Newton law နယူတန်၏ တတိယဥပဒေသ
• ဖေ့စ်ဘွတ်မှာ ရေးတာ၊ တင်တာ ယဉ်ကျေးကြစေချင်တယ်လို့ မကြာမကြာမေတ္တာရပ်ခံတော့ အတော်လေး ကောင်းလာတယ်။ ဆဲတဲ့အသုံးတွေနည်းနည်းလာတယ်။ ဘလော့ခ် လုပ်တာကြောင့်လည်းပါမယ်ထင်တယ်။
• အစိုးရဖက်က သိပ်ဆိုးသွမ်းတာတွေထပ်ဖြစ်လာတော့ ဆဲလာကြပြန်တယ်။ ဒီတခါတော့ ဘလော့ခ်လုပ်ရမှာ စဉ်းစားတုံးပဲ။
• ဘာမှန်းညာမှန်းမသိသူတွေကတော့ ပရိုဖိုင်းတွေ ပြောင်းတာလောက်ပဲတတ်ကြတယ်။ အခုအဲဒီပရိုဖိုင်းလ်တွေ မှိန်သွားပြီ၊ ဆေးရောင်က ပါမင့်နင့်မှမဟုတ်ပဲကိုး။
• အစိုးရဆိုးပြန်လို့ ဆဲသံတွေပြန်ကြားရပြီဆိုတိုင်း အလိုတော်ရိတွေနဲ့ အခစားတွေရဲ့ တန်ပြန်တွေပေါ်လာတယ်။ တိုက်ပွဲတွေတုံးကတခါ၊ ရန်ကုန်နဲ့ လက်ပတန်းမှာတခါ။ သူတို့ကို ဘလော့ခ်လုပ်ရပြန်တယ်။
• အစိုးရနဲ့ ဖေ့စ်ဘွတ်ဟာ တိုက်ရိုက် ပြောင်းပြန် အညီအမျှ အချိုးကျတယ်။
Newton's Third Law of Motion: For every action there is an equal and opposite reaction.
ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၅

Comments
Post a Comment