Monday, March 23, 2015

Adult Immunization လူကြီးကာကွယ်ဆေးထိုးခြင်း

၂၃-၃-၂ဝ၁၅ ကနေ့ ကာကွယ်ဆေးသွားထိုးရတယ်။ အခုနေရာကို ရောက်ကတည်းက တတိယအကြိမ်ဖြစ်တယ်။ နောက်တကြိမ် ပိုလီယိုထိုးဆေးထိုးပြီးရင် အားလုံးစုံမယ်။

Recommended Adult Immunization Schedule, United States, 2015 လူကြီးအတွက်ကာကွယ်ဆေးများ၊ ယူအက်စ်အေ (၂ဝ၁၅)
Vaccine  Age Group 19-21 years 22-26 years 27-49 years 50-59 years 60-64 years ≥ 65 years
• Influenza တုပ်ကွေး (တနှစ် ၁ ခါ)
• Tetanus, diphtheria, pertussis (Td/Tdap) မေးခိုင် + ဆုံဆို့ + ကြက်ညှာ
• Varicella ဝက်သက်
• Human papillomavirus (HPV) Female ကြွက်နို့ (မ)
• Human papillomavirus (HPV) Male  ကြွက်နို့ (ကျား)
• Zoster ရေယုံ
• Measles, mumps, rubella (MMR) ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက်
• Pneumococcal 13-valent conjugate (PCV13) နူမိုကော်ကယ်
• Pneumococcal polysaccharide (PPSV23) နူမိုကော်ကယ်
• Meningococcal ဦးနှောက်မြှေးရောင်
• Hepatitis A အသည်းရောင် အေ
• Hepatitis B အသည်းရောင် ဘီ
• Haemophilus influenzae type b (Hib) ဟေမိုးဖီးလပ်စ်

- ဒီမှာက လူကြီးတွေလည်း ကာကွယ်ဆေးတွေထိုးရတယ်။ Mediaid ခေါ်တဲ့ ကျန်းမာရေးထောက်ကူချက် ရထားသူတွေ ကတော့ ကိုယ်တိုင်ပိုက်ဆံမပေးရပါ။ Mediaid ကနေပေးမယ်။ ကနေ့ထိုးတာဆိုရင် ဒေါ်လာ ၅ဝ ကျတယ်။ ကာကွယ်ဆေး အားလုံးစုံဆိုရင် ထောင်ဂဏန်းပေးရမှာ။
- ကနေ့မှာပဲ ကာကွယ်ဆေးထိုးပြီးတော့ မျက်စိအတွင်းတိမ်ခွဲထားတာကို ထပ်ပြရတယ်။ ကောင်းနေပြီ။ နောက် ၆ လနဲ့ ၁ နှစ်မှသာလာပြပါတဲ့။ တနှစ်နေမှလာမယ်လို့ ပြောထားခဲ့ပါတယ်။
- မျက်မှန်အသစ် လုပ်စရာ ရေးပေးထားတာ မလုပ်အားသေးပါ။ Mediaid ကနေ လွှမ်းခြုံမှုရှိတဲ့ဆီသွားရမယ်။ မဟုတ်ရင် ၂ဝဝ-၃ဝဝ ကျမယ်။ မျက်မှန်က အဝေးကြည့်နဲ့ ကားမောင်ဘို့သာလိုမှာပါ။ ကွန်ပြူတာသုံးတာတော့ အရင်လိုပဲ ဘာမှ မလိုဘူး။ မျက်စိခွဲတုံးက ဖေ့စ်ဘွတ်ကနေ ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
- ကနေ့သွားရတဲ့ နှစ်နေရာလုံးကို မိတ်ဆွေတဦးစီကနေ လိုက်ပို့ပေးကြတယ်။ တယောက်က ဗမာ၊ တယောက်ကကရင်။ အများကြီး ကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...