Myanmar warplane kills four in China's Yunnan province
• တရုပ်ပြည် ယူနန်ဒေသမှာ မြန်မာစစ်လေယာဉ်ကနေချတဲ့ဗုံးကြောင့် တရုပ်လေးယောက် သေဆုံးသွားတယ်လို့ တရုပ်အစိုးရမီဒီယာ ဆင်ဝှာက ဆိုလိုက်ပါတယ်။
• ကြံစိုက်ပျိုးတဲ့ လင်ချန်းမြို့မှာ အလုပ်သမားလေးယောက်သေပြီး၊ ၉ ယောက်ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
• ဒိအရင် တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တရုပ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ဗုံးတွေ ကျည်ဆံတွေ နယ်စပ်ကျော်ပြီးကျတယ်လို့ ပြောထားခဲ့ပါသေးတယ်။
• ဖေဖေါ်ဝါရီ ၉ ရက်ကတည်းက ဖြစ်နေတဲ့စစ်ပွဲတွေကြောင့် မြန်မာပြည်ကဒုက္ခသည် ၃ သောင်းကျော်လည်း ယူနန်နယ်ထဲကို ဝင်လာကြတယ်။
• သောကြာနေ့မှာ တရုပ်နိုင်ငံခြားရေးဒုဝန်ကြီး Liu Zhenmin လီဇန်မင်းက မြန်မာသံအမတ်ကြီး ဦးသစ်လင်းဦးကို ဆင့်ခေါ်ပြီး သတိပေးခဲ့တယ်။ ပြင်ပြင်ထန်ထန် ရှုံ့ချပြီး၊ စုံစမ်းစစ်ဆေးမှုသေချာလုပ်ဖို့နဲ့ ထိရောက်တဲ့လုပ်ဆောင်မှုတွေလုပ်ဖို့၊ ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူဖို့ သတိပေးတာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၅
- See more at: http://www.straitstimes.com/news/asia/east-asia/story/myanmar-warplane-kills-four-chinas-yunnan-province-xinhua-20150314#sthash.i2wRJXyG.dpuf

Comments
Post a Comment