တမျိုးသားလုံးမှာဖြစ်နေလို့ပါ။
• ယူနန်မှာဖြစ်တာကို ကြားရတယ်။ ဖတ်ရတယ်။ ပီကင်း (ဘေဂျင်း) ကနေပြောတာလည်း ကြားရတယ်။ ဖတ်ရတယ်။ နေပြည်တော်ကပြောတာကို ဘာမှမကြားရ၊ မမြင်ကြရပါ။
• ဟိုတရုပ်ဗိုလ်ချုပ်ကြီးပြောလိုက်တာကို ဒီကဗိုလ်ချုပ်မှူးကြီးက ဘယ်လိုပြန်ပြောလိုက်သလည်း သိချင်မိတယ်။
• စစ်ရေးအမြင်ရှိလို့ သမ္မတဖြစ်လာသူပြောတာကိုလည်း နားထောင်ချင်နေတယ်။ အရင်လိုပေါက်ဖေါ်ပဲလား။
• အဲလိုပြောလို့ တရုပ်ဖက်လိုက်တယ်တော့ မထင်နဲ့။ ကိုယ့်တိုင်းပြည်နဲ့ သူများနိုင်ငံယှဉ်ကြရရင်တော့ ကိုယ့်ဖက်ကိုယ်သာ လိုက်မှာ။ ကိုယ့်လိုဂိုကိုတော့ ဟိုလိုလိုသည်လိုလုပ်နေမှာမဟုတ်ဘူး။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၅

Comments