Classic Example ပုံခိုင်းရိုင်းပါရစေ

• တရုပ်နဲ့ မြန်မာနိုင်ငံနယ်စပ်သတင်းကို ပုံကြီးချဲ့ကားတင်ကြတာ၊ လျှော့ရေးတာ၊ လွဲရေးတာ၊ ခပ်လွယ်လွယ် ကွန်မင့်ပေးကြတာမှာ သတိထားသင့်ကြပါတယ်။
• အစိုးရက မပြည့်မစုံတင်တယ်။ ဒေါသကိုရှေ့တန်းတင်သူတွေက ချဲ့ကား၊ အစိုးရကလည်း ပြောစရာချည်း ထပ်ချည်းတလည်းဖြစ်နေတော့ တချို့က ပိုဆိုးဝါးတာတွေရေးနေကြတယ်။
• နှစ်နိုင်ငံကြားဖြစ်ပွါးတယ်ဆိုတာ နိုင်ငံတကာအရေးအခင်းဖြစ်တယ်။ နိုင်ငံတကာထုံးတမ်းတွေရှိတယ်။
• သတင်းတွေကိုလည်း ခိုင်လုံတဲ့နေရာကသာယူသင့်ကြတယ်။ မလေးရှားလေယာဉ်ပျက်ကျတုံးက ဟောတွေ့ပါပြီ ဆိုပြီး တွေ့ကရာဓါတ်ပုံတွေနဲ့တင်သူတွေ၊ ခေါင်းလောင်းရှာတာတွေ့ပါပြီပြောသူတွေ မနည်းခဲ့ပါ။ အဲတာတွေက တိုင်းပြည်အကျိုးစီးပွါးနဲ့ လားလားမှမဆိုင်ပါ။
• တရုပ်နဲ့ ကျွန်တော်တို့နိုင်ငံ စစ်ဖြစ်မှာမဟုတ်ပါ။ ဖြစ်လည်းမဖြစ်သင့်ပါ။ ရေလာမြောင်းပေးလို့ ရမယ်တော့ မထင်ပါနဲ့။ စစ်အင်အားချင်း ယှဉ်ယှဉ်ပြောနေကြသူတွေလည်း တွေ့နေရတယ်။ ပြောစရာကို မလိုတာပါ။ စိတ်ဓါတ်တို့ သူရသတ္တိတို့ စာစီစာကုံးရေးသလိုလုပ်နေသူတွေလည်း ရှိသေးတယ်။
• တရုပ်ဆန့်ကျင်ရေးကို ဖန်တီးတာလည်း မသင့်ပါ။ ကြိုက်လို့ပြောရတာ မဟုတ်ပါ။ ဘယ်ကိုယ်သူမှ အကျိုးရကြမှာ မဟုတ်ပါ။
• ကလေးချင်းရန်ဖြစ်တာ မြှောက်ပေးတာမျိုး၊ ကြက်ချင်းခွပ်တာ တိုက်ပေးတာမျိုးနဲ့ မတူပါ။ ခံစရာရှိရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အကျိုးစီးပွါးသာ နစ်နာမယ်။
• အခုနယ်စပ်အဖြစ်အပျက်က တရုပ်ကကျူးကျော်တာမဟုတ်ပါ။ မတော်တဆဖြစ်ဖြစ် တမင်တကာ ဖြစ်ဖြစ် ကိုယ့်နိုင်ငံက စစ်လေယာဉ်က သူတို့နယ်ထဲကျူးကျော်ပြီးဗုံးချမိလို့၊ ဟိုကလူတွေသေရတာပါ။ တာဝန်ရှိနေတာက မြန်မာစစ်တပ်နဲ့ အစိုးရဖြစ်တယ်။
• အခုအဖြစ်အပျက်က (ပုံခိုင်းရိုင်းလို့ တောင်းပန်ပါတယ်) အမေယူထားလို့ တော်ရတဲ့ပထွေးကို မတည့်ရင် စကားမပြောပဲ၊ မဆက်ဆံပဲသာနေလို့ရတာမျိုး။ အမေကကွာမဲ့ပုံမရှိတာ သိနေတာပဲမဟုတ်ပါလား။
• အစိုးရမှာ တာဝန်အလွန်ကြီးတယ်။ တနိုင်ငံလုံးအရေးမှာ အများပြည်သူ့အားကိုယူမှသာ ယှဉ်နိုင်တယ်။ အရေးအခင်းကို ပြေပြေလည်လည် သိက္ခာရှိရှိအဆုံးသတ်ဖို့ပြောတာပါ။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး