Rapid blood test to cut antibiotic use

သွေးစစ်နည်းနဲ့ ပဋိဇီဝဆေးသုံးစွဲမှုကို လျှော့ချနိုင်မည်

အသစ်တီထွင်လိုက်တဲ့ သွေးစစ်နည်းကနေ ကူးစက်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာလား၊ ဗက်တီးရီးယားကြောင့် ဖြစ်တာလားကို သိနိုင်ပါလိမ့်မယ်။ ဗက်တီးရီးယားဆိုမှသာ ပဋိဇီဝ ပိုးသေဆေးတွေပေးရပါတယ်။ သွေးစစ်တာ ၂ နာရီသာ ကြာမယ်လို့ အစ္စရေးလ်မှာရှိတဲ့ Plos One သုတေသနဆရာဝန်တွေက ပြောလိုက်တာဖြစ်ပါတယ်။ သုံးနေတဲ့ စမ်းသပ်နည်းတွေက ရက်ကြာတယ်။ တခါတလေ ပိုးမွေးယူနေရရင် ပိုတောင်ကြာသေးတယ်။ အဲလိုသိလာရင် ပိုးသေဆေးတွေကို မလိုအပ်ပဲပေးတာကို ရှောင်ရှားနိုင်ပါမယ်။ အခုထိတော့ သိပ်ကြီး တိတိကျကျလုပ်တော့မရသေးလို့ ဆရာဝန်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကလည်း အရေးကြီးပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး