Headmaster ကျောင်းအုပ်ကြီးပြောင်းပါတော့ဗျို့

• ကျွန်တော်တို့တိုင်းပြည်မှာ အဖေရင်းမရှိကတည်းက အခုလိုဟာတွေ ဖြစ်လာခဲ့တာပေါ့ဗျာ။
• ဒီမတ်လမှာ တိုင်းပြည်ရဲ့ဖခင်ဟာ ဖက်ဆစ်ဂျပန်တွေကို စပြီးတော်လှန်ပါတယ်။ တပေါင်းလရဲ့သရုပ်သကန်၊ ဥသြငှက်သံနောက်ခံမှာ ဗိုလ်ချုပ်ဟာ ဂျပန်ကိုစစ်ကြေညာခဲ့တာပါ။

• ဥပမာလေး ပေးပါအုံးမယ်။ ကျောင်းတကျောင်းမှာ စာအသင်အပြတော်တဲ့ဆရာဆရာမ ပင်စင်ယူသွားလို့ဖြစ်ဖြစ်၊ ပြောင်းသွားလို့ဖြစ်ဖြစ် မရှိတော့တဲ့အခါ အစားထိုးလာတဲ့ဆရာဆရာမက အဲလောက်မတော်ပေမယ့် ကျောင်းရဲ့ဂုဏ်က ချက်ချင်းတော့ ကျမသွားသေးဖူးတဲ့။
• အဲလိုပါပဲ၊ ဗိုလ်ချုပ်ကျဆုံးပြီးနောက် တိုင်းပြည်ဟာ ဆယ်နှစ်လောက်အထိတော့ မဆိုးသေးပါ။

• ကျွန်တော်တို့အဖြစ်က တောရွာကစာသင်ကျောင်းနဲ့တူနေတယ်။ ရွာမှာ ကျောင်းလေးကလည်း တကျောင်းထဲရှိ။ နောက်ရောက်လာတဲ့ ဆရာကြီးကစာသင်မတော်။ လက်လက်ပေါ်မှာ ကလေးတွေက စာကောင်းကောင်းမတတ်ကြ။ မိဘတွေကလည်း စိတ်ဆင်းရဲရ။ ရွေးစရာလမ်းကလည်းမရှိကြ။
• သူ့မကောင်းဖူးပြောလေလေ ကျောင်းအုပ်ကြီးက ကလေးတွေကိုရိုက်လေလေ။ ဆိုးလိုက်တဲ့ဆရာကြီးနှယ် ပင်စင်သက် ပြည့်တာတောင် အလုပ်ကမထွက်ဖူးလုပ်နေတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး